ရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အခု ဆောင်းရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ တူရကီ ကလပ် ဂါလာတာဆာရေးမှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ရက်ရှ်ဖို့ဒ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း သိရသည်။
အသက် ၂၇ နှစ် အရွယ် အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ယူနိုက်တက်ရဲ့ နောက်ပိုင်း ကစားတဲ့ ပွဲစဉ်တွေမှာ လူစာရင်း ကနေ အကြောင်းကြောင်းကြောင့် ချန်လှပ်ခံထားရသူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင် ကလည်း ပြီးခဲ့တဲ့ မန်စီးတီးကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူစာရင်း ကနေ ချန်လှပ်ခံရပြီးနောက် သူ့ အနေနဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ပြောကြားထားပါသေးတယ်။
အခုလို ပြောကြားခဲ့ပြီး နောက်ပိုင်း ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အတွက် လုံးဝ ကစားခွင့်ရခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အသင်း နည်းပြ ရူဘင် အမော်ရင် တို့ အကြားမှာ ဆက်ဆံရေး အက်ကွဲကြောင်းတွေက သိသာလာခဲ့ပြီး အင်္ဂလန်သားက လက်ရှိ ဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာဖွယ်ရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တစ်ဖက်မှာလည်း ယူနိုက်တက်က တူရကီ ကလပ် ဂါလာဆာရေးမှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားနေသည့် နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အိုဆင်မ်ဟန်ကို အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ရက်ရှ်ဖို့ဒ်ကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ နာပိုလီ ကတော့ ၂၀၂၆ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးမယ့် နိုင်ဂျီးရီးယား တိုက်စစ်မှူးကို လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်လိုနေပြီး ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း ၆၀ ကျော် အလိုရှိနေတယ်လို့ သိရပါတယ်။
ဗြိတိန် သတင်းစာ The Sun ရဲ့ ဖော်ပြချက် အရ ပရီးမီးယားလိဂ် ကလပ် ဘက်က အိုဆင်မ်ဟန် အတွက် နာပိုလီ တောင်းဆိုတဲ့ စျေးကို ပေးချေဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က အိုဆင်မ်ဟန်ရဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်သမျှ လျှော့ချဖို လိုလားနေပြီး ရက်ရှ်ဖို့ဒ်ကို အလိုက်ပေး ကမ်းလှမ်းလိုနေကြောင်းလည်း သိရပါတယ်။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ပြောင်းရွှေ့ကြေး ကိုတော့ ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အိုဆင်မ်ဟန် အတွက် ရက်ရှ်ဖို့ဒ်နဲ့ အတူ ပေါင် ၂၃ သန်း အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
အကယ်၍သာ အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်ပေါ်ခဲ့ရင်တော့ ရက်ရှ်ဖို့ဒ် အနေနဲ့ နာပိုလီမှာ ယူနိုက်တက် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရိုမယ်လူ လူကာကူ၊ မက် တော်မီနေး တို့နဲ့ ပြန်လည် တွဲဖက် ကစားခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် အခု နောက်ဆုံး မှာတော့ လက်လျှော့သွားခဲ့ပြီလို့ သိရပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန် ပြင်ပမှာ ရှိနေပြီး စီးရီးအေ ကလပ် တစ်ခုနဲ့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် တစ်ယောက် သူ့ကို ခေါ်ယူချင်နေတဲ့ တခြားသော ထိပ်တန်း ကလပ်တွေကို လွန်ပြီး စီးရီးအေ ကလပ် နာပိုလီ ဂျာဆီနဲ့ မြင်တွေ့ရတော့မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.