နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တက်ဖ်မောမှာဂန်းနားတို့ အနိုင် ၃ မှတ် ယူမယ့်ပွဲ | ဘန်လေ – အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘန်လေ – အာဆင်နယ်

အခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်၅မှာတော့အာဆင်နယ်တို့ဘန်လေရဲ့တက်ဖ်မောကိုသွားရောက်ကစားဖို့ရှိနေပြီးအမှတ်လိုနေတဲ့အာဆင်နယ်အတွက်သေချာပေါက်အနိုင်ကစားရမယ့်ပွဲလည်းဖြစ်ပါတယ်။

ဘန်လေဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်၇ပွဲမှာသရေ၁ပွဲသာရှိပြီး၆ပွဲအထိရှုံးနိမ့်ထားတဲ့အသင်းဖြစ်ပါတယ်။အဲ့ဒီ၇ပွဲမှာသွင်းဂိုး၃ဂိုးသာရရှိခဲ့ပြီးပေးဂိုးကလည်း၁၆ဂိုးအထိရှိထားပါတယ်။လက်ရှိအမှတ်ပေးဇယားအဆင့်၁၈နေရာမှာရပ်တည်နေပြီးနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း၁၃ပွဲဆက်တိုက်နိုင်ပွဲ‌ ပျောက်ဆုံးခဲ့တဲ့ဘန်လေရဲ့ ‌လက်ရှိခြေစွမ်းဟာအသင်းတိုင်းကိုယှဉ်ကစားဖို့ခက်နေတဲ့အခြေအနေမှာရှိပါတယ်။ဒဏ်ရာရ/ပွဲပယ်စာရင်းမှာတော့ကော်နာရောဘတ်စ်၊စတီဖန်စ်၊ကီဗင်လောင်း၊ကိုလ်လင်းန်တို့ရှိနေပေမယ့်အဓိကပွဲထွက်ကစားသမားတော်တော်များများပါ၀င်ကစားနိုင်မယ့်အနေအထားမှာရှိနေပါတယ်။

အာဆင်နယ်ကတော့ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာနိုင်ပွဲပြန်ရခဲ့ပေမယ့်လည်းအသင်းရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သတ်လို့တော့ပရိသတ်တွေကအယုံအကြည်သိပ်မရှိသေးတဲ့ပုံပါပဲ။တကယ်တမ်းမှာလည်းအာဆင်နယ်တို့လူပြန်စုံပြီးနောက်ပိုင်းခံစစ်ကစားပုံကျစ်လစ်လာပေမယ့်တိုက်စစ်က၄ပွဲကစားအပြီး၁ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ဒါကြောင့်ဘန်လေကိုအဝေးကွင်းမှာသွားကစားရမယ့်အာဆင်နယ်တို့အနိုင်၃မှတ်လိုချင်တယ်ဆိုရင်တိုက်စစ်ကမဖြစ်မနေဂိုးသွင်းနိုင်ဖို့တော့လိုအပ်ပါတယ်။ဒါ့အပြင်အရင်လိုကြားရက်မှာဥရောပပွဲမကစားထားတဲ့အာဆင်နယ်တို့လေ့ကျင့်ချိန်ပိုရထားပါတယ်။နောက်ဆုံးသတင်းတွေအရဆိုရင်ချာကာ၊ဟိုးလ်ဒင်းနဲ့အဲလ်နီနီတို့၃ဦးပဲလွဲချော်မယ်လို့သိရပြီးကျန်အဓိကကစားသမားတော်‌တော်‌များများပွဲထွက်လူစာရင်းမှာပါ၀င်လာမယ့်အခြေအနေမှာရှိနေပါတယ်။မီခယ်အာတေးတားရဲ့အသင်းကအခုပွဲမှာသာအနိုင်ရရှိခဲ့မယ်ဆိုရင်အတိုင်းအတာတစ်ခုအထိအမှတ်ပေးဇယားအထက်ပိုင်းကိုတက်လှမ်းလာနိုင်မှာဖြစ်လို့ကျိန်းသေပေါက်အားထည့်ကစားလာမှာကတော့သေချာပါတယ်။အာတေးတားရဲ့လူထုတ်ပုံနဲ့နည်းစနစ်ပိုင်းလွဲချော်မှုမရှိပါစေနဲ့လို့ပဲဆုတောင်းရမှာဖြစ်ပါတယ်။ဘယ်လိုပဲဘန်လေတို့ခြေကျနေတယ်ဆိုပါစေကစားပုံမာကျောပြီးတွန်းတွန်းတိုက်တိုက်ကစားတတ်တဲ့အသင်းဖြစ်လို့အာဆင်နယ်တို့သတိထားဖို့တော့လိုအပ်ပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဘန်လေဟာနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာသရေ ၁ ပွဲသာရှိပြီး ၆ ပွဲအထိရှုံးနိမ့်ထားတဲ့ အသင်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်နောက်ဆုံး၇ပွဲမှာ၁ပွဲသရေကျပြီး၆ပွဲရှုံးထားတဲ့ဘန်လေ

အာဆင်နယ်ဟာဘန်လေနဲ့နောက်ဆုံး၅ကြိမ်တွေ့ဆုံခဲ့ရာမှာ၂ကြိမ်နိုင်၊၂ကြိမ်သရေ၊၁ကြိမ်ရှုံးနိမ့်ထားလို့ဘန်လေဟာအာဆင်နယ်အတွက်လျော့တွက်လို့မရတဲ့အသင်းဆိုတာသေချာပါတယ်။ဒါ့အပြင်နောက်ဆုံး၂ကြိမ်ဆက်တက်ဖ်မောမှာအာဆင်နယ်တို့သရေပဲကစားနိုင်ခဲ့တာကိုလည်းမေ့ထားလို့မရပါဘူး။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘန်လေ – အာဆင်နယ် 1X2 အာဆင်နယ် @ 1.95
စက်တင်ဘာလ၁၈ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၃.၈၀ ဆ၊ဧည့်သည်အသင်းအတွက်က ၁.၉၅ ဆနဲ့သရေအတွက် ၃.၆၀ ဆကြေးဖွင့်ထားပါတယ်။ရှေ့ပွဲတွေမှာအာဆင်နယ်တို့ဘယ်လိုပဲရလဒ်တွေဆိုးရွားနေခဲ့ပါစေလက်ရှိလူစာရင်းအရတော့ရှုံးနိမ့်ဖို့မပြောနဲ့သရေတောင်မကျသင့်တဲ့ပွဲလို့ပဲဆိုချင်ပါတယ်။အနိုင်၃မှတ်မရရအောင်ရှာမယ့်အာဆင်နယ်ကိုပဲအပြည့်အ၀ယုံကြည်ထားချင်ပါတယ်။တိုက်စစ်ကအနည်းငယ်အားနည်းနေသေးတဲ့အတွက်တော့သွင်းဂိုးအနည်းနဲ့ပဲအာဆင်နယ်တို့အနိုင်ရသွားဖို့များပါတယ်။ခန့်မှန်းရလဒ်၀-၂လောက်နဲ့ပွဲပြီးသွားဖို့များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်