နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဘက်ဘက်က တက်ရိပ်ပြနေတဲ့ အာဆင်နယ် အတွက် သေချာနေတဲ့ အနိုင် ၃ မှတ် | အာဆင်နယ် – ဝက်ဖို့ဒ် (ပရီးမီးယားလိဂ် ကြိုသုံးသပ်ချက်)

အာဆင်နယ် – ဝက်ဖို့ဒ်

ပရီးမီးယားလိဂ် မှာ တောက်လျောက် ရလဒ်တွေ ကောင်းနေတဲ့ အာဆင်နယ်တို့ အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ဝက်ဖို့ဒ်ကို အန်းမရိတ်စ် ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ နည်းပြသစ် ရာနီယေးရီ လက်အောက်မှာ ပုံမှန်ခြေစွမ်း ရဖို့ ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ်တို့ အာဆင်နယ်ကွင်းမှာ ဘယ်လောက် အတိုင်းအတာ အထိ စွမ်းဆောင်ပြနိုင်မလဲ ဒါမှမဟုတ် ပုံစံကောင်း ရနေတဲ့ အာဆင်နယ် ကပဲ အလွယ်တကူ နိုင်ပွဲ ရှာဖွေသွားနိုင်မှာလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ ပြိုင်ပွဲစုံ ၉ ပွဲမှာ ၇ ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်တဲ့ အာဆင်နယ် အတွက်တော့ ဝက်ဖို့ဒ်ဟာ လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်နေပါလိမ့်မယ်။ ကွင်းလယ်လူ ဂရန်းနစ် ချာကာ ဒဏ်ရာရသွားပြီး နောက်ပိုင်း ၄-၄-၂ ကစားကွက်ကို ပြောင်းလဲ အသုံးပြုနေတဲ့ မီခယ် အာတေးတားရဲ့ အသင်းက တစ်ပွဲထက် တစ်ပွဲ ကစားပုံ တည်ငြိမ်လာတာ တွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာတေးတား စိတ်ကူး ပုံဖော်နေတဲ့ အာဆင်နယ်ကို ကြည့်ရတာ အားရစရာ ကောင်းလာတယ်လို့ ဆိုရမှာ ဖြစ်ပြီး ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် တဖြည်းဖြည်း အမှားနည်းလာတာက ဂန်းနား ပရိသတ်တွေ အတွက်လည်း တကယ့်ကို အားတက်စရာ အခြေအနေပဲ ဖြစ်ပါတယ်။ အကောင်းဆုံး ပုံစံ မရသေးရင်တောင် အမှားနည်းနေတာကြောင့် အာဆင်နယ်တို့ ရသင့်တဲ့ အမှတ်တွေ ရနေတာလို့ ဆိုရပါမယ်။ အခုပွဲမှာတော့ အာဆင်နယ်မှာ ဂရန်းနစ်ချာကာ အပြင် တီယာနီ၊ ပါဘလို မာရီတို့ ဒဏ်ရာ ပြသနာတွေ ကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဝက်ဖို့ဒ်ရဲ့ ခြေစွမ်း ကတော့ လက်တလောမှာ တော်တော်လေး ပြောရခက်ပါတယ်။ ရာနီယေးရီ လွှဲပြောင်း ကိုင်တွယ်ခဲ့ချိန် ကစလို့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားထားပြီး လစ်ဗာပူးလ်ကို ၀-၅၊ ဆောက်သမ်တန်ကို ၀-၁ နဲ့ ရှုံးနိမ့်ထားပေမယ့် အဲဗာတန် ကိုတော့ အဝေးကွင်းမှာ ၂-၅ နဲ့ အနိုင်ရထားပါတယ်။ ဝက်ဖို့ဒ်ကို အဲဗာတန်ကို အံအားသင့်စရာ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တဒင်္ဂ အထင်ကြီးခဲ့မိပေမယ့် ဆောက်သမ်တန်နဲ့ ပွဲမှာတော့ စိတ်ပျက်ခဲ့တာတော့ အမှန်ပါ။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းတွေမှာ အဘက်ဘက်က အသာစီး ရခဲ့ပေမယ့် ပြိုင်ဘက် အသင်း တစ်ကြိမ်ပဲ ရတဲ့ အခွင့်အရေးကို သွင်းဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရခြင်း ကတော့ မဖြစ်သင့်တဲ့ အခြေအနေလို့ ပြောရပါမယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၀ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၆ ပွဲ ရှုံးနိမ့်ထားတဲ့ ဝက်ဖို့ဒ်တို့ အခုပွဲ မှာသာ ရလဒ် ထပ်ပြီး ဆိုးရွားခဲ့မယ် ဆိုရင် အဆင့် ထပ်ကျသွားနိုင်တာကြောင့် ကျိန်းသေပေါက် အားကုန် ထုတ်ရုန်းလာနိုင်တာ ကိုတော့ သတိပြုရပါမယ်။ အခု လာမယ့် ပွဲကိုတော့ အသင်းရဲ့ အဓိက ကစားသမား တချို့ ဖြစ်တဲ့ ဆီမာ၊ ကာဘာဆီလီ၊ ဘာ့ရ်၊ အီတီဘို တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း အရ အာဆင်နယ်မှာ အာရွန် ရမ်းစ်ဒေးလ်၊ တိုမီယာဆု၊ ဝှိုက်၊ ဂါဘရီရယ်၊ တာဗာရက်စ်၊ ဆာကာ၊ ပါတေး၊ လိုကွန်ညာ၊ စမစ်ရိုးဝ်၊ လာကာဇက်၊ အော်ဘာမီယန်း တို့နဲ့ ပွဲထွက်လာဖို့ များနေပြီး ၄-၄-၂ ကစားကွက် ကိုပဲ အသုံးပြုဖွယ် ရှိနေပါတယ်။ ဝက်ဖို့ဒ် ကတော့ ၄-၃-၃ နဲ့ကိုမှ ဒန်းနစ်၊ ကင်းန်၊ ဆား၊ ကလီဗာလီ၊ ဆစ်ဆိုခို၊ ကွတ်ကာ၊ မက်ဆီနာ၊ ကတ်သ်ကတ်၊ ထရော့စ်ကောင်၊ ကီကို၊ ဖော်စတာ တို့နဲ့ ပွဲထွက်လာမယ့် သဘောမှာ ရှိပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အခုတစ်ကြိမ်နဲ့ဆိုရင် ၃၃ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃၂ ကြိမ် မှာတော့ အာဆင်နယ်တို့ ၁၈ ကြိမ် အနိုင်ရထားကာ ဝက်ဖို့ဒ် ကတော့ ၁၂ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ၂၀၁၉ ခုနှစ် ဘောလုံး ရာသီက နောက်ဆုံး တွေ့ဆုံ ကစားထားပြီး အဲ့ဒီအချိန်တုန်းက အန်းမရိတ်စ်မှာ အာဆင်နယ်က ၃-၂ နဲ့ အနိုင်ရထားခဲ့ပါတယ်။

 

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs ဝက်ဖို့ဒ် 1X2 အာဆင်နယ် @ 1.38
နိုဝင်ဘာလ ၇ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၃၉ ဆ၊ ဧည့်သည် အတွက် ၄.၇၀ ဆ၊ သရေအတွက် ၇.၂၀ ဆ  ကြေးဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့သမျှရော၊ ပြီးခဲ့တဲ့ ပွဲ ရလဒ်တွေ အရရော ကြည့်မယ် ဆိုရင် နှစ်သင်းပေါင်း ဂိုးပေါ်ဖို့က ရာခိုင်နှုန်း များနေတယ်လို့‌ ပြောလို့ ရပါတယ်။ အိမ်ရှင် အနိုင်သေချာ ပြီးတော့ အနည်းဆုံး ဂိုးပေါင်း ၂ ဂိုးနဲ့ အထက် ရှိနိုင်တဲ့ ပွဲလို့ပဲ မြင်ပါတယ်။ အိမ်ရှင်လည်း ဂိုးပြတ် အနိုင်ရသွားနိုင်ချေ များနေတဲ့ ပွဲ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ်(၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်