နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်း တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဟော်စတိုင်ကီလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ၃၅ ပွဲမှာ ဂိုး ပါဝင် ပတ်သက်မှု ၅၁ ကြိမ် အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဟယ်ရီကိန်း အနေနဲ့ ဒေါ့မန် ကစားသမားဟောင်း အာလင်း ဟာလန်း တင်ထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့က စတင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ် (၃) မှာ ဘေယန်မြူးနစ်က တန်းတက် ဟော်စတိုင်ကီလ်ကို အဝေးကွင်းမှာ ၁-၆ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဟယ်ရီကိန်းက ပွဲအစ ၁၃ စက္ကန့်မှာတင်ပဲ မူဆီအာလာ သွင်းယူခဲ့တဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ပွဲချိန် ၇ မိနစ်၊ ၄၃ မိနစ်နဲ့ ၉၀+၁ မိနစ်မှာလည်း ပယ်နယ်တီက တဆင့် ဂိုးတွေ သွင်းယူရင်း ဟက်ထရစ် ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကိန်း အနေနဲ့ ဘွန်ဒက်စ်လီဂါ မှာ ပွဲစဉ် ၃၅ ပွဲ ကစားပြီးချိန ဂိုး ၄၀ သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပြီး ဂိုးပါဝင် ပတ်သက်မှုနှုန်းက ၅၁ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Optaရဲ့ မှတ်တမ်းအရ ဘွန်ဒက်စ်လီဂါမှာ ပြိုင်ပွဲ အချက်အလက်တွေ စတင် ကောက်ယူခဲ့တဲ့ ၂၀၀၄/၂၀၀၅ ဘောလုံးရာသီ ကနေ စတင်ပြီး ဂိုးပါဝင် ပတ်သက်မှု ၅၀ ပြည့်ခဲ့သူတွေ အနက် အမြန်ဆုံး အဖြစ် ဒေါ့မန် တိုက်စစ်မှူးဟောင်း  အာလင်း ဟာလန်းက ၄၄ ပွဲနဲ့ မှတ်တမ်း ဝင်ထားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဟယ်ရီကိန်းက ၃၅ ပွဲ ကစားပြီးချိန်မှာပဲ ဟာလန်းရဲ့ စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။  

ဒါ့အပြင် ဟယ်ရီကိန်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ပြိုင်ဘက် အသင်း အဖြစ် ရင်ဆိုင်ကစားခဲ့ရတဲ့ ၁၈ သင်း စလုံးကို ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘေယန်မြူးနစ် အသင်း တိုက်စစ်မှူးဟောင်း မီရိုဆလပ်ဗ် ကလိုဆေးက ပြိုင်ဘက် အသင်း ၂၈ သင်းကို ဂိုးသွင်းယူပြီး စံချိန်တင်ထားတာ ဖြစ်ပါတယ်။ 

အခုပွဲမှာ ဂျမဲလ် မူဆီအာလာ သွင်းယူခဲ့သည့် အဖွင့်ဂိုး ကလည်း အသင်းရဲ့ သမိုင်းတစ်လျှောက် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေမှာ ဒုတိယ အမြန်ဆုံးဂိုး အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ အမြန်ဆုံး ဂိုးသွင်းယူထားသူ ကတော့ ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ဂျီယိုဗန်နီ အယ်လ်ဘာ ဖြစ်ပြီး ၁၉၉၈ ခုနှစ်က ဟမ်းဘတ်နဲ့ ပွဲစဉ်မှာ ပွဲအစ ၁၁ စက္ကန့်မှာထဲက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လက ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားရာမှာ ၄၉ ဂိုး သွင်းယူပေးထားပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ်နဲ့တော့ အခုချိန်ထိ ဆုဖလား အောင်မြင်မှု မရရှိသေးပဲ သူ့ရဲ့ ဆုဖလား လက်မဲ့ ကျိန်စာဆိုးကိုလည်း ချေဖျက်နိုင်ခြင်းတော့ မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်