နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုဗစ်ကာလ အလွန် အပြောင်းအလဲများစွာနဲ့ ပြန်လည်စတင်တော့မယ့် အန်ဘီအေပြိုင်ပွဲ

countdown banner

ကမ္ဘာပေါ်ကလူဦးရေ သန်းပေါင်း ၄၀၀လောက် စိတ်၀င်တစားစောင့်ကြည့်အားပေးကြတဲ့ အမေရိကန် အန်ဘီအေ ပြိုင်ပွဲကြီးဟာ လာမယ့် ဇူလိုင်လ ၃၀ရက်နေ့မှာ ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။ကိုဗစ်၁၉ကပ်ရောဂါ ဖြစ်ပွားခဲ့တာကြောင့် လပိုင်းလောက် ရပ်နားထားခဲ့ပြီးနောက် လက်ရှိမှာ‌တော့ ‌‌ဖလော်ရီဒါပြည်နယ်၊အော်လန်ဒို က ဝေါ့ဒစ်နေးဝေါ် အပန်း‌ဖြေစခန်းမှာ အန်ဘီအေပွဲစဉ်တွေ ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။
 

လက်စမ်းပွဲတွေစကစားရမယ့် အန်ဘီအေအသင်းများ

အသင်းပေါင်း ၂၂သင်းဟာ ပြန်လည်စတင်မယ့် ဇူလိုင်လ၃၀ရက်နေ့မတိုင်မီ လေ့ကျင့်ခန်းဆင်းတာနဲ့ လက်စမ်း ပွဲကျင်းပတာတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲ၀င်အသင်းတွေအနေနဲ့ ၃ပွဲစီ ကစားရမှာဖြစ်ပြီးတော့ ၃၀ရက်နေ့မှာတော့ ၂၀၁၉-၂၀၂၀ ရာသီပြိုင်ပွဲတွေ ပြန်လည်စတင်မှာပါ။ကစားချိန်အနေနဲ့လည်း ပထမဆုံးလက်စမ်းတဲ့ပွဲစဉ်တွေမှာ အန်ဘီအေအသင်းတွေအနေနဲ့ ၁၀မိနစ် ၄ပိုင်းကစားရမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ခြေစမ်းပွဲနှစ်ပွဲကိုတော့ ၁၂မိနစ်လေးပိုင်း ပြန်ကစားရမှာဖြစ်ပါတယ်။ဒီလိုကျင်းပရတဲ့ရည်ရွယ်ချင်ကတော့ ကစားသမားတွေအနေနဲ့ လေးလကျော်လောက် အနားယူထားရတာဖြစ်လို့ကြံ့ခိုင်မှု မပြည့်၀သေးတဲ့အချက်ကြောင့်အပြင် တချို့အသင်းရဲ့ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရလို့ဖြစ်ကြောင်းသိရပါတယ်။လက်ရှိအချိန်ထိလည်း ပြိုင်ပွဲကျင်းပတဲ့ပုံစံနဲ့ပတ်သတ်လို့တချို့အချက်တွေကို ဆုံးဖြတ်ချက်မချနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။ ဒိုင်လူကြီး၃ဦး အလှည့်ကျထားဖို့စနစ်နဲ့ပတ်သတ်ပြီးလည်းတာ၀န်ရှိသူတွေအနေနဲ့  တိုင်ပင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတွေအရတော့ ပြန်ပြီးကစားမယ့် ပွဲစဉ်တွေမှာတော့ ပုံမှန်ပြိုင်ပွဲကျင်းပတဲ့ပုံစံအတိုင်းကျင်းပမယ်လို့လည်း သိရပါတယ်။

ပထမဆုံးလက်စမ်းတဲ့ပွဲစဉ်တွေမှာ အန်ဘီအေအသင်းတွေအနေနဲ့ ၁၀မိနစ် ၄ပိုင်းကစားရမှာဖြစ်ပါတယ်။
ဲကျင်းပတဲ့ပုံစံအသစ်နဲ့အသားကျဖို့ လက်စမ်းပွဲတွေနဲ့စတင်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်

 

ပြိုင်ပွဲပြင်ဆင်မှုပုံစံပါပြောင်းလဲသွားတဲ့ အန်ဘီအေပြိုင်ပွဲ

တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း ပုံစံ ကို ဦးစားပေးသွားမှာ ဖြစ်ပြီးတော့ သက်ဆိုင်ရာပွဲတာ၀န်ရှိသူတွေ အပါအ၀င် ဒိုင်လူကြီးတွေနဲ့ နည်းပြ‌‌ တွေဟာ ပလပ်စတစ်တွေနဲ့ကာရံထားတဲ့ အခန်းတွေထဲမှာ ထိုင်ရမှာဖြစ်ပါတယ်။ကစားသမားတွေအတွက်ကိုလည်း တစ်ဦးနဲ့တစ်ဦးကြား ပေအနည်းငယ်ခွာထိုင်နိုင်ဖို့ ခေါက်ခုံတွေကို ၃တန်းစီ ပြင်ဆင်ထားပါတယ်။ရုပ်သံရိုက်ကူးသူ‌ တွေအနေနဲ့ အရင်က ကွင်းဘေးမှာရိုက်ကူးခွင့်ရပေမယ့် လက်ရှိပုံစံသစ်အရ ကွင်းအပြင်ဘက် ပေတော်တော်အကွာကနေ ရိုက်ကူးရမှာဖြစ်ပါတယ်။ ကွင်းလယ်မှာ‌တော့ Black Lives Matter (လူမည်းဘ၀ကအရေးပါတယ်)ဆိုတဲ့ စာကြောင်းကို ဖော်ပြထားပါတယ်။ကွင်းတွေကတော့ ဝေါ့ဒစ်နေးဝေါ် အပန်း‌ဖြေစခန်းမှာရှိတဲ့ Visa Athletic စင်တာ၊HP Fields House ၃နေရာမှာကျင်းပမှာဖြစ်ပြီးတော့ ကစားသမားတွေအတွက်လည်း၃လကြာနေထိုင်စားသောက်ရေးအတွက်ပါပြင်ဆင်ထားသလို ပြိုင်ပွဲကျင်းပစီစဉ်ရေး အဖွဲ့ကိုလည်း ‌ငှားရမ်းထားပါတယ်။ပြိုင်ပွဲ၀င်အသင်းတွေအနေနဲ့ကစားသမား၁၇ဦးထိ ခေါ်လာနိုင်ပြီး အဲ့ထဲကမှ ၁၄ဦးကနေ၁၅ဦးထိ အန်ဘီအေစံနှုန်းစာချုပ် နဲ့ ကိုက်ညီရမယ်လို့သိရပါတယ်။ဒါပေမယ့် နိုင်ငံတော်သီချင်းဖွင့်တာတွေ၊ပွဲမစခင်မိတ်ဆက်တဲ့အစီအစဉ်တွေနဲ့ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အစီအစဉ်တွေလည်း ပါ၀င်လာဖို့မရှိပါဘူး။
 

ပြန်စတော့မယ် အန်ဘီအေပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေတဲ့ လီဘရွန်ဂျိမ်းစ်

၂၀၁၁၁ခုနှစ်ကစလို့ အန်ဘီအေ ဖိုင်နယ်ကို ၈ကြိမ်ဆက်ကစားထားခဲ့တဲ့ နာမည်ကျော်ကစားသမား လီဘရွန်ဂျိမ်းစ်ကတော့ ပွဲတွေပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။လီဘရွန်ဂျိမ်းစ်က ၂၀၂၀ခုနှစ်မှာ ပုံမှန်ဆိုတဲ့အရာဘာမှမရှိဘူးလို့ ပြောကြားလိုက်ပြီး သူ့အနေနဲ့ အောင်မြင်မှုတွေထပ်ပြီးယူနိုင်ဖို့ မျှော်မှန်းနေတယ်ဆိုတာကို ပြသလိုက်တာပါ။လက်ရှိ လက်ရှိ အဲလ်အေလိတ်ကာ အသင်းအနေနဲ့ မြောက်ပိုင်းရဲ့အမှတ်ပေးဆီဒင် နံပါတ်၁နေရာမှာရှိနေပေမယ့် လိဂ်အရပြန်ကြည့်ရင်တော့ အရှေ့ပိုင်းက ဆီဒင် နံပါတ်၁မီဝေါကီဘက်စ် အသင်းရဲ့ အောက်မှာရှိနေပါတယ်။အန်ဘီအေပွဲစဉ်တွေဟာ အခုမှပြန်လည်စတင်တာဖြစ်လို့ ပုံမှန်ပွဲတွေကစားရဦးမှာဖြစ်ပါတယ်။အ‌ရှေ့ပိုင်းက ထိပ်ဆုံး၈သင်းနဲ့ မြောက်ပိုင်းက ရှစ်သင်းတို့ ရှုံးထွက်ကစားပြီးနောက်ဆုံးမှာတော့ အန်ဘီအေဖိုင်ပွဲကစားရမှာဖြစ်ပါတယ်။အဲလ်အေလိတ်ကာ အသင်းကတော့ အန်ဘီအေမှာ အောင်မြင်ဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီး အန်ဘီအေ ချန်ပီယံရှစ် ၁၆ကြိမ်၊ပစိဖိတ်ချန်ပီယံ ၂၃ကြိမ်၊မြောက်ပိုင်းချန်ပီယံ ၃၁ကြိမ်ထိရရှိထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်