လက်ရှိမှ ဘောလုံး ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အင်္ဂလန် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က နည်းပြသစ် ရူဘင် အမော်ရင် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ အောင်မြင်လိမ့်မယ်လို့ သုံးသပ် ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးတော့ စပို့တင်းလစ္စဘွန်း နည်းပြ ရူဘင် အမော်ရင်ကို ကြိုးပမ်းခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှတော့ နည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမော်ရင်ကို ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုခဲ့ပြီးတော့ စာချုပ်မှာ တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ အမော်ရင်ကို ခေါ်ယူဖို့ အတွက် စပို့တင်းလစ္စဘွန်းကို လျော်ကြေး ပေါင် ၉.၂၅ သန်း (ယူရို ၁၁ သန်း) ပေးချေခဲ့ရတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ယူနိုက်တက်က အမော်ရင် အတွက် ဗီဇာနဲ့ စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်ဖို့ ကျန်ရှိနေပြီး ဒီနည်းပြဟာ ယူနိုက်တက်ကို လာမယ့် နိုဝင်ဘာ် ၁၁ ရက်နေ့မှ လာရောက် ပူးပေါင်းမယ်လို့ သိရပါတယ်။
အမော်ရင်နဲ့ ပတ်သတ်လို့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်က “မန်စီးတီးက သူတို့ရဲ့ နည်းပြ ဂွာဒီယိုလာ အသင်းက ထွက်သွားရင် အမော်ရင်ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အမော်ရင်က တန်ဟက်ဂ်နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူက ပြဿနာတွေ ရှိနေတဲ့ အသင်းကို ကိုင်တွယ်ရမှာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး အမော်ရင် မကိုင်တွယ်ခင်က စပို့တင်းလစ္စဘွန်းဟာ ပေါ်တူဂီလိဂ်မှာ ပေါ်တိုနဲ့ ဘင်ဖီကာကို မယှဉ်နိုင်ခဲ့ပါဘူး။ အသင်းအတွင်း ပြိုကွဲမှုတွေ ရှိနေပြီး ပရိသတ်တွေလည်း တကွဲတပြား ဖြစ်နေပါတယ်။ ဒါပေမယ့် အမော်ရင်က စပို့တင်းလစ္စဘွန်းကို ကစားဟန် တစ်ခု တည်ဆောက်ပေးခဲ့သလို၊ မျှော်လင့်ချက်တွေ ရှိလာအောင်လည်း လုပ်ပေးနိုင်ခဲ့ပါတယ်။ အမော်ရင်က တန်ဟက်ဂ်နဲ့ ဆင်တူပေမဲ့ အကျင့်စရိုက်နဲ့ လူအများ လေးစားမှုခံရမှုက ကွာခြားပါတယ်။ ယူနိုက်တက်က သူ့လိုလူမျိုး လိုနေတာပါ။ ယူနိုက်တက်မှာ သူ အောင်မြင်မယ်လို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
စပိုတင်းလစ္စဘွန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကမှ စတင် ကိုင်တွယ်ခဲ့တဲ့ အမော်ရင်က အသင်း အတွက် ပေါ်တူဂီ အမှတ်ပေးဖလား ၂ ကြိမ်၊ ပေါ်တူဂီ ရှုံးထွက်ဖလား ၂ ကြိမ် ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် အမော်ရင်က ဒီရာသီ မှာလည်း စပို့တင်းကို ပေါ်တူဂီ အမှတ်ပေး ပြိုင်ပွဲ မှာပါ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အတူ ဇယားထိပ်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။
ပေါ်တို၊ ဘင်ဖီကာ တို့လို ထိပ်တန်း ကလပ်တွေကို ကျော်ဖြတ်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးထားတဲ့ အမော်ရင် ကိုတော့ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ကပါ စိတ်ဝင်စားခဲ့ဖူးပါတယ်။ ယူနိုက်တက် ကတော့ အခုရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်အထိ ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ထုတ်ပယ်အပြီး ယာယီနည်းပြ ရူ့ဒ် ဗန် နစ္စတယ်ရွိုင်း ကိုင်တွယ်ခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာတော့ လက်စတာစီးတီးကို ၅-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.