နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီ နေရာ အတွက် အစားထိုးရမယ့် ကစားသမားကို ဆောင်းရာသီမှာ ခေါ်ယူမယ့် မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဒူးအရွတ်စုတ် ပြဲတဲ့ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရမယ့် ကွင်းလယ်လူ ရိုဒရီရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ် တစ်ဦး ရှာဖွေနေခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ရိုဒရီရဲ့ နေရာ အတွက် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကွင်းလယ် ကစားသမားသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ စတင် ပြင်ဆင်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်စီးတီးရဲ့ မရှိမဖြစ် အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ကွင်းလယ်လူ ရိုဒရီဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူရတော့မှာလည်း ဖြစ်ပါတယ်။ ရိုဒရီနဲ့ ပတ်သတ်လို့တော့ ဒီဘောလုံးရာသီ တစ်ခုလုံး အနားယူသွားရတော့မှာ ဖြစ်တယ်လို့ မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကိုယ်တိုင် အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတော့ အပြောင်းအရွှေ့ ဈေးကွက်က ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် မန်စီးတီးဟာ ရိုဒရီရဲ့ နေရာမှာ မက်တေးယို ကိုဗာချစ် ကိုပဲ အစားထိုး အသုံးပြုသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီ နည်းတူ ကီဗင် ဒီဘရွန်းနား ကလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ မာသီးယပ်စ် နူညက်စ်နဲ့ ဂျိမ်းစ် မက်ကာသီ တို့ အပြင် လူငယ်ကစားသမားတွေ ကိုပါ ပွဲထွက်ခွင့်ပေးသွားဖို့ ရှိနေပါတယ်။

မန်စီးတီး အနေနဲ့ ကွင်းလယ်ပိုင်း အတွက် အစားထိုးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ရိုဒရီနဲ့ ဒီဘရွန်းနားလို ကစားသမားမျိုးတွေ မပါဝင်နိုင်တာကြောင့် မန်စီးတီးရဲ့ ခြေစွမ်းက တော်တော်လေး အားနည်းသွားတာ တွေ့ရပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ တစ်ရာသီလုံး အတိုင်းအတာနဲ့ ဆိုရင် များပြားတဲ့ ပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီ ဆောင်း ဈေးကွက်မှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဒီဘရွန်းနားနဲ့ ရိုဒရီ မကစားနိုင်တဲ့နောက် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး အဆင့် ၁ နေရာကပါ ဖယ်ပေးထားရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ တိုရီနိုနဲ့ အတူ တောက်ပပြနေတဲ့ ရစ်ချီ

လက်ရှိ မှာတော့ မန်စီးတီးက တိုရီနို ကွင်းလယ်လူ ဆင်မြူရယ်လီ ရစ်ချီကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် အီတလီ ကွင်းလယ် ခံစစ် ကစားသမား ရစ်ချီဟာ ပီယာလို လက်သစ်လို့ တင်စား ခေါ်ဆိုခံထားရတဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပြီး အီတလီ လက်ရွေးစင် အသင်း အတွက်လည်း ရွေးချယ်ထားခံခဲ့ရသူ ဖြစ်ပါတယ်။ ရစ်ချီက လက်ရှိ မှာလည်း တိုရီနိုကို စီးရီးအေမှာ အမှတ်ပေးဇယား ထိပ်ဆုံး အထိ ရောက်ရှိအောင် စွမ်း ဆောင်ပေးထားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီကစားသမားက တိုရီနို နဲ့လည်း ၂၀၂၆ ခုနှစ် အထိ သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တဲ့ အပြင် လက်ရှိ တန်ကြေး ကလည်း ယူရို ၂၅ သန်း ဝန်းကျင်သာ ရှိနေတာကြောင့် ဆောင်းဈေးကွက်မှာ မန်ချက်စတာစီးတီးကို ရောက်ရှိသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ကတော့ ဒီဘရွန်းနားနဲ့ ရိုဒရီ မကစားနိုင်တဲ့နောက် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး အဆင့် ၁ နေရာကပါ ဖယ်ပေးထားရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်