နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နဲလ်ဆင်ကို ရောင်းထုတ် ဖြစ်ခဲ့ရင် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖွယ် ရှိနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ နွေဈေးကွက် မပိတ်ခင်မှာ အသင်းကနေ ညာတောင်ပံ ကစားသမား ရီးစ် နယ်လ်ဆန်ကို ထွက်ခွာခွင့်ပေးသွားချင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အဆိုပါ ကစားသမား ထွက်ခွာသွားခဲ့မယ် ဆိုရင် တောင်ပံ ကစားသမားသစ် တစ်ဦး ပြန်လည် ခေါ်ယူ အားဖြည့်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့ လက်ရှိ တောင်ပံ နှစ်ဖက်မှာ ဘူကာယို ဆာကာ၊ ဂါဘရီရယ်လ် မာတင်နယ်လီ၊ လီအန်ဒရို ထရောဆက်ဒ်နဲ့ ရီးစ် နယ်လ်ဆန် တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ နယ်လ်ဆန်ကို ဖူလ်ဟမ် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အသင်း တချို့က ခေါ်ယူသွားဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါ့အပြင် နယ်လ်ဆန် ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ်မှာ နေရာ ရဖို့ မလွယ်ကူတာကြောင့် အသင်း ပြောင်းချင်နေတယ်လို့လည်း သိရပါတယ်။ အကယ်၍ ရီးစ် နယ်လ်ဆန်သာ အသင်း ကနေ ထွက်ခွာသွားခဲ့မယ် ဆိုရင်တော့ ညာတောင်ပံနေရာမှာ ဘူကာယို ဆာကာ တစ်ဦးတည်းသာ ရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ နွေရာသီ ဈေးကွက် မပိတ်ခင်မှာ ညာတောင်ပံ နေရာ အတွက် ကစားသမားသစ် တစ်ဦးကို မဖြစ်မနေ အရ ခေါ်ယူသွားဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်သူ အာရွန် ရမ်းစ်ဒေးလ်က ပရီးမီးယားလိဂ် ပြိုင်ဘက် ဆောက်သမ်တန် အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ရမ်းစ်ဒေးလ်ရဲ့ နေရာ အတွက် အက်စပန်ညိုက စပိန် ဂိုးသမား ယိုဟန် ဂါဆီယာနဲ့ အစားထိုးဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒီဂိုးသမားက အာဆင်နယ် အတွက် ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ တတိယမြောက် ကစားသမားသစ် ဖြစ်လာဖို့ ရှိပေမယ့် နောက်ဆုံး မှာတော့ အာဆင်နယ်က ဘုန်းမောက် ဂိုးသမား နီတို ကိုသာ တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ 

အာဆင်နယ်က ဒီနွေဈေးကွက်ထဲမှာ ဘိုလော့ဂ်နာရဲ့ အီတလီ ခံစစ် ကြယ်ပွင့် ရီကာဒို ကာလာဖီအိုရီနဲ့ ရီးရဲလ်ဆိုစီဒက် အသင်းရဲ့ စပိန် ကွင်းလယ် ကစားသမား မီခယ်လ် မာရင်နို တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပြီး မနှစ်က ဘရန့်ဖိုဒ် ကနေ အငှား+အပြီးသတ်နဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာ ကိုတော့ အပြီးသတ် ဝယ်ယူခဲ့ပါတယ်။ 

အခုလည်း အာဆင်နယ်က ရမ်းစ်ဒေးလ်ကို သေချာပေါက် လက်လွတ်ရတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဂိုးသမား တစ်ဦး ပြန်လည် ခေါ်ယူခဲ့ပြီ ဖြစ်သလို အကယ်၍ ရီးစ် နယ်လ်ဆန်လည်း အသင်း ကနေ ထွက်သွားမယ် ဆိုရင်တော့ ညာတောင်ပံ နေရာမှာ အဓိက ကစားနိုင်တဲ့ ကစားသမား တစ်ဦး ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ နောက်ဆုံး သတင်းတွေအရ ဆိုရင် အာဆင်နယ်က ချိန်ရွယ်နေတဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ အဲလ်အာလီကို ပြောင်းရွှေ့တော့မှာ ဖြစ်သလို ဗစ်တာ အိုဆင်မ်ဟန် ကလည်း အဲဒီ ဆော်ဒီပရိုလိဂ် ကလပ် ကိုပဲ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် အာဆင်နယ် ပရိသတ်တွေ အနေနဲ့ နည်းပြ မီခဲလ် အာတေးတား ပြောသလိုပဲ အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ စပရိုက်စ် အပြောင်းအရွှေ့တွေ မြင်တွေ့ရမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်