ပပ် ဂွာဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ အနာဂတ် မသေချာ ဖြစ်နေပြီး စာချုပ်သက်တမ်း တိုးဖို့လည်း အခုချိန်ထိ မသေချာ ဖြစ်နေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ပပ် ဂွါဒီယိုလာက အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ အတွက် ဆိုရင်တော့ အဓိက ကစားသမား ၂ ဦး ဖြစ်တဲ့ ရိုဒရီနဲ့ အာလင်း ဟာလန်း တို့ကို ထိန်းသိမ်းပေးဖို့နဲ့ မာတင် ဇူဘီမန်ဒီနဲ့ ဂျမဲလ် မူဆီအာလာ တို့ကို ခေါ်ယူ ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လက်ရှိ စာချုပ် ကတော့ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး သူကတော့ အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိ အချိန်ထိ အတိအကျ ပြောကြားထားခြင်း မရှိသေးပါဘူး။ ဂွာဒီယိုလာဟာ ဘောလုံးလောကမှာ ကလပ် အသင်းတွေနဲ့ အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပြီး ဖြစ်တာကြောင့် မန်စီးတီးနဲ့ လမ်းခွဲဖြစ်ခဲ့ရင်တော့ လက်ရွေးစင် အသင်း တစ်သင်းကို ကိုင်တွယ်ဖွယ် ရှိနေကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေခဲ့ပါတယ်။ စပိန်သား နည်းပြ ဂွာဒီယိုလာဟာ အင်္ဂလန် လက်ရွေးစင် အသင်း ဒါမှမဟုတ် ဘရာဇီးလ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖွယ် ရှိကြောင်း သတင်းထွက်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ ဘရာဇီးလ် နည်းပြ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကတော့ မန်စီးတီးနဲ့ စာချုပ် သက်တမ်း တိုးဖို့ မူအားဖြင့် သဘောတူညီမှု ရရှိထားပြီး ၉၉ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်ကြောင်း စပိန် မီဒီယာတချို့က ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် အခုလို သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ အတွက် ဂွါဒီယိုလာက မန်စီးတီးထံ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ပပ် ဂွါဒီယိုလာ ကတော့ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ စပိန် ကွင်းလယ်လူ ရိုဒရီနဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း တို့ကို ရောင်းမထုတ်ဘဲ ဆက်လက် ထိန်းသိမ်းပေးဖို့ အသင်းရဲ့ အင်အား ပိုမိုတောင့်တင်းလာစေဖို့ အတွက် ရီးရဲလ်ဆိုစီဒက် အသင်းရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီနဲ့ ဘေယန်မြူးနစ်ရဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား မူဆီအာလာကို ခေါ်ယူပေးဖို့ တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
ပပ် ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ် ကတည်းက မန်ချက်စတာစီးတီးကို စတင် ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့ နည်းပြဘဝမှာ အချိန်အကြာဆုံး လက်တွဲခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဂွာဒီယိုလာဟာ ၂၀၂၂ ခုနှစ်က မန်စီးတီးနဲ့ နောက်ဆုံး အကြိမ် သက်တမ်းတိုးခဲ့ပြီးတော့ စာချုပ် သက်တမ်း ကတော့ ၂၀၂၅ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ အသင်း အတွက် ဆုဖလား အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့တဲ့ ဂွါဒီယိုလာကို လက်လွှတ်လိုခြင်း မရှိပေမယ့်လည်း လက်ရှိ ရာသီအကုန်မှာ ဘောလုံး ဒါရိုက်တာ ဘီဂီရီ စတိန်းနဲ့ လမ်းခွဲတော့မှာ ဖြစ်လို့ ဂွါဒီယိုလာ ကလည်း လိုက်ပါသွားနိုင်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ အခုအခါ မှာတော့ ပပ် ဂွါဒီယိုလာက ဆယ်စုနှစ် တစ်ခု ပြည့်တဲ့ အထိ မန်စီးတီးနဲ့ လက်တွဲသွားဖို့ ဆန္ဒရှိနေတဲ့ အတွက် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်ပြီး ဂွာဒီယိုလာက မန်စီးတီး အသင်းထံ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ ရိုဒရီကို ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ ဆုံးရှုံးထားရတဲ့ အတွက် ဇူဘီမန်ဒီကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရသည်။ ဂွါဒီယိုလာဟာ မန်စီးတီး အသင်းမှာ တစ်နှစ် လစာ ပေါင်သန်း ၂၀ နီးပါး ရရှိနေသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လုပ်ခ လစာ အများဆုံး နည်းပြ အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.