နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၈ မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် အိုမာဘာရာဒါ ကတော့ သူ့ရဲ့ အသင်း အနေနဲ့ ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပေမယ့်လည်း ချန်ပီယံဆုကို ၂၀၁၂-၁၃ ဘောလုံး ရာသီမှာ နောက်ဆုံး အကြိမ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သရဲနီတွေဟာ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်နေပြီလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ယူနိုက်တက်ဟာ ဂန္ထဝင် နည်းပြ ဆာအဲလက်စ် ဖာဂူဆန်နဲ့ လမ်းခွဲပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ကလည်း အဆင့် ၈ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ ဘောလုံးရာသီ နောက်ပိုင်း အဆင့် ၇၊ အဆင့် ၆နဲ့ အဆင့် ၈ နေရာတွေ အထိ ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး တန်ဟက်ဂ် လက်ထက် မှာတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။

အဲဒီ ၁၁ ရာသီ အတွင်း မှာလည်း ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိခဲ့တာက ၅ ရာသီ အထိ ရှိခဲ့ပြီး ၂၀၁၇-၁၈နဲ့ ၂၀၂၀-၂၁ ရာသီ တွေမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ နောက်ပိုင်း နှစ်တွေမှာ ခြေစွမ်းပိုင်းက တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီးတော့ တန်ဟက်ဂ် လက်ထက်မှာ သိသိသာသာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အနေအထားအရ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ မလွယ်ကူသေးကြောင်း သုံးသပ်မှုများရှိနေတာ ဖြစ်ပါတယ်။ ဒီလို သုံးသပ်မှုတွေ ရှိနေပေမယ့်လည်း အိုမာဘာရာဒါ ကတော့ ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ကြုံးဝါးလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိရာသီ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြန်ပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၁ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။
လက်ရှိရာသီ ပရီးမီးယားလိဂ် မှာလည်း ရုန်းကန်နေရတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ၁၈၇၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာကြောင့် ၂၀၂၈ ခုနှစ် မှာတော့ အသင်း တည်ထောင်မှု နှစ် ၁၅၀ ပြည့် မြောက်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနှစ်မှာ သူတို့ရဲ့ အအောင်မြင်ဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။ ဒီလို အကောင်အထည် ဖော်နိုင်ဖို့တော့ ယူနိုက်တက်ဟာ ပစ်မှတ်ထား ပြင်ဆင်သွားမှာ ဖြစ်ကြောင်းလည်း အမှုဆောင် အရာရှိချုပ် အိုမာဘာရာဒါ ပြောကြားခဲ့ပြီး လက်ရှိ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အပေါ်မှာလည်း ယုံကြည်မှု အပြည့် ရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိရာသီ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြန်ပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၁ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ခက်ခဲတဲ့ ပွဲစဉ် ကစားရဖို့ ရှိပြီး ပရီးမီးယားလိဂ် ပြီးရင်တော့ ယူရိုပါလိဂ်မှာ ပေါ်တိုနဲ့ ရင်ဆိုင်ရဦးမှာပါ။ သတင်းတွေ အရ ဆိုရင်တော့ ယူနိုက်တက်ဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အနာဂတ်ကို အခုလာမယ့် ပွဲစဉ် ၃ ပွဲ ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်