နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်က ပရီးမီးယားလိဂ် အစဉ်အလာဆိုးကို ချေဖျက်ဖို့ မဖြစ်နိုင်သေးတဲ့ အာဆင်နယ်

လစ်ဗာပူးလ် Vs အာဆင်နယ်

လာမယ့် စက်တင်ဘာလ ၂၉ရက်နေ့ မနက်အစောပိုင်းမှာ တော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃) နောက်ကျပွဲစဉ် တစ်ပွဲအဖြစ် လစ်ဗာပူးလ်တို့ အိမ်ကွင်းအန်ဖီးလ်မှာ အာဆင်နယ်ကို လက်ခံကစားသွားဖို့ရှိနေပါတယ်။

လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ ၃လအတွင်း တတိယအကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကြိမ်တွေ့ဆုံမှုမှာတော့ အာဆင်နယ်က နှစ်ကြိမ်စလုံးအသာရထားပါတယ်။ ဇူလိုင်လက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ၂-၁ရလဒ်နဲ့ အနိုင်ရခဲ့ပြီး၊ သြဂုတ်လအတွင်းက ကွန်မြူနတီဒိုင်းလုပွဲမှာလည်း ပွဲချိန်အတွင်းသရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီနဲ့ အနိုင်ရထားပါတယ်။ အာဆင်နယ်တို့ နည်းပြအာတေးတား လက်အောက်မှာ အသင်းလိုက် စုစည်းမှု ကောင်းနေပြီး ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည် အပိုင်းမှာလည်း တော်တော်လေးတိုးတက်လာလို့ ခန့်မှန်းသုံးသပ်သူတွေ တော်တော်များများရဲ့ ချီးကျူးမှုကို တောင်ခံနေရပါတယ်။ လစ်ဗာပူးလ်နည်းပြ ဂျာဂျင်ကလော့ပ် ကိုယ်တိုင်က နည်းပြအာတေးတားကို ပြောင်မြောက်ထူးချွန်တဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ ချီးကျူးသုံးသပ်ထားပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ လန်ဒန်ဒါဘီနှစ်ပွဲဆက် အနိုင်ရပြီးတဲ့နောက် ကြားရက် ခရာဘောင်ဖလားပွဲစဉ် မှာလည်း လက်စတာစီးတီးအသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့လို့ အခုနှစ်ဘောလုံးရာသီမှာ အမြောက်တပ်သားတို့ ရာနှုန်းပြည့် နိုင်ပွဲတွေရရှိထားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ အသစ်ခေါ်ယူထားတဲ့ ဝီလျံရဲ့ လုပ်အားနှုန်း ကောင်းကောင်းနဲ့ ဆယ်ဘာလော့စ်ရဲ့ တိကျတဲ့ပေးပို့မှု၊ အော်ဘာမီယန်၊လာကာဇက်တို့အပြင် လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဆာကာ၊ ရီးနယ်လ်ဆင်၊ အန်ကတ်တီးယား တို့ရဲ့ ရုန်းအားတွေက နည်းပြအာတေးတားအတွက် အောင်မြင်တဲ့ ရာသီတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ် ဟာလည်း ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်အသင်းကို အပြန်အလှန် ကစားခဲ့ရတယ်ဆိုပေမယ့် ၄-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးကို အဝေးကွင်းမှာ မာနေးရဲ့သွင်းဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့ပြီး ခရာဘောင်ဖလားပွဲစဉ်မှာ ၂-၇ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရထားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ရာသီအစပိုင်းမှာ နောက်တန်းက အားနည်းချက်တချို့ရှိခဲ့တယ်ဆိုပေမယ့် ရာနှုန်းပြည့်နိုင်ပွဲတွေရှာတွေ့ထားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ဘေယန်ကွင်းလယ်က အလ်ကန်တာရာကို ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ လူစားဝင်ခဲ့ပါတယ်။ အယ်ကန်တာရာအနေနဲ့ ပရီးမီးယားလိဂ် မှာ ခပ်မြန်မြန်အခြေကျခဲ့တာကိုတွေ့ရပြီး အခု အာဆင်နယ် နဲ့ ပွဲစဉ် အပါအဝင်လာမယ့် ပွဲစဉ်တွေမှာ လစ်ဗာပူးလ်ကွင်းလယ်ရဲ့ အရေးပါတဲ့ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ် တို့ လစ်ဗာပူးလ်ရဲ့ အန်ဖီးလ်မှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်း အသာစီးမယူနိုင်တာကို တွေ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အန်ဖီးလ်က ထိပ်တိုက်တွေ့ဆုံမှုလေးကြိမ်မှာ လစ်ဗာပူးလ်က ၃ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာ တွေ့ရပြီး အာဆင်နယ်တို့ ဂိုးပြတ်အရေးနိမ့်ထားခဲ့ပါတယ်။ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ဟာ ၁၀ စုနှစ်တစ်ခုအတွင်း ပြိုင်ပွဲ အရပ်ရပ် ၂၃ကြိမ်ထိတွေ့ဆုံထားပြီး လစ်ဗာပူးလ်က ၇ ကြိမ်နိုင် အာဆင်နယ်က ၆ ကြိမ်နိုင်ပြီး သရေပွဲကတော့ ၁၀ ပွဲအထိရှိထားပါတယ်။

ပွဲထွက်ကစား စာရင်းမှာတော့ လစ်ဗာပူးလ်တို့ တိုက်စစ်မှာ ထုံးစံအတိုင်း မာနေး၊ ဆာလာ၊ ဖေမီနို၊ ကွင်းလယ်မှာတော့ အယ်ကန်တာယာ၊ ကိုင်တာ၊ ဝိုင်ဂျ်နယ်ဒမ်၊ ဗန်ဒိုက်၊ ဖာဘင်ဟို၊ အာနိုးလ် နဲ့ ရော်ဘတ်ဆန်တို့ကို အသုံးပြုလာဖို့ရှိနေပါတယ်။ အာဆင်နယ်နည်းပြ အာတေးတားကတော့ နောက်ခံလူ တီယာနေး ကြံ့ခိုင်မှု မပြည့်ဝသေးလို့ ပထမလူစာရင်းမှာ အသုံးပြုဖွယ်မရှိပဲ ဂါဘရီရယ်၊ ဒေးဗစ်လုဇ်၊ ဟိုးလ်ဒင်း၊ ကွင်းလယ်မှာတော့ ရှာကာ၊ ဆယ်ဘာလော့စ်၊ မစ်လန်းနိုင်းလ်စ်၊ ဘယ်လာရင်၊ တိုက်စစ်မှာတော့ လာကာဇက်ကို အထောင်ထားပြီး အော်ဘာမီယန်၊ ဝီလျံတို့ကို တောင်ပံထွက်ကစားစေဖို့ရှိနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လစ်ဗာပူးလ် Vs အာဆင်နယ် 1X2 လီဗာပူးလ် @ ၁.၆၃
စက်တင်ဘာလ ၂၉ ရက်, မနက် ၁:၃၀ (GMT + ၆:၃၀)

1×2ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်းဘက်က ၁.၅၁ဆ နဲ့ ဧည့်သည်အသင်းဘက်က ၆.၀၀ သရေအတွက်ကိုတော့၄.၂၀ဆ ကြေးဖွင့်ထားပါတယ်။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ ရာသီကုန်လောက်ကစပြီး ခြေစွမ်းပြန်တက်နေသလို ရှုံးပွဲမရှိသေးဘူးဆိုပေမယ့် လစ်ဗာပူးလ်ကလည်း လက်ရှိချန်ပီယံဖြစ်တာနဲ့ အညီ ချန်ပီယံခြေစွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်တာတွေ့ရပါတယ်။ လစ်ဗာပူးလ် တိုက်စစ်က ဖေမီနိုကလည်း အာဆင်နယ်နဲ့တွေ့တိုင်း ဂိုးသွင်းနိုင်ခဲ့ပြီး သွင်းဂိုး ၈ဂိုးအထိရှိထားတာကြောင့် အခုပွဲမှာ ဂိုးသွင်းဖို့ ကြိုးစားလာဦးမှာပါ။ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ် ၃ယောက်တွဲ ကို အာဆင်နယ်ခံစစ်က တောင့်ခံနိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ ကြိုးကြာနီတွေပဲ အိမ်ကွင်းမှာ တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားဦးမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်