နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကြိုးကြာနီတို့ကိုတကျော့ပြန်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့တဲ့အကြောင်းအရင်း(၅)ခု

၂၀၁၈-၂၀၁၉ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်အပါအ၀င်ယူအီးအက်ဖ်အေစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ရရှိခဲ့တဲ့လစ်ဗာပူးလ်ဟာ၂၀၂၀ခုနှစ်ထဲမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ကြိုးကြာနီတွေရဲ့တကျော့ပြန်အောင်မြင်မှုကတော့လက်ဖျားခါလောက်ပါတယ်။ တစ်ချိန်က အဂ်လန်ရဲ့ဂုဏ်ဆောင်အသင်းလို့သတ်မှတ်ခံခဲ့ရတဲ့လစ်ဗာပူးလ်ကတော့နှစ်၃၀ကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတကျော့ပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့၂၀၁၂ခုနှစ်နောက်ပိုင်းဖလားလက်မဲ့ရာသီ‌တွေကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ဖလားအပါအ၀င်ဖလား‌၄လုံးရရှိပြီးဥရောပဘောလုံးဇာတ်ခုံပေါ်ကိုတဟုန်ထိုးပြန်တက်လာနိုင်ခြင်းရဲ့အဓိကအချက်တွေကိုပြန်ကြည့်မယ်ဆိုရင်…။
 
၁။နည်းပြ (ဂျာဂျင်ကလော့ပ်)

၂၀၀၅ခုနှစ်ချန်ပီယံလိဂ်ဖလားရခဲ့ပြီးတဲ့နောက်ပိုင်းလစ်ဗာပူးတို့ထိပ်သီးလေးသင်းစာရင်း၀င်ရုံသာ၀င်ခဲ့ပြီးပြိုင်ပွဲစုံမှာအောင်မြင်မှုတွေနဲ့ဝေးကွာခဲ့ပါတယ်။မန်စီးတီး၊စပါးတို့လိုအသင်းတွေကငွေကြေးအင်အားနဲ့ပြုပြင်ပြောင်းလဲမှုတွေစတင်တဲ့အချိန်မှာတော့လစ်ဗာပူးလ်တို့ပရီးမီးယားလိဂ်မှာအဆင့်၆,၇,၈နေရာတွေကနေရာသီသိမ်းခဲ့ရတဲ့အထိခက်ခက်ခဲခဲရုံးကန်ခဲ့ရပါတယ်။ဘင်နီတက်ဇ်နဲ့၂၀၀၅ခုနှစ်မှာချန်ပီယံလိဂ်ဖလားရပြီးတဲ့နောက်လစ်ဗာပူးလ်တို့ရဲ့နေ၀င်ချိန်ရောက်ခဲ့တယ်လို့ဆိုရမှာပါ။နည်းပြနေရာအတွက်ရွိုင်းဟော့ဆန်၊ကင်နီဒဲဂလစ်ရှ်၊ဘရန်ဒန်ရော်ဂျာတို့ကိုပြောင်းလဲခန့်အပ်ခဲ့ပေမယ့်လစ်ဗာပူးလ်ကိုဘယ်သူမှမကယ်တင်နိုင်ခဲ့ကြပါဘူး။၂၀၁၅ခုနှစ်မှာတော့ဒေါ့မန်ကိုဥရောပထိပ်သီးအသင်းအဖြစ်ပြန်လည်အသက်သွင်းပေးခဲ့တဲ့ဂျာဂျင်ကလော့ပ်ကိုနည်းပြတာ၀န်‌ပေးအပ်ခဲ့ပါတယ်။ဒါဟာလစ်ဗာပူးလ်အသင်းတာ၀န်ရှိသူတွေရဲ့အမှန်ကန်ဆုံးလုပ်ရပ်တစ်ခုဖြစ်ပြီးအသင်းကိုပြန်လည်‌တည်ဆောက်ဖို့ကလော့ပ်ကိုယုံကြည်မှုအပြည့်နဲ့အချိန်ပေးခဲ့ကြပါတယ်။ကလော့ပ်ဟာဂျာမန်ကလပ်မှာစွမ်းဆောင်ခဲ့သလိုပဲလစ်ဗာပူးလ်ကိုလည်းတစ်ဆင့်ချင်းတစ်နှစ်ချင်းစိတ်ရှည်ရှည်နဲ့တည်ဆောက်ခဲ့တာပါ။စတင်တင်ကိုင်တွယ်တဲ့ပထမရာသီမှာအဆင့်၈နေရာပဲရခဲ့လို့ပရိသတ်တွေရဲ့ဝေဖန်မှုတွေခံခဲ့ရပေမယ့်အသင်းတာ၀န်ရှိသူတွေကလည်းအခွင့်အရေးတွေထပ်ပေးခဲ့ပါတယ်။၂၀၁၆နဲ့၂၀၁၇မှာတော့လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် မှာအဆင့်၄နေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပြီးချန်ပီယံလိဂ်၀င်ခွင့်လည်းပြန်ရခဲ့ပါတယ်။အဲ့နောက်၂၀၁၇ခုနှစ်ချန်ပီယံလိဂ်မှာဗိုလ်လုပွဲထိတက်ခဲ့ပေမယ့်စပိန်ထိပ်သီးရီးရဲမက်ဒရစ်ကိုရှုံးနိမ့်ခဲ့လို့ဒုတိယနဲ့ပဲကျေနပ်ခဲ့ရပါတယ်။၂၀၁၈ခုနှစ်မှာတော့လီဗာပူးတို့အောင်ပွဲခံနိုင်ခဲ့ပြီး၆ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုကိုင်မြှောက်ခွင့်ရခဲ့ပါတယ်။ကလော့ပ်ရဲ့စွမ်းဆောင်ရည်ကတော့လက်ရှိမှာကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးအဖြစ်သတ်မှတ်ခံထားရပြီးကလပ်အသင်းအများစုကခေါ်ယူဖို့အချိန်တိုင်းစိတ်၀င်စားခြင်းခံ‌နေရပါတယ်။ဒါ့ကြောင့်လစ်ဗာပူးလ်တကျော့ပြန်ဆုဖလားအောင်မှုရယူနိုင်ခဲ့ခြင်းရဲ့အဓိကအကျဆုံးအချက်အဖြစ်နည်းပြဂျာဂျင်ကလော့ပ်ကိုရွေးချယ်ရတာဖြစ်ပါတယ်။

လစ်ဗာပူးလ်တို့ပရီးမီးယားလိဂ်ဖလားအပါအ၀င်ဖလား‌၄လုံးရရှိပြီးဥရောပဘောလုံးဇာတ်ခုံပေါ်ကိုတဟုန်ထိုးပြန်တက်လာနိုင်
နှစ်ကြိမ်ဆက်ဖိုင်နယ်တက်ခဲ့ပြီး၂၀၁၈/၁၉ခုနှစ် ချန်ပီယံလိဂ်ချန်ပီယံဖြစ်ထားတဲ့လစ်ဗာပူးလ်

၂။ကော်တင်ဟိုကို စံချိန်တင်ပေါင်၁၄၂သန်းနဲ့ရောင်းထုတ်လိုက်ခြင်း

ဒီအချက်ဟာလစ်ဗာပူးတို့ဆုဖလား၄လုံးရရှိခြင်းမှာအရေးပါဆုံးအချက်ပါ။ရာစုနှစ်ရဲ့အပြောင်မြောက်ဆုံးအပြောင်းအရွှေ့လို့တောင်တင်စားရတဲ့ဘာစီလိုနာအသင်းဆီဘရာဇီးလ်သားကော်တင်ဟိုကိုရောင်းထုတ်မှုဟာအသင်းအတွက်အကျိုးအမြတ်တော်တော်လေးရခဲ့ပါတယ်။ကော်တင်ဟိုရောင်းရ‌ငွေကိုတစ်ဖက်မှာဗန်ဒိုက်၊အယ်လီဆွန်တို့လိုကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးကိုခေါ်ယူဖို့ပြန်လည်အသုံးနိုင်ခဲ့လို့လစ်ဗာပူးလ်တို့တန်တာထက်ပိုပြီးအမြတ်ထွက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။အသင်းကောင်းတစ်သင်းဆိုတာ ခံစစ်တောင့်တင်းရမယ်ဆိုတဲ့အချက်ကိုကောင်းကောင်းနားလည်တဲ့ဂျာဂျင်ကလော့ပ်ဟာနောက်တန်းခံစစ်နဲ့ဂိုးပေါက်အတွက်ထိပ်တန်းကစားသမားတွေကိုဖြည့်တင်းခဲ့ဝာာဖြစ်ပြီးဗန်ဒိုက်ဟာဘယ်လွန်ဒေါဆုစကာတင်စာရင်း၀င်ခဲ့သလိုယူအီးအက်ဖ်အေရဲ့အကောင်းဆုံးကစားသမားဆုလည်းရရှိခဲ့ပါတယ်။ဂိုးသမားဖြစ်တဲ့ အယ်လီဆွန်ဟာလည်းအကောင်းဆုံးဂိုးသမားဆုတွေတစ်သီတစ်တန်းရရှိပြီးဖြစ်ပါတယ်။
 
၃။ကမ္ဘာ့အဆင့်နောက်ခံလူများထပ်မံပိုင်ဆိုင်လိုက်ခြင်း

ကစားသမား၀ယ်ယူမှုအပိုင်းကိုကြည့်မယ်ဆိုရင်လည်းဂျာဂျင်ကလော့ပ်ဟာအကွက်‌ကျဒေါင့်စေ့ပြီးသူခေါ်ယူခဲ့တဲ့အထဲမှာအသင်းနဲ့အံမ၀င်တဲ့ကစားသမားဒါမှမဟုတ်ခြေစွမ်းလုံး၀မပြနိုင်တဲ့ကစားသမားခပ်ရှားရှားပါ။ရှက်ကွီရီလိုအသက်ကြီးတဲ့ကစားသမားမျိုးကိုတောင်လိုအပ်ရင်လိုအပ်တဲ့အချိန်ထုတ်သုံးပြီးအကျိုးရှိရှိအသုံးချတတ်တာကလော့ပ်ရဲ့အားသာချက်ဖြစ်ပါတယ်။လစ်ဗာပူးလ်အတွက်နောက်ထပ်အားရစရာအချက်တစ်ချက်ကတော့ဖျက်ထုတ်ကာကွယ်ဖို့တင်မကပဲလိုအပ်ရင်ဂိုးပါ‌သွင်းပေးနိုင်တဲ့နောက်ခံလူနှစ်ဦးပိုင်ဆိုင်ခဲ့ရပါတယ်။လစ်ဗာပူးလ်အကယ်ဒမီထွက်အလက်ဇန်းဒါးထရန့်အာနိုးနဲ့ဟူးလ်စီးတီးကနေ၉သန်းနဲ့ခေါ်ယူခဲ့တဲ့အန်ဒရူးရောဘတ်ဆန်တို့ဟာလစ်ဗာပူးလ်တို့ဖလား၄လုံးလမ်းကြောင်းမှာအရေးပါတဲ့နေရာကပါ၀င်ခဲ့တယ်ဆိုတာပွဲတွေ ပြန်ကြည့်ရင်သိနိုင်ပါတယ်။အသက်ငယ်ပေမယ့်တည်တည်ငြိမ်ငြိမ်နဲ့လစ်ဗာပူးလ်ခံစစ်ကိုဗန်ဒိုက်နဲ့တွဲပြီးထိန်းကြောင်းထားနိုင်ပါတယ်။
 
၄။ကမ္ဘာ့အဆင့်တိုက်စစ်မှူးများရောက်ရှိလာခြင်း

၂၀၁၅-၂၀၁၆ဘောလုံးရာသီမှာဘရာဇီးလ်သားဖေမီနိုကိုဟော့ဖန်ဟိန်းကနေခေါ်ယူလိုက်ပြီးနောက်ရာသီမှာတော့ဆောက်သမ်တန်ကမာနေးထပ်မံရောက်ရှိလာပါတယ်။အဲ့နောက်၂၀၁၇-၂၀၁၈မှာတော့ချဲလ်ဆီးရဲ့အပယ်ခံတိုက်စစ်မှူးဟောင်းမိုဆာလက်ကိုရိုးမားကနေပေါင်၄၂သန်းထိပေးပြီးခေါ်ယူခဲ့ပါတယ်။ချဲလ်ဆီးမှာပွဲထွက်ခွင့်မရလို့ရိုးမားမှာအငှားသွားကစားနေချိန်မထင်မှတ်ပဲထိပ်တန်းကစားသမားတစ်ယောက်ရဲ့ခြေစွမ်းပြန်ရခဲ့တဲ့ဆာလက်ဟာလစ်ဗာပူးလ်အတွက်အဓိကသွင်းဂိုးတော်တော်များများသွင်းယူပေးခဲ့ပြီးတော့အခုဆိုရင်၁၆၃ပွဲကစားပြီးသွင်းဂိုး၁၀၀ပြည့်မြောက်ခဲ့ပါပြီ။ဖေမီနိုကတော့ပွဲပေါင်း၂၆၆ပွဲကစားထားပြီး၈၆ဂိုးသွင်းထားသလိုဆာဒီယိုမာနေးကတော့၁၈၆ပွဲကစားပြီး၈၅ဂိုးသွင်းယူထားပါတယ်။အခုကစားသမား၃ဦးကိုတော့ဥရောပရဲ့အကောင်းဆုံးတိုက်စစ်အတွဲလို့သတ်မှတ်ထားကြပြီးတော့အရန်လူစာရင်းမှာအိုရီဂီ၊ရှက်ကီရီတို့ရှိပါသေးတယ်။ကွင်းလယ်အတွက်၀စ်ဂ်ျနယ်ဒမ်ကိုခေါ်ယူခဲ့တာဟာလည်းမှန်ကန်တယ်လို့ပြောနိုင်ပါတယ်။အဲ့ဒီနောက်မှာ ဘရာဇီးလ်သားဖာဘင်ဟိုနဲ့လိုက်ပ်ဇစ်ကခေါ်ယူခဲ့တဲ့နေဘီကီတာတို့ကြောင့်ကွင်းလယ်ပိုင်းလည်းပိုတောင့်တင်းသွားပြီး ပရီးမီးယားလိဂ် မှာပြိုင်ဘင်ကင်းထိပ်ဆုံးကရပ်တည်ပြီးရမှတ်၉၉မှတ်နဲ့ချန်ပီယံဖြစ်ခဲ့ပါတယ်။

 

၅။ဂျော်ဒန်ဟန်ဒါဆင်

ဂျော်ဒန်ဟန်ဒါဆင်ဟာလစ်ဗာပူးလ်အသင်းမှာ၂၀၁၁ခုနှစ်ကတည်းကစတင်ကစားခဲ့ပေမယ့်လူမသိသူမသိပဲရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။အဲ့ဒီ ကာလက ကွင်းလယ်မှာအသင်းခေါင်းဆောင်စတီဗင်ဂျရတ်ရဲ့လွှမ်းမိုးမှုကိုမကျော်လွန်နိုင်ခဲ့လို့မထင်ပေါ်တဲ့အပြင်ခြေစွမ်းလည်းသိပ်မပြနိုင်ခဲ့ပါဘူး။ဂျာဂျင်ကလော့ပ်စတင်ကိုင်တွယ်ချိန်မှာတော့ဟန်ဒါဆင်ကိုပွဲဦးထွက်ကစားသမားစာရင်းမှာပါထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။ဟန်ဒါဆင်အနေနဲ့ကလည်းကလော့ပ်ရဲ့ညွှန်ကြားမှုအတိုင်းတသွေမသိမ်းလိုက်နာလေ့ကျင့်ခဲ့ပြီးလက်ရှိမှာဥရောပရဲ့ အအောင်မြင်ဆုံးအသင်းခေါင်းဆောင်တွေစာရင်းမှာ၀င်သွားခဲ့ပါပြီ။အစောပိုင်းလစ်ဗာပူးလ်အသင်းမှာရုံးကန်ခဲ့ရတဲ့ဟန်ဒါဆင်အနေနဲ့စိတ်ဓာတ်ပြင်းပြပြီးဇွဲရှိရှိနဲ့ကြိုးစားတတ်တဲ့ကစားသမားဖြစ်လို့တခြားသူတွေမရနိုင်တဲ့တစ်ဦးချင်း အောင်မြင်မှုစံချိန်တွေရရှိခဲ့သလိုအသင်းကိုလည်းဥရောပထိပ်တန်းအဆင့်ထိရောက်အောင်ပြန်လည်တွန်းပို့ထားနိုင်ခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်