နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာမှာ တစ်ရာသီထဲ ကစားပြီး အဲလ်အစ်တီဟတ်ကို ပြောင်းတော့မယ့် မူဆာ ဒီယာဘီ | ပရီးမီးယားလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ တောင်ပံကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ထုံးစံ အတိုင်း ဒီသတင်း ကိုလည်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပြီး အဲလ်အစ်တီဟတ်ဟာ ဒီယာဘီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ တန် စာချုပ်နဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် ညာတောင်ပံ ကစားသမား မူဆာ ဒီယာဘီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ လေဗာကူဆင် ကနေ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဗီလာဟာ သူ့ကို ခေါ်ယူခဲ့စဉ်က ယူရို ၅၅ သန်း အသုံးပြုခဲ့ရပေမယ့် အဲလ်အစ်တီဟတ် ကိုတော့ ယူရို သန်း ၆၀ နဲ့ ပြန်လည် ရောင်းချတော့မှာ ဖြစ်ပါတယ်။ မူဆာ ဒီယာဘီဟာ ပရီးမီးယားလိဂ် ကလပ် ဗီလာနဲ့ တစ်ရာသီသာ ဖြတ်သန်းပြီးချိန်မှာပဲ ဆော်ဒီပရိုလိဂ် ကလပ်ဆီ ထပ်မံ ပြောင်းရွှေ့ရတော့မှာလည်း ဖြစ်ပါတယ်။

လေဗာကူဆင် အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ ပီအက်စ်ဂျီ အကယ်ဒမီထွက် ဒီကစားသမားဟာ ဘွန်ဒက်စ်လီဂါမှာ ၄ ရာသီ အတွင်း ပွဲပေါင်း ၁၇၂ ပွဲ ကစားကာ ၄၉ ဂိုး သွင်းယူခဲ့ပါတယ်။ အထောင်တိုက်စစ် အပြင် ညာတောင်ပံ၊ ဘယ်တောင်ပံ၊ နောက်ချန် တိုက်စစ် နေရာတွေမှာပါ ကစားနိုင်တဲ့ ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီမှာ အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းကာ ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့သူပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ခြေစွမ်းပြ ကစားသမား တစ်ဦးကို တစ်ရာသီပဲ အသင်းမှာ ထားပြီး ရောင်းထုတ်ခဲ့တာ ကတော့ အကျိုးအမြတ်ကြောင့်လား ဆိုတာ စဉ်းစားစရာပါ။

အဲလ် အစ်တီဟတ်က ဆော်ဒီပရိုလိဂ်မှာ ချန်ပီယံဆု ၃ ကြိမ် ရရှိထားပြီး ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ ဘန်ဇီမာ၊ ကန်တေ၊ ဖာဘင်ဟို တို့လို ကစားသမားကောင်းတွေ ခေါ်ယူထားခဲ့တဲ့ အဲလ်အစ်တီဟတ်က ပြီးခဲ့တဲ့ ရာသီမှာတော့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ရာသီသစ်မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ အဲလ်အစ်တီဟတ်ဟာ အစောပိုင်းမှာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်တဲ့ မိုဆာလာ ကို ခေါ်ယူချင်ခဲ့ပါသေးတယ်။လက်ရှိမှာ အဲလ်အစ်တီဟတ်က ရိုးမားက ပြင်သစ် ကွင်းလယ်လူ ဟူဆင်မ် အာဝါးကို ခေါ်ယူထားခဲ့ပြီးတော့ အခုလည်း ပြင်သစ် တောင်ပံကစားသမား ဒီယာဘီ ကိုပါ ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေ အရ ဆိုရင်တော့ အဲလ်အစ်တီဟတ်က မန်စီးတီး ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနားနဲ့လည်း သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို ဂိုးသမား အီဒါဆင် မိုရေးစ် ကိုပါ ထပ်မံ ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်