နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီဒါဆင် နေရာမှာ ရေရှည်အစားထိုးဖို့ ဒွန်နာရမ်းမားကို စိတ်ဝင်စားနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ကတော့ အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ ဂိုးသမား အီဒါဆင် မိုရေးစ် နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီက ဂီယန်လူဂျီ ဒွန်နာရမ်းမားကို စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အီတလီက လာတဲ့ သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး ဂိုးသမား အီဒါဆင်က ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေတာပါ။ ဒါကြောင့် မန်စီးတီးက သူတို့ အသင်းရဲ့ ဂိုးပေါက်ကို ရေရှည် ကာကွယ်နိုင်မယ့်သူ အဖြစ် အီတလီ လက်ရွေးစင် ဂိုးသမား ဒွန်နာရမ်းမားကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်တဲ့ အီဒါဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ခါနီးလောက်မှာ ကစားတဲ့ စပါးနဲ့ ပွဲက ဖြစ်ရပ်တွေကြောင့် နည်းပြ ပပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေးပိုင်းမှာ အဖုအထစ်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဘယ်လောက်ပဲ စွမ်းဆောင်ရည်ကောင်းနေပါစေ နည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေရင် ရောင်းထုတ်ဖို့ ဝန်မလေးတဲ့ အသင်း ဖြစ်နေတာကြောင့် အီဒါဆင်ကို ဟာဘီးဘီ တို့ဆီ လက်လွှတ်မယ် ဆိုတဲ့ သတင်းတွေ ကလည်း မှားစရာတော့ မရှိပါဘူး။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ အီဒါဆင်ကို အချိန်ဆွဲမနေပဲ ဒီနွေရာသီမှာတင်ပဲ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဘရာဇီးလ် ဂိုးသမား အီဒါဆင်ဟာ ရော်နယ်ဒိုရဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာဆီ ပြောင်းရွှေ့ဖို ရှိခဲ့ပေမယ့်လည်း အဲလ်နာဆာက အီဒါဆင် အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် မပေးခဲ့ပဲ တခြား ဂိုးသမား တစ်ဦး ကိုသာ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ကြီးကြီးမားမား ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အဲလ်အစ်တီဟတ်က မကြာခင် အချိန်အတွင်းမှာပဲ အီဒါဆင်ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းသွားဖို့ ရှိလာခဲ့တာပါ။ ပေါင် သန်း ၅၀ ဆိုတဲ့ ပမာဏဟာ မန်စီးတီး အတွက် သင့်လျော်တဲ့ ပမာဏ ဖြစ်နေတာကြောင့် ငြင်းဆန်နိုင်ဖွယ်လည်း မရှိပါဘူး။

လက်ရှိ ကလပ်မှာ အော်တီဂါလို စိတ်ချရတဲ့ ဂိုးသမား ရှိနေပေမယ့် မန်စီးတီးက ရေရှည် အတွက် စဉ်းစားပြီး ဒွန်နာရမ်းမားလို့ ထိပ်တန်း ဂိုးသမား တစ်ဦးကို ခေါ်ယူ အားဖြည့်ချင်တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် အေစီမီလန် ဂိုးသမားဟောင်း ဒွန်နာရမ်းမားဟာ ၂၀၂၁ ခုနှစ်မှာ အေစီမီလန် ကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ ပီအက်စ်ဂျီနဲ့ ၃ ရာသီ ဖြတ်သန်းထားပြီး ဖြစ်ပါတယ်။ ဒွန်နာရမ်းမားဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းက ၂ နှစ်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် လီဂူးဝမ်း ကလပ် ဘက်ကလည်း စာချုပ် သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တစ်ချက်ရှိတာက ဒွန်နာရမ်းမားက ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ပြောခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်နေပါတယ်။
ဒွန်နာရမ်းမားကို ခေါ်ယူဖို့ ခက်ခဲဖွယ် ရှိနေတဲ့ မန်စီးတီး

ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ပြင်သစ် ထိပ်သီး ကလပ်မှာ ပျော်ရွှင်နေသလို စာချုပ်ကိစ္စ အတွက်လည်း ဆွေးနွေးနေတာကြောင့် မန်စီးတီးတို့ ဘယ်လိုရအောင် ကြိုးပမ်းသွားမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ တစ်ချက်ရှိတာက ဒွန်နာရမ်းမားက ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ပြောခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်