နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျ ချေပဂိုးနဲ့ ခရိုအေးရှားကို အနိုင်ယူပြီး ရှုံးထွက်တက်ခဲ့တဲ့ လက်ရှိ ချန်ပီယံ | ယူရို ၂၀၂၄ (ပွဲပြီးသုံးသပ်ချက်)

ခရိုအေးရှား ၁-၁ အီတလီ

ယူရို ၂၀၂၄ အုပ်စု (B)ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ အီတလီနဲ့ ခရိုအေးရှားတို့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် အီတလီက စပိန်နဲ့ အတူ ၁၆ သင်း အဆင့် ရှုံးထွက်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ခရိုအေးရှား ကတော့ စိတ်မကောင်းစွာနဲ့ပဲ ပြိုင်ပွဲကို စောစောစီးစီး လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ရှုံးထွက်တက်ဖို့ မဖြစ်မနေ နိုင်ပွဲ ရရှိဖို့ လိုအပ်တာကြောင့် အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ ခရိုအေးရှား ဘက်မှာ လစ်ဗာကိုဗစ်၊ ဆူတာလို၊ ပွန်ဂရက်ချစ်၊ စတန်နီဆစ်၊ ဂဗာဒီယိုလ်၊ ဘရိုဇိုဗစ်၊ ကိုဗာချစ်၊ မိုဒရစ်၊ ပါဆာလစ်၊ ကရာမာရစ်၊ ဆူချစ် တို့ ပါဝင်လာခဲ့ပါတယ်။ အီတလီ ကတော့ လူစာရင်းပိုင်း အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ ကစားကွက် အခင်းအကျင်းတော့ အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။ ခံစစ် ၃ ယောက်တန်းမှာ ဘက်စတိုနီ၊ ကာလာဖီအိုရီ၊ ဒါမီယန်၊ ကွင်းလယ် မှာ‌တော့ ပယ်လီဂရီနီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာ၊ ဒီလော်ရန်ဇို၊ ဒီမာကို၊ တိုက်စစ်မှာတော့ ရက်တီဂူအီနဲ့ ရက်စ်ပါဒိုရီတို့ ပွဲထွက်ခဲ့ပါတယ်။

အီတလီထက် ဖိအား ပိုများနေခဲ့တဲ့ ခရိုအေးရှားက ဒီနေ့ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရဖို့ တိုက်စစ်ဖွင့် ကစားလာခဲ့ပြီးတော့ ပထမပိုင်းမှာ ခြေစွမ်းပိုင်းလည်း သာခဲ့ပါတယ်။ ခရိုအေးရှားတို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီးတော့ အီတလီ ကလည်း တစ်ချက်တစ်ချက်မှာ ထိထိရောက်ရောက် ပြန်လည် ကစားနိုင်ခဲ့ပါတယ်။ သွင်းဂိုး ကတော့ ဒုတိယပိုင်းမှ ရခဲ့တာ ဖြစ်ပြီး ခရိုအေးရှား အတွက် ဦးဆောင်ဂိုး ကိုတော့ မိုဒရစ်က သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မိုဒရစ်ဟာ ယူရို သမိုင်းတစ်လျှောက် အသက်ကြီးဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဂိုး မတိုင်ခင် မိုဒရစ်ရဲ့ ပင်နယ်တီ ကန်သွင်းမှု ကိုတော့ အီတလီ ဂိုးသမား ဒွန်နာရူးမားက ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ 

အီတလီ အနေနဲ့ ရှုံးထွက် အဆင့် မှာတော့ ဂျာမနီနဲ့ အတူ ယူရို ၂၀၂၄ ရှုံးထွက်တာလာတဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လက်ရှိ ခြေစွမ်းအတိုင်း ဆိုရင်တော့ လွယ်ကူဖို့တော့ မရှိပါဘူး။
ယူရို ၂၀၂၄ အုပ်စု အဆင့် ကနေ လက်ပြခဲ့ရပြီ ဖြစ်တဲ့ ခရိုအေးရှား

ခရိုအေးရှား ဦးဆောင်ဂိုး သွင်းယူလိုက်ချိန်မှာတော့ အီတလီဟာ အုပ်စု ပွဲစဉ် ၃ ပွဲ ကစားပြီး ရမှတ် ၁ မှတ်ထဲနဲ့ အိမ်ပြန်ရမယ့် အခြေအနေအထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပယ်လက်တီရဲ့ အသင်းက လိုအပ်နေတဲ့‌ ချေပဂိုး ရရှိဖို့ အတွက် တိုက်စစ် အစွမ်းကုန် မြှင့်လာခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၈ မိနစ် မှာတော့ လိုအပ်နေတဲ့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ကာလာဖီအိုရီက ကွင်းလယ် ကနေ ဘောလုံးကို တောက်လျှောက် ဆွဲတက်လာပြီးတော့ ပြန်လည် ချပေးတာကို ဇကာညီက လှလှပပ ကန်သွင်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး အီတလီတို့ အုပ်စု ဒုတိယအဖြစ်နဲ့ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အီတလီ အနေနဲ့ ရှုံးထွက် အဆင့် မှာတော့ ဂျာမနီနဲ့ အတူ ယူရို ၂၀၂၄ ရှုံးထွက်တာလာတဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လက်ရှိ ခြေစွမ်းအတိုင်း ဆိုရင်တော့ လွယ်ကူဖို့တော့ မရှိပါဘူး။ ယူရို လက်ရှိ ချန်ပီယံ အီတလီရဲ့ ကစားပုံက သူတို့ရဲ့ ထုံးစံအတိုင်း လေးပင်လွန်းနေပြီး တိုက်စစ်ပိုင်း ကလည်း အားရစရာ မတွေ့ရသေးပါဘူး။ ခရိုအေးရှား ကလည်း ဒီနှစ်မှာ ခြေစွမ်းပိုင်း တော်တော်လေး ကျသွားတာ တွေ့ရပြီး အဓိက ကတော့ အရည်အသွေးမြင့် ကစားသမားတွေ နည်းပါးနေတာက ခရိုအေးရှားကို ကျရှုံးစေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်