နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခု နွေရာသီ အာဆင်နယ် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမား ၄ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အထွက်တွေသာ ရှိပြီး အဝင် မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ ထိပ်တန်း ကစားသမား အများအပြားကို ပစ်မှတ်ထားနေပေမယ့် လက်ရှိ အချိန်ထိတော့ ဘရန့်ဖို့ဒ်က အငှားနဲ့ ခေါ်ယူထားတဲ့ ဒါးဗစ် ရာယာကို အပြီးသတ် ခေါ်ယူခဲ့ခြင်းနဲ့ အေဂျက်စ် ကြယ်ပွင့် ဂိုးသမားလေး ဆတ်ဖို့ဒ်ကို ခေါ်ယူထားခြင်းသာ ရှိထားပါသေးတယ်။

အာဆင်နယ်ရဲ့ ကစားသမား အထွက်စာရင်းမှာတော့ ၉ ယောက် အထိ ရှိထားပြီး တချို့က အငှား၊ တချို့က အလွတ်၊ တချို့က အငှားအရင်ချပြီးမှ အပြီးသတ် ရောင်းချမယ့် စာချုပ်တွေနဲ့ ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။ လက်ရှိ ရာသီကြို ခြေစမ်းပွဲတွေ စတင်တော့မယ့် အချိန်မှာလည်း အာဆင်နယ်က ကစားသမား တချို့ကို လက်လွှတ်သွားဖို့ ရှိနေဆဲ ဖြစ်ပြီး ဘယ်သူတွေ ဖြစ်နိုင်မလဲ ဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အာရွန် ရမ်းစ်ဒေးလ်

ဒီနွေရာသီ ဈေးကွက်မှာ အာဆင်နယ် ကနေ ထွက်ခွာဖို့ သတင်းအကြီးဆုံး ကစားသမား ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ဂိုးသမား ဒါးဗစ် ရာယာကို ခေါ်ယူလိုက်ခြင်းနဲ့ အတူ အရန်ခုံကို ရောက်သွားတဲ့ ရမ်းစ်ဒေးလ်က ပရိသတ် အချစ်တော် ကစားသမား ဖြစ်ပေမယ့် ဒီပုံအတိုင်းတော့ သူ့ရဲ့ အခြေအနေကို သဘောတွေ့နေမှာ မဟုတ်ပါဘူး။ အာဆင်နယ် အတွက် ကစားခွင့်ရချိန်တိုင်းမှာ အပြည့်အဝ ပေးဆပ်တတ်ပေမယ့် နည်းပြ မီခဲလ် အာတေးတား လက်စွမ်း ပိုပြီး တည်ငြိမ်တဲ့ ဒါးဗစ် ရာယာ ကိုသာ နေရာပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သေချာတာက အာဆင်နယ် အနေနဲ့ ရမ်းစ်ဒေးလ်ကို လက်လွှတ်ရမယ် ဆိုရင်တောင် ပြောင်းရွှေ့ကြေး နည်းနည်းနဲ့တော့ လက်လွှတ်မှာ မဟုတ်ပါဘူး။

 

ကီရင် တီယာနေး

ဒီကစားသမား ကလည်း အာဆင်နယ် ပရိသတ်တွေ တော်တော်များများ ချစ်ကြတဲ့ ကစားသမား ဖြစ်ပါတယ်။ ဆဲလ်တစ် ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ဘယ်နောက်ခံလူ နေရာမှာ အကောင်းဆုံး အသုံးတော်ခံခဲ့တဲ့ တီယာနေးက ဒဏ်ရာ ပြသနာတွေသာ မရှိရင်၊ သမားရိုးကျ ကစားပုံထဲ ကနေ ဖောက်ထွက်နိုင်တဲ့သူ ဖြစ်ရင်တော့ သေချာပေါက် အာတေးတား လက်မလွှတ်မယ့် ကစားသမား ဖြစ်ပါတယ်။ တီယာနေးဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း လာလီဂါ ကလပ် ရီးရဲလ်ဆိုစီဒက်ကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

 

သောမက်စ် ပါတေး

အာဆင်နယ် ကွင်းလယ်က ရေဘဝဲကြီး ပါတေး ကလည်း အသက်အရွယ်ရလာတာက တစ်ကြောင်း မကြာခဏ ဒဏ်ရာရနေတတ်တာက တစ်ကြောင်း အမ်းမရိတ်စ်က စွန့်ခွာရဖွယ် ရှိနေသူ ဖြစ်ပါတယ်။ တစ်ချိန်က အာတေးတားရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ပေမယ့် ကြံ့ခိုင်မှု မပြည့်ဝခြင်းက သူ့ရဲ့ ပွဲထွက်ကစားခွင့်နဲ့ အာတေးတားရဲ့ ယုံကြည်မှုကို လျော့ကျသွားစေခဲ့တယ်လို့ပဲ ဆိုရမှာပါ။ လက်ရှိမှာ ပါတေးကို ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူချင်နေပြီး ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ လက်လွှတ်သွားမလဲ ဆိုတာတော့ မသိရသေးပါဘူး။

 

အီမိုင်းလ် စမစ်ရိုးဝ်

လက်ရှိမှာ ပါတေးကို ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူချင်နေပြီး ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ လက်လွှတ်သွားမလဲ ဆိုတာတော့ မသိရသေးပါဘူး။
မီခဲလ် အာတေးတားရဲ့ ကစားကွက်နဲ့ အံမဝင်တော့တဲ့ စမစ်ရိုးဝ်

ဒီကစားသမား ကိုတော့ လက်တလော ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ်က လိုချင်နေပြီး အာဆင်နယ် ကတော့ ပထမတစ်ကြိမ် ကမ်းလှမ်းမှုထက် ပိုလိုချင်နေပါတယ်။ သူကလည်း တစ်ချိန်က အာဆင်နယ်ကို ပြန်လည် တည်ဆောက်နေဆဲ ကာလမှာ အကောင်းဆုံး အသုံးတော်ခံခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စမစ်ရိုးဝ်ဟာ အာတေးတား တည်ဆောက်နေတဲ့ ပုံစံနဲ့ အခုချိန်ထိ အံဝင်လာခြင်း မရှိတာကြောင့် အရန်ခုံ ထိုင်နေရသူ ဖြစ်ပါတယ်။ ဒါကြောင့် စမစ်ရိုးဝ် အခြား အသင်း တစ်သင်းကို ပြောင်းရွှေ့တာက နှစ်ဦး နှစ်ဖက် အတွက် အကျိုးရှိမယ့် ကိစ္စ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ စမစ်ရိုးဝ် အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းထုတ်ဖို့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်