အက်တလက်တီကိုမက်ဒရစ်ကွင်းလယ်လူကော်နာဂယ်လာဟာကတော့သူ့အနေနဲ့လက်ရှိအသင်းနဲ့အတူလာလီဂါချန်ပီယံဆုကိုရရှိလိုတယ်လို့ပြောကြားလာခဲ့ပါတယ်။ဂယ်လာဟာကတော့အက်တလက်တီကိုမက်ဒရစ်ကိုပြောင်းရွှေ့ခဲ့ပြီးကတည်းကစပိန်မြေမှာခြေစွမ်းပြကစားနေပြီးတော့သူ့ရဲ့အသင်းကလည်းလာလီဂါမှာအမှတ်ပေးဇယားထိပ်ပိုင်းမှာရှိနေခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာအသက်၂၄နှစ်အရွယ်ရှိပြီဖြစ်တဲ့အင်္ဂလန်ကွင်းလယ်လူဂယ်လာဟာအနေနဲ့ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာချဲလ်ဆီးကနေအက်တလက်တီကိုမက်ဒရစ်အသင်းထံပေါင်၃၄သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ဂယ်လာဟာကဒီရာသီမှာအက်တလက်တီကိုမက်ဒရစ်အတွက်လာလီဂါအပါအဝင်ပြိုင်ပွဲစုံပွဲ၂၀ကစားပြီး၂ဂိုးသွင်းယူထားကာအသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်နေခဲ့သူပါ။
သူ့ရဲ့အသင်းအက်တလက်တီကိုမက်ဒရစ်ကလည်းအခုရာသီလာလီဂါပွဲစဉ်၁၇ပွဲကစားပြီးချိန်မှာရမှတ်၃၈မှတ်ရရှိထားကာအမှတ်ပေးဇယားထိပ်ဆုံးကဘာစီလိုနာနဲ့ရမှတ်တူဂိုးကွာခြားချက်နဲ့အဆင့်၂နေရာမှာရပ်တည်နေခဲ့ပါတယ်။ဒါပေမယ့်လည်းဘာစီလိုနာဟာတစ်ပွဲပိုကစားထားတာကြောင့်အက်တလက်တီကိုမက်ဒရစ်အနေနဲ့ပွဲကျန်မှာရလဒ်ကောင်းခဲ့ရင်တော့ဘာစီလိုနာကိုကျော်တက်နိုင်မယ့်အခွင့်အရေးလည်းရှိနေခဲ့ပါတယ်။
ဒါ့အပြင်အက်တလက်တီကိုမက်ဒရစ်ဟာလာမယ့်ဒီကနေ့ညမှာလာလီဂါပွဲစဉ်၁၈အဖြစ်ဘာစီလိုနာကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။အက်တလက်တီကိုမက်ဒရစ်ဟာနူးကမ့်ပ်မှာကစားခဲ့တဲ့လာလီဂါနောက်ဆုံး၁၄ပွဲဆက်ဘာစီလိုနာကိုအနိုင်မရခဲ့သလိုပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာလည်း၅ပွဲစလုံးရှုံးနိမ့်ထားခဲ့ပါတယ်။ဒါပေမယ့်လည်းဒီပွဲမတိုင်မီဂယ်လာဟာကလာလီဂါချန်ပီယံဆုကိုရယူလိုကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်အက်တလက်တီကိုမက်ဒရစ်ဟာပြိုင်ပွဲစုံနောက်ဆုံး၁၅ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့အကောင်းဆုံးပုံစံရရှိနေတာဖြစ်ပါတယ်။အက်တလက်တီကိုနဲ့ရင်ဆိုင်ရမယ့်ဟန်ဆီဖလစ်ခ်ရဲ့ဘာစီလိုနာကတော့လာလီဂါနောက်ဆုံး၆ပွဲမှာနိုင်ပွဲ၁ပွဲသာရထားပြီးတော့၃ပွဲရှုံး၂ပွဲသရေကျကာရမှတ်တွေတောက်လျောက်ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဘာစီလိုနာအနေနဲ့တီကိုနဲ့တွေ့ဆုံချိန်မှာကျိန်းသေပေါက်အားစိုက်လာဖို့ရှိပြီးတော့အမှတ်ပေးဇယားထိပ်မှာဆက်လက်ဦးဆောင်နိုင်ဖို့ကြိုးစားမှာလည်းဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.