နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ် ထွက်ရင် ဒီဇာဘီနဲ့ အစားထိုးမယ်လို့ သတင်းတွေ ထွက်လာပြန်တဲ့ ယူနိုက်တက်  | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ် ဖြစ်ခဲ့ရင်တော့ ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီကို အစားထိုး ခန့်အပ်ဖို့ ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ပဲ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရော်ဘတ်တိုကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး ကီရန် မက်ကန်နာ၊ သောမက်စ် ဖရန့်ခ်၊ သောမက်စ် တူချယ်၊ မော်ရူစီယို ပိုချက်တီနို တို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ လက်တလော ရရှိတဲ့ သတင်းတွေ အရ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ယူပေးခဲ့တဲ့ တန်ဟက်ဂ်ကို အသင်းမှာ ဆက်ထိန်းထားလိုတယ် ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပြန်ပါတယ်။

ယူနိုက်တက် အနေနဲ့ အခု တစ်ပတ် အတွင်း ရာသီသစ် အတွက် စေ့စေ့စပ်စပ် ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်မယ်လို့ သိရပြီး ယူနိုက်တက် အနေနဲ့ စာချုပ်သက်တမ်း တစ်နှစ်သက်တမ်း ကျန်နေသေးတဲ့ တန်ဟက်ဂ်ကို ဆက်လက် တာဝန်ပေးမပေးကိုလည်း ဆုံးဖြတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

နယ်သာလန်သား နည်းပြဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် အက်ဖ်အေဖလား ရယူပေးခဲ့ပြီး ဖလားလက်မဲ့ ရာသီ အဖြစ် ဖြတ်သန်းရမယ့် အရေး ကနေ လွတ်မြောက်စေခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကလပ်ပါဆိုတဲ့ မန်ချက်စတာစီးတီးကို နည်းဗျူဟာ ကောင်းကောင်းနဲ့ အနိုင်ယူပြခဲ့သူ ဖြစ်တာကြောင့် ကလပ် ဘက်က သေချာပြန်ပြီး သုံးသပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ် လက်ထက်မှာ ကိုဘီ မိန်းနူး၊ ဂါနာချို၊ ကမ်ဘွယ်လား တို့လို လူငယ်ကြယ်ပွင့်တွေ ပေါ်ထွက်လာတာကြောင့်လည်း ယူနိုက်တက် အတွက် နည်းပြ ကိစ္စက ဒွိဟဖြစ်နေစေခဲ့တာပါ။

လက်တလော ရရှိတဲ့ သတင်းတွေ အရ ဘရိုက်တန်နဲ့ လမ်းခွဲထားတဲ့ ဒီဇာဘီကို ယူနိုက်တက်က မျက်စိကျလျက် ရှိပြီး ဒီနည်းပြ ကလည်း လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။ တစ်ဖက်မှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကလည်း နည်းပြသစ် ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ဒီဇာဘီ နဲ့လည်း သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ လန်ဒန် ကလပ်က လက်စတာစီးတီး နည်းပြ အန်ဇို မာရက်စ်ကာနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် မက်ကန်နာ ဆိုရင် အစ်ပ်ဆွစ်ချ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီဇာဘီ ကတော့ ဘယ်အသင်းနဲ့မှ စကားမပြောရသေးကြောင်း ဖွင့်ဟထားပါတယ်။

ဒီဇာဘီဟာ အသင်းငယ်လေး ဘရိုက်တန်ကို အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဘရိုက်တန်က ယူရိုပါလိဂ် ကစားခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း ပြိုင်ဘက် အသင်းတွေ သတိထား ကစားရတဲ့ အထိ တောင့်တင်းစေခဲ့သူ ဖြစ်ပါတယ်။ ဒီနည်းပြ ကိုတော့ ယူနိုက်တက် အပြင် အခြားသော ဥရောပထိပ်သီး ကလပ်တွေ ကလည်း မျက်စိကျနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်