နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာဆေးလ်ရဲ့ အန်ဒို အတွက် ပေါင် ၁၂ သန်းတန် ကမ်းလှမ်းချက်ကို ပယ်ချသွားတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်း ကတော့ သူတို့ရဲ့ ဂျပန် ကွင်းလယ်လူ ဝါတာရု အန်ဒို အတွက် မာဆေးလ်ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုတွေ လုံးဝ လုပ်ဆောင်ခြင်း မရှိသေးတဲ့ လစ်ဗာပူးလ်က သူတိုရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဝါတာရု အန်ဒို အတွက် လီဂူးဝမ်း ကလပ် မာဆေးလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားခဲ့တယ်လို သတင်းတွေမှာ ဖော်ပြထားပါတယ်။

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီက သူတိုရဲ့ အဓိက ပစ်မှတ်ကစားသမားတွေ ဖြစ်တဲ့ မွိုက်စ် ကိုင်စီဒိုနဲ့ လာဗီယာ တို့ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ အတွက် အသက် ၃၁ နှစ် အရွယ် ဂျပန် လက်ရွေးစင် ကွင်းလယ်လူ အန်ဒို ကို စတုဂတ် ကနေ ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်သား ဝါတာရု အန်ဒိုက ပရီးမီးယားလိဂ် ကလပ်မှာ မထင်ထားပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဖာဘင်ဟို၊ ဟန်ဒါဆန်၊ မီနာ၊ ချိန်ဘာလိန်နဲ့ နာဘီ ကေတာ တို့ကို ကစားသမားတွေကို ရောင်းချခဲ့ပြီး ဒီကစားသမားတွေရဲ့ နေရာမှာတော့ ဆဘို့ဇ်လိုင်း၊ မာ့ခ် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်နဲ့ အန်ဒို တိုနဲ့ ပြန်လည် ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန် လက်ရွေးစင် ကွင်းလယ်ကစားသမား အန်ဒိုက မထင်မှတ်ပဲ လစ်ဗာပူးလ်ရဲ့ ကွင်းလယ်ပိုင်း အတွက် အားထားရတဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား အန်ဒိုကို မာဆေးလ် နည်းပြသစ် ရောဘတ်တို ဒီဇာဘီက သူရဲ့ အသင်း အတွက် ဆောင်သွားဖို စိတ်ဝင်စားလာခဲ့ပြီး တခြားသော ကလပ်တွေ ကလည်း အန်ဒိုကို စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဥရောပထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေတဲ့ အန်ဒိုကို လက်ဦးမှု ရယူဖို့ အတွက် မာဆေးလ်က ခပ်မြန်မြန်ပဲ ကြိုးပမ်းလာခဲ့ပြီး ကနဦး ပေါင် ၁၂ သန်းတန် ကမ်းလှမ်းချက်နဲ့ လစ်ဗာပူးလ်ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားသစ်တွေ မဖြည့်တင်းရသေးတဲ့ လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ခြေစွမ်းပြ ကစားသမား အန်ဒို အတွက် ကမ်းလှမ်းချက်တွေကို ချက်ချင်းဆိုသလိုပဲ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ ဒီနွေမှာ သီယာဂို အဲလ်ကန်တာရာလို ကွင်းလယ် ကစားသမားကို အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်လို့ လက်လွတ်ထားခဲ့ရပါသေးတယ်။ ဒါ့ကြောင့် အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ကစားသမား တစ်ဦးလောက် ထပ်မံ ဖြည့်တင်းသွားရဖို့ ရှိနေပြီး အန်ဒိုကို အသင်းမှာ ဆက်ထိန်းက ရောင်းချဖို့ အစီအစဉ် လုံးဝ မရှိသေးပါဘူး။ ဒါကြောင့် လစ်ဗာပူးလ်က အန်ဒိုကို လက်လွှတ်ဖို့ထက် ကစားသမားသစ် ခေါ်ယူဖို့ အတွက်သာ လုပ်ဆောင်သွားဖွယ် ရှိနေ ပါတယ်။

မာဆေးလ်ဟာ အခု နွေရာသီမှာ ဈေးကွက်မှာ ဂွမ်ဒူဇီ၊ အော်ဘာမီယန်း၊ ဗစ်တင်ဟာ၊ အန်ဒီယာရီ တို့လို ကစားသမားတွေကို လက်လွှတ်ထားခဲ့ရပြီးတော့ ဂရင်းဝုဒ်၊ ကိုနေးနဲ့ ဘရက်ဆိုင်ယာနဲ့ ဟွိုက်ဘယက်ဂျ်တို့ ၄ ဦး ကိုတော့ ပြန်လည် ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်ရဲ့ ကျောနံပါတ် ၁၄ တိုက်စစ်မှူး အက်ဒီ အန်ကတ်တီးယားကို ခေါ်ယူဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်