နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့်နှစ် ဘယ်လွန်ဒေါ ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ဖို့ မသေချာတော့တဲ့ ကစားသမား (၅) ဦး

တနင်္လာနေ့ညမှာ အားလုံး မျှော်လင့်ထားတဲ့ အတိုင်းပဲ အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီက ၈ ကြိမ်မြောက် ဘယ်လွန်ဒေါဆုကို စံချိန်တင် ဆွတ်ခူးသွားခဲ့ပြီး အခုဆိုရင် လာမယ့်နှစ်ဆု အတွက် စတင်ကြည့်ရှုဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။

လာမယ့်နှစ် ဘယ်လွန်ဒေါဆု အတွက် ၂၀၂၃-၂၀၂၄ ရာသီအတွင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ရမှာ ဖြစ်ပြီး ဒါကြောင့် ၂၀၂၄ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ပြိုင်ပွဲက စတောင် စတင်နေပြီလို့ ပြောရမှာပါ။

သေချာတာ တစ်ခု ကတော့ ဒီနှစ် ဆန်ခါတင် ၃၀ ဦး စာရင်းအတိုင်း ၂၀၂၄ ခုနှစ်မှာ မြင်တွေ့ရတော့မှာ မဟုတ်တာ ဖြစ်ပြီး ဒီလို ပြောတာက ခြေစွမ်းကျဆင်းမှုတွေရော၊ ဒဏ်ရာ ပြဿနာတွေကြောင့်ရော၊ အသက်အရွယ်ကြောင့် ခြေကျလာတာ ဒါမှမဟုတ် အနားယူသွားတာ၊ ဥရောပလိဂ် အပြင်ဘက်ကို သွားကစားတာတွေ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

ဒီအချက်တွေ အပေါ် မူတည်ပြီး လာမယ့် ၂၀၂၄ ဘယ်လွန်ဒေါဆု အတွက် ဆန်ခါတင် ၃၀ ဦး စာရင်းထဲမှာ ထပ်မံ ပါဝင်ဖွယ် မရှိတော့တဲ့ ယခုနှစ် ဆန်ခါတင် စာရင်းထဲက ကစားသမား ၅ ဦး အထိ ရှိနေပါတယ်။


၅။ ကီဗင် ဒီဘရိုင်းနား

ဘောလုံးပရိသတ်တွေ အားလုံး ဒီဘရိုင်းနားရဲ့ အရည်အသွေးကို သံသယဖြစ်ကြမှာ မဟုတ်ဘဲ ၂၀၂၃-၂၀၂၄ ရာသီ တဝက်ကျိုးခါနီး အထိ ဘယ်လ်ဂျီယမ် ကြယ်ပွင့်ရဲ့ ရင်သပ်ရှုမောဖွယ် ခြေစွမ်းတွေကို မြင်တွေ့ရခြင်း မရှိသေးပါဘူး။ ဒီဘရိုင်းနားဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဥ်မှာ ကြွက်သား ဒဏ်ရာရသွားပြီးတည်းက အခုအထိ ပြန်မကစားနိုင်သေးဘဲ လာမယ့်နှစ်လောက်မှ ပြန်ကစားနိုင်တော့မှာ ဖြစ်လို့ ဘယ်လွန်ဒေါ ဆန်ခါတင် ၃၀ ဦး စာရင်းထဲ ကနေ ဖယ်ထုတ်ရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။


၄။ ရာဆင်း ဘိုနူ

ရာဆင်း ဘိုနူဟာ ဒီနှစ် ဘယ်လွန်ဒေါ အဆင့် သတ်မှတ်ချက် ကတော့ အဆင့် ၁၃ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မော်ရိုကို အတွက် အထင်ကြီးဖွယ် ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ် ဗိုလ်စွဲခဲ့တဲ့ ဆီဗီလာ အတွက် အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့တာကြောင့် ဒီအဆင့်မှာ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘိုနူဟာ ဒီနွေမှာ ဆော်ဒီလိဂ် ကလပ် အယ်လ်ဟီလာလ်ကို ပြောင်းရွှေ့ခဲ့ပြီး လာမယ့်နှစ် ဘယ်လွန်ဒေါ ဆန်ခါတင် ၃၀ ဦး စာရင်းထဲမှာ ပါဝင်နိုင်ဖို့ အတွက် ဆိုရင် တော်တော်လေး ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးတဲ့ လိဂ် ဖြစ်ပါတယ်။ ၂၀၂၄ ယူရိုပြိုင်ပွဲက အသက် ၃၂ နှစ် အရွယ် ဂိုးသမားအတွက် အစွမ်းပြနိုင်မယ့် တစ်ခုတည်းသော နေရာ ဖြစ်ပေမယ့်လည်း မော်ရိုကိုက နောက်ပိုင်း အဆင့်တွေ အထိ ပါဝင်နိုင်ခဲ့ရင်တောင်မှ ဆန်ခါတင် စာရင်းထဲ ပါဝင်ဖို့ မလွယ်ကူပါဘူး။

ဘွန်ဒက်စ်လီဂါ
ယူနီယံ ဘာလင်
ဖရန့်ဖတ်
1X2 အိန့်ထရက် ဖရန့်ဖွတ် @ 2.66
ဂိုးပေါင်း 2.25 @ 1.86
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၃။ အန်ဒရီ အိုနာနာ

အန်ဒရီ အိုနာနာဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ အင်တာမီလန် အတွက် ထူးခြားတဲ့ လက်စွမ်းပြသခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်အောင် အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ပြီးကတည်းက ဖုန်းတစ်ဂိုးရှင် ဖြစ်လာနေတဲ့ အခြေအနေကြောင့် ရာသီအစောပိုင်းသာ ရှိနေသေးချိန်မှာတောင် ဘယ်လွန်ဒေါ ဆန်ခါတင် စာရင်းထဲမှာ ထပ်မံပါဝင်လာဖို့က တော်တော်လေး မဖြစ်နိုင်တော့ပါဘူး။


၂။ ကာရင်မ် ဘန်ဇီမာ

ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ မယုံနိုင်စရာ ကောင်းလောက်အောင် အထင်ကြီးဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၂ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ အဲဒီလို ခြေစွမ်းမျိုး တထပ်တည်း ထပ်မံပြသနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အတွက် အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ရာသီမှာ အန်ဆယ်လော့တီရဲ့ အသင်း အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၃၁ ဂိုး သွင်းယူပေးခဲ့ပြီး ဘယ်လွန်ဒေါ အဆင့် ၁၆ မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဂန္တဝင်ဟာ လက်ရှိမှာ ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်ကို ပြောင်းရွှေ့ကစားနေပြီ ဖြစ်ပြီး ဆော်ဒီမှာ ယခုရာသီ ၉ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီခြေစွမ်းဟာ လာမယ့်နှစ် ဆန်ခါတင် ၃၀ ဦး စာရင်းထဲမှာ ပါဝင်နိုင်မယ်လို့ အာမခံချက်ရရှိဖို့ အတွက် မလုံလောက်ပါဘူး။


၁။ လူကာ မိုဒရစ်

လူကာ မိုဒရစ်ဟာ ၂၀၂၃ ဘယ်လွန်ဒေါ အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်အများစု အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ မိုဒရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခရိုအေးရှား အတွက် နောက်ထပ် တစ်ကြိမ် အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ် အတွက် ပုံမှန် ခြေစွမ်းအောက်သာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ဟာ ပုံမှန် ခြေစွမ်းရနေတဲ့ အချိန်မှာ အရမ်း ကောင်းနိုင်သေးပေမယ့် အသက် ၃၈ နှစ် အရွယ် ရှိပြီ ဖြစ်တာကြောင့် ကစားသမားဘဝ နေဝင်ချိန်ကို ရောက်နေပြီ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကလည်း ကွင်းလယ်မှာ လူငယ်ကစားသမားတွေနဲ့ အသင်းဖွဲ့စည်းပုံကို စတင် ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ ခရိုအေးရှား ဂန္တဝင်ဟာ ဒီရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ် တို့မှာ ၅ ပွဲသာ ပွဲထွက် ပါဝင်ကစားခွင့် ရရှိသေးပြီး ထိပ်တန်း အဆင့်မှာ အချိန်အကြာကြီး ရှိခဲ့ပေမယ့် ဒီရာသီ ခြေစွမ်း ကတော့ အကောင်းဆုံး အချိန်တွေ ကျော်လွန်သွားခဲ့ပြီ ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်