နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို ပြောင်းချင်လို့ ကိုယ်တိုင် ကမ်းလှမ်းခဲ့တဲ့ ကယ်ဗင် ဖီးလစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ သူကိုယ်တိုင်ပဲ ကမ်းလှမ်းသွားခဲ့တယ်လို့ သိရပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ အတူ တောက်ပခဲ့တဲ့ ဒီအင်္ဂလန် ကစားသမားက မန်စီးတီးမှာ ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်ခဲ့ရသလို ဝက်စ်ဟမ်းကိုလည်း အငှားနဲ့ ထွက်ကစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

၂၀၂၂ ခုနှစ် ဇွန်လမှာ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တဲ့ ဖီးလစ်ဟာ ၆ လ အကြာမှာပဲ ဝက်စ်ဟမ်းကို အငှားနဲ့ ထွက်ကစားခဲ့ရသူပါ။ လန်ဒန် ကလပ်မှာလည်း ဖီးလစ်ဟာ ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖီးလစ်ဟာ ဝက်စ်ဟမ်းနဲ့ အငှား စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် မန်စီးတီးကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးတီး ဘက်ကတော့ သူတို့ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဖီးလစ်ကို ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပြီး ကမ်းလှမ်းမှုတွေကိုလည်း လက်ခံစဉ်းစားဖို့ ရှိနေတယ်လို့ သိရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် အသက် ၂၈ နှစ် အရွယ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာဖို့ အတွက် ဘာစီလိုနာ အသင်းထံ ကိုယ်တိုင် သွားရောက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကလည်း ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ရှာဖွေနေပြီး ကစားသမား ကတော့ သူ့ရဲ့ ကစားဟန်က ဘာစီလိုနာရဲ့ Barca DNAနဲ့ ကိုက်ညီမှု ရှိနိုင်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။

ဖီးလစ်ကို ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ကမ်းလှမ်းထားတာတွေ ရှိနေပေမယ့်လည်း သူကိုယ်တိုင် ကတော့ ဖိအားနည်းတဲ့ တခြားလိဂ် တစ်ခုကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ကယ်ဗင် ဖီးလစ်ကို ပေါင် ၂၅ သန်းလောက် ရရင် ရောင်းထုတ်သွားဖွယ် ရှိနေသလို အဆင်မပြေရင်တော့ အငှားထပ်ချသွားဖို့ စဉ်စားနေတယ်လို့ သိရပါတယ်။

စပိန်က လာတဲ့ သတင်းတွေ မှာတော့ ဘာစီလိုနာ ဟာ ဘက်တစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂီဒို ရိုဒရီဂွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဦးစားပေး စဉ်းစားနေတာကြောင့် ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ မစဉ်းစားသေးဘူးလို့လည်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ ကွင်းလယ်လူ ရိုမီယူကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေပြီး ဒီကစားသမား ကိုတော့ ဂီရိုနာက ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကတ်တာလန် ကလပ်က ရိုမီယူရဲ့ နေရာ အတွက် ကစားသမားသစ် တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေ ဖြစ်ပြီး ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေး အသုံးပြုပြီး ခေါ်ယူဖို့ထက် အလွတ်နဲ့ ရမယ့်သူတွေကို ချောင်းနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကယ်ဗင် ဖီးလစ် တစ်ယောက် ဘာစီလိုနာကို လိုလိုလားလား ပြောင်းချင်နေပေမယ့် တစ်ဖက်မှာ ကတ်တလန် ကလပ်က ဘဏ္ဍာရေး ပြသနာတွေ ဖြေရှင်းနေရဆဲ ဖြစ်လို့ သူ့ အတွက် ပေါင် ၂၅ သန်းလောက်ကို အသုံးပြုဖို့ မသေချာပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်