ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဘူကာယို ဆာကာ ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ကာလ အတန်ကြာ အနားယူရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဆာကာရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ မီခဲလ် အာတေးတားက ပဲလေ့စ်နဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိပြီး ကွင်းထဲ ကနေ ချိုင်းထောက်နဲ့ ထွက်ခွာသွားရတဲ့ ဆာကာ အတွက် စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဘူကာယို ဆာကာ ကတော့ ပြီးခဲ့တဲ့ ရက်က ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီးတော့ ပွဲချိန် ၂၄ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဆာကာ ဒဏ်ရာကြောင့် ထွက်ခွာသွားရပေမယ့် အဝေးကွင်းမှာ တိုက်စစ် ခြေစွမ်းပြကာ ၁-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရရှိခဲ့ပါတယ်။ ဆာကာဟာ ညာဘက် ခြေထောက်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ ကွင်းထဲ ကနေ ချိုင်းထောက်နဲ့ ပြန်လည် ထွက်ခွာသွားရတာ ဖြစ်ပါတယ်။ ဆာကာရဲ့ ချိုင်းထောက်နဲ့ လမ်းလျှောက်နေရတဲ့ ဓာတ်ပုံတွေ ကလည်း လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။
ဆာကာရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့တော့ မီခဲလ် အာတေးတားက “သူက တံကောက်ကြောမှာ တစ်ခုခု ခံစားလိုက်ရပြီးတော့ ဆက်ပြီး မကစားနိုင်တော့ပါဘူး။ သူ့ရဲ့ အခြေအနေကို စစ်ဆေးရပါဦးမယ်။ အဲဒီ ဒဏ်ရာ အတွက် ကျွန်တော် တော်တော်လေး စိုးရိမ်မိပါတယ်။ အချိန် ဘယ်လောက် နားရမလဲ ဆိုတာက ပြောဖို့ ခက်ပါတယ်။ သူတို့ (ဆေးအဖွဲ့) က စမ်းသပ်ပြီးပါပြီ။ ဒါပေမယ့် အခြေအနေ ဘယ်လောက်ဆိုးသလဲ ဆိုတာ ပြောဖို့ ခက်ခဲပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် ဆာကာ ကတော့ အာဆင်နယ် အတွက် အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ဆာကာဟာ ယခင် ကလည်း တံကောက်ကြော ဒဏ်ရာတွေ ရရှိခဲ့ဖူးပြီး ဒီနှစ်ဘောလုံး ရာသီ မှာတော့ တတိယအကြိမ်မြောက် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဟေးအန့်တ် အကယ်ဒမီထွက် ဘူကာယို ဆာကာ ကတော့ အာဆင်နယ် စီနီယာ အသင်းကြီး အတွက် ၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၅၀ ကစားပြီး ၆၇ ဂိုး သွင်းယူထားခဲ့ပါတယ်။ ဆာကာဟာ အသက်အရွယ် ငယ်သေးပေမယ့် အာဆင်နယ် အတွက် သက်ရောက်မှု ကြီးမားတဲ့ ကစားသမား ဖြစ်ပြီးတော့ Golden Boy အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ အခုလိုမျိုး ဆာကာ ဒဏ်ရာရရှိသွားချိန် သူ့နေရာကို ဘယ်ကစားသမားနဲ့ အစားထိုးကစားမလဲ ဆိုတာ အာတေးတား တစ်ယောက် ခေါင်းကိုက်ရတော့မှာ ဖြစ်ပြီးတော့ ကျိန်းသေပေါက် နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ရတော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.