နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကူဘို အတွက် လစ်ဗာပူးနဲ့ ဆွေးနွေးထားခြင်း မရှိဘူးလို့ ငြင်းဆန်ခဲ့တဲ့ ဆိုစီဒက် ဥက္ကဌ | ပရီးမီးယားလိဂ်

ရီးရဲလ်ဆိုစီဒက် အသင်းရဲ့ ဂျပန် ကြယ်ပွင့် တာကာဖူဆာ ကူဘို ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ သတင်း‌တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်ရဲ့ ဥက္ကဌ ဂျိုကင် အပါရီဘေ ကတော့ သူတို့ အသင်းရဲ့ တောင်ပံ ကစားသမား အတွက် လစ်ဗာပူးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခြင်း မရှိဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။ 

အခုတစ်ပတ် အစောပိုင်းမှာ ဂျပန် သတင်းဌာန တချို့က လစ်ဗာပူးလ်ဟာ ကူဘိုကို ခေါ်ယူဖို့ အတွက် စေ့စပ်ညှိနှိုင်းမှုတွေ အဆင်ပြေလျက်ရှိပြီး အပြုသဘောဆောင်တဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုစီဒက် ဘက်ကတော့ ကူဘိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လုံးဝ မဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့တာ မဟုတ်ပဲ အခုနွေရာသီမှာ အသက် ၂၃ နှစ် အရွယ် ကစားသမားကို အသင်းမှာ ထိန်းသိမ်းထားချင်တဲ့ သဘောမျိုးပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်ဆိုစီဒက်ဟာ ဂမ်ဘာ အိုဆာကာနဲ့ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ ဂျပန်နိုင်ငံ အိုဆာကာကို ရောက်ရှိနေပါတယ်။ 

အပါရီဘေက စပိန် နာမည်ကြီး သတင်းစာ မွန်ဒို ဒီပို့တီဗို ကနေ တဆင့် “ဘယ်အသင်းနဲ့မှ ညှိနှိုင်းမှုတွေ မရှိပါဘူး။ ကျွန်ုပ်တို့ စျေးကွက်ထဲမှာ ရှိနေပါတယ်၊ ဘာမဆိုဖြစ်သွားနိုင်ပေမယ့် တာကာက ဆိုစီဒက် အသင်းမှာ ပျော်ရွှင်နေပြီး ဆက်လည်း ရှိနေမှာပါ။ ကူဘိုကို အရမ်းချစ်ပါတယ်၊ သူ့ အနေနဲ့ ဆိုစီဒက်မှာ ထာဝရရှိနေဖို့လည်း မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကူဘိုဟာ ဂျပန် ကလပ် အက်စီ တိုကျိုမှာ ကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ ကူဘိုဟာ အသက် ၁၀ နှစ် အရွယ်မှာတင် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီကို ရောက်ရှိခဲ့ပြီးတော့ ဖီဖာရဲ့ စည်းမျဉ်း တချို့ကြောင့် စပိန် ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ယိုကိုဟားမား အက်ဖ် မာရီနို့စ်နဲ့ အက်စီ တိုကျိုနဲ့ ဂျပန် လက်ရွေးစင် အသင်းတွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂျပန် မက်ဆီ တဖြစ်လဲ ကူဘိုကို ရီးရဲလ်မက်ဒရစ်က တော်ကောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကူဘိုဟာ လာလီဂါ ထိပ်သီး ကလပ်မှာ ကစားခဲ့ရခြင်း မရှိပဲ မာယော့ကာ၊ ဗီလာရီးရဲလ်၊ ဂီတာဖေး တို့မှာ အငှားချခြင်း ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ်က ကူဘိုကို ဆိုစီဒက် အသင်းထံ အပြီးသတ် ရောင်းချခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းခြေစရှိတဲ့ ဂျပန်သားလေးဟာ ဆိုစီဒက် ရောက်ရှိချိန်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၈၅ ပွဲ အထိ ပွဲထွက်ကစားခွင့်ရခဲ့သလို ဂိုးဖန်တီးမှု အကြိမ် ၃၀ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့နောက် အမှီလိုက်နိုင်ဖို့ ကူဘိုဟာ လစ်ဗာပူးလ် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်သူပါ။ ဒါကို သိတဲ့ အာနေး ဆလော့တ်က ကူဘိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေသလို အခြားသော တောင်ပံ ကစားသမားတွေကိုလည်း စောင့်ကြည့်လျက် ရှိပါတယ်။ 

လစ်ဗာပူးလ်တို့ စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမားတွေထဲ မှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ် အသင်းက အန်တိုနီ ဂေါ်ဒွန်လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ဒါက ကောလာဟလ သက်သက်သာသာ ဖြစ်ဖို့ များပြီးတော့ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် ကတော့ ဂေါဒွန်ကို ဒီနွေရာသီ အသင်း ကနေ လုံးဝ ထွက်ခွာမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်