နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ ပွဲမှာ ဇီယက်ခ်ဇီးကို သုံးဖို့ တန်ဟက်ဂ်ကို တိုက်တွန်းလိုက်တဲ့ ဆာဟာ | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာ က ခါးသီး ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုဖို့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို တိုက်တွန်းလိုက်ပါတယ်။

ဇီယက်ခ်ဇီး ကတော့ အခုနွေမှာ ဘိုလော့ဂ်နာ ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲ စလုံးမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဇီယက်ခ်ဇီးဟာ ဖူလ်ဟမ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးတော့ ဘရိုက်တန်ကို ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်တဲ့ ပွဲမှာတော့ ခြေစွမ်းပြနိုင်ခဲ့သည်။

ထို့ကြောင့် ဆာဟာက စက်တင်ဘာလ ၁ ရက်နေ့မှာ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဇီယက်ခ်ဇီးကို ပွဲထွက်ကစားသမား အဖြစ် ကစားစေဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။ ဆာဟာ က “လစ်ဗာပူးလ်နဲ့ ပွဲမှာ ဇီယက်ခ်ဇီးကို ပွဲထွက် ကစားသမား အဖြစ် မြင်ချင်ပါတယ်။ သူက စိတ်ဝင်စားစရာ ကောင်းတဲ့ ကစားသမား ဖြစ်ပြီးတော့ နေရာမှန်မှာ အမြဲရှိနေသူပါ။ ကျွန်တော် ကတော့ ဇက်ဇီ ပိုပြီး တိုးတက်လာဖို့ အတွက် သူ့ကို ပွဲကစားခွင့် ပိုပေးသင့်တယ်လို့ ထင်ပါတယ်။ မေဆန်မောင့်က ပြေးလွှားကစားနေပေမဲ့ မလုံလောက်ပါဘူး။ ကွင်းလယ် တိုက်စစ်ကစားသမားရဲ့ တာဝန်က ပြိုင်ဘက်ကို Press လုပ်ဖို့ မဟုတ်ပါဘူး။ ဂိုးသွင်းဖို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၂ ပွဲစလုံးမှာ ကွင်းလယ်ပိုင်း အားသန်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မေဆန်မောင့် တို့ကို တိုက်စစ်မှာ အားပြုကစားစေခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး မပါတဲ့ ယူနိုက်တက်တဲ့ တိုက်စစ်မျှားဦးက သိသိသာသာ အားနည်းနေခဲ့ပြီး အရေးကြီးတဲ့ သွင်းဂိုးတွေ ရဖို့တော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဘယ်တောင်ပံက မားကပ်စ် ရက်ရှ်ဖို့ဒ် ကလည်း ပုံမှန် ခြေစွမ်း အခုချိန်ထိ ပြန်မရသေးပဲ ညာခြမ်းမှာ ကစားတဲ့ အာမက် ဒီယာလို ကတော့ ပြိုင်ဘက် နောက်တန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်နေတာ တွေ့ရပါတယ်။

ယူနိုက်တက်ဟာ လာမယ့် လစ်ဗာပူးလ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက်တော့ ကစားသမား ၆ ဦး အထိ လွဲချော်ဖို့ ရှိနေပြီး ပြိုင်ဘက် ကတော့ ကာတစ် ဂျုံးစ် တစ်ဦးတည်း လွဲချော်မှာပါ။ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်း မှာတော့ လီနီ ယိုရို၊ ရှော၊ မေဆန်မောင့်၊ ဟွိုက်ဂျ်လန်း တို့ ရှိနေပြီး လာမယ့်ပွဲကို ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် အနိုင်ရထားခဲ့ပြီး‌တော့ မန်ချက်စတာယူနိုက်တက် ကတော့ အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့် ပွဲစဉ် ၂ မှာတော့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီး လက်ရှိမှာ အဆင့် ၁၁ နေရာ အထိ ရောက်ရှိနေပါတယ်။ ယူနိုက်တက်က လစ်ဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်