နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမား ဘဝ ကနေ အနားယူဖို့ ဘောလုံး ပရိသတ်တွေရဲ့ တိုက်တွန်းခြင်း ခံနေရတဲ့ ရိစ် ဂျိမ်းစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ညာနောက်ခံလူ ရိစ် ဂျိမ်းစ် ကိုတော့ ဘောလုံး ပရိသတ်တွေက ကစားသမားဘဝ ကနေ အနားယူဖို့ တိုက်တွန်း ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ ရိစ်ဂျိမ်းစ်ဟာ ချဲလ်ဆီးရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အားအထားရဆုံး ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခဏ ဆိုသလို ရနေတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ပုံမှန် ကစားနိုင်ခြင်း မရှိပဲ အနားယူနေရတာနဲ့ပဲ အချိန်ကုန်ဆုံးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဘောလုံးပရိသတ် တော်တော်များများက ကစားသမား ဘဝ ကနေ အနားယူသင့်ပြီ ဖြစ်ကြောင်း ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

ဘောလုံး ပရိသတ်တွေက လူမှုကွန်ယက် ကနေ တဆင့် “ရိစ် ဂျိမ်းစ်က ဘောလုံးသမား ဘဝ ကနေ အနားယူလိုက်ဖို့ လိုအပ်နေပါပြီ။ ဒီအချိန်မှာ သူ အနားယူလိုက်သင့်ပါတယ်။ သူက လမ်းတောင် မလျှောက်နိုင်တော့ဘူး။ အဆုံးသတ်သွားပါပြီ။ စိတ်မကောင်းစရာပါပဲ။ သူက ၂၀၂၅ ဧပြီလမှပဲ ကစားနိုင်တော့မယ်။ ပြီးရင်တော့ ဒဏ်ရာ ထပ်ရမယ်။ ဒါကို အကြိမ်ပေါင်း မနည်း မြင်နေရပါတယ်။ ဘရားသားက ဖန်နဲ့ လုပ်ထားတာ ဖြစ်ပါလိမ့်မယ်။” လို့ ရေးသားနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ညာနောက်ခံ ကြယ်ပွင့် ရိစ်ဂျိမ်းစ်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး လူငယ် အကယ်ဒမီကို ငယ်ရွယ်စဉ် ကတည်းက ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ ဝီဂန်မှာ တစ်ရာသီ အငှားချပြီးတဲ့ နောက် ချဲလ်ဆီး စီနီယာ အသင်းကြီးမှာ စတင် ကစားခွင့် ရရှိလာခဲ့ပါတော့တယ်။ ချဲလ်ဆီးရဲ့ ညာခြမ်း ခံစစ်ပိုင်းမှာ နေရာ တစ်နေရာ အခိုင်အမာ ရလာခဲ့သလို အသင်း ခေါင်းဆောင် ရာထူး အထိပါ ရရှိလာခဲ့တဲ့ ရိစ် ဂျိမ်းစ်ဟာ အမျိုးမျိုး ဒဏ်ရာ ပြဿနာ ပေါင်းစုံပါ ရရှိလာခဲ့ရင်း တောက်ပနေတဲ့ ကစားသမား ဘဝက အဟန့်အတား ဖြစ်လာခဲ့ရပါတယ်။

ဒီရာသီ မှာလည်း ရာသီအစ ပွဲပယ် ပြစ်ဒဏ် အပြင် တံကောက်ကြော ဒဏ်ရာကြောင့် ရက်ပေါင်း ၆၀ ကျော် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ပွဲပေါင်း ၁၁ ပွဲ အထိ လွဲချော်ခဲ့ရပြန်ပါတယ်။
ချဲလ်ဆီးရဲ့ ပွဲပေါင်း ၁၁ ပွဲ အထိ လွဲချော်ခဲ့ရတဲ့ ရိစ် ဂျိမ်းစ်

ရိစ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတည်းက ဒဏ်ရာတွေကြောင့် အသင်း အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ အထိသာ ကစားခဲ့ရသလို ခွဲစိတ်မှုတွေလည်း ခံယူခဲ့ရပါသေးတယ်။ ဒီရာသီ မှာလည်း ရာသီအစ ပွဲပယ် ပြစ်ဒဏ် အပြင် တံကောက်ကြော ဒဏ်ရာကြောင့် ရက်ပေါင်း ၆၀ ကျော် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ပွဲပေါင်း ၁၁ ပွဲ အထိ လွဲချော်ခဲ့ရပြန်ပါတယ်။ အခုလည်း အသင်း အတွက် ပွဲကစားတာ သိပ်မကြာသေးခင်ကမှ ရိစ် ဂျိမ်းစ်က တံကောက်ကြော ဒဏ်ရာ ထပ်မံရရှိနေလို လက်စတာနဲ့ ပွဲ အတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့ကြောင်း ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။ အခုလိုမျိုး ဒဏ်ရာ ဒဏ်ရာ ထပ်ဆင့် ရနေတဲ့ ရိစ် ဂျိမ်းစ်ကို ဘောလုံး ပရိသတ်တွေက “ဒါက စိတ်မကောင်းဖို့ ကောင်းတယ်။ ခမ်းနားတဲ့ အရည်အချင်းတွေ အဆုံးသတ်ရပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်