နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ်တီဟတ်မှာ ကြိုးကြာနီတို့ အသာရဖို့ မဖြစ်နိုင်သေးဘူး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – လစ်ဗာပူးလ် 

အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ် ကတော့ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ ကစားကြမယ့် ပွဲဖြစ်ပါတယ်။ နှစ်သင်းအကြားမှာ ရမှတ် ကွာဟချက် ကျဉ်းမြောင်းနေသလို ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲဖြစ်တာကြောင့်လည်း စိတ်ဝင်စားစရာ ကောင်းလာဦးမှာ သေချာပါတယ်။

မန်စီးတီးဟာ အဓိက ပြိုင်ဘက် အာဆင်နယ်ကို အရေးနိမ့်ပြီး ကတည်းက ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိပဲ ၅ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင် ချဲလ်ဆီးနဲ့ ၄ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပြီး အဲ့ဒီပွဲမှာ မန်စီးတီးတို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိ အမှတ်ပေးဇယား ဒုတိယနဲ့ တတိယနေရာက လစ်ဗာပူးလ်နဲ့ အာဆင်နယ်ကို ၁ မှတ်စီသာ ဖြတ်ထားနိုင်သလို စပါးနဲ့ ၂ မှတ်၊ ဗီလာနဲ့ ၃ မှတ်ပဲ ကွာဟနေတဲ့ မန်စီးတီး အတွက် ဒီပွဲက အရေးကြီးပါတယ်။

လစ်ဗာပူးလ် ကလည်း ဒီပွဲကို အနိုင်ကစားနိုင်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာ ဖြစ်တာကြောင့် အပြည့်အဝ အားထည့်လာဖို့ ရှိပါတယ်။ ဒါပေမယ့် အတ်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် မန်စီးတီးကို အရှုံးပေးထားရသလို လက်ရှိ အသင်းရဲ့ ခံစစ်ပိုင်း ကလည်း အားနည်းနေလို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ပွဲတိုင်းလိုလို ဂိုးပေးနေရတဲ့ ခံစစ်က မန်စီးတီး တိုက်စစ်က ထိန်းချုပ်ဖို့ ခက်ခဲနေဦးမှာပါ။ ယာဂင် ကလော့ပ်ရဲ့ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲက ခြေစွမ်းအတိုင်း ကစားနိုင်ရင်တော့ မဆိုးပါဘူး။


နှစ်ဖက်အသင်း သတင်းများ

ပပ် ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ဘက်မှာ ဒဏ်ရာပြသနာနဲ့ ကစားသမားတွေ များပြားနေပါတယ်။ အဓိက အထောင် တိုက်စစ်မှူး အာလင်း ဟာလန်း ခြေချင်းဝတ် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာသလို အီဒါဆင် ကလည်း ခြေဖဝါး ဒဏ်ရာရနေတယ်လို့ သိရပါတယ်။ ဆာဂျီယို ဂိုးမက်ဇ်၊ နေသန် အေခီ၊ မားသီးယပ်စ် နူနက်စ်၊ ကိုဗာချစ်၊ ဒီဘရိုင်းနား၊ ဂျွန်စတုန်းစ် တို့ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကလည်း ဒီပွဲကို အနိုင်ကစားနိုင်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာ ဖြစ်တာကြောင့် အပြည့်အဝ အားထည့်လာဖို့ ရှိပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ဘက်မှာလည်း ဒဏ်ရာရ ကစားသမားတွေ များပြားနေပါတယ်။ သီယာဂို၊ ဘက်ဂျ်စီတစ်၊ အန်ဒီ ရော်ဘတ်ဆန်တို့ ကစားပေးနိုင်ဦးမှာ မဟုတ်သလို ဂရာဗန်ဘက်ချ်၊ ဂျိုး ဂိုးမက်ဇ်၊ ကိုနာတေး၊ ကာတစ် ဂျုံးစ်တို့လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – အီဒါဆန်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ ဝေါလ်ကာ၊ အာကန်ဂျီ၊ ရိုဒရီ၊ ဆေးလ်ဗား၊ အယ်လ်ဗာရက်ဇ်၊ ဖိုဒန်၊ ဒိုခု၊ ဟာလန်း

လစ်ဗာပူးလ် – အလီဆွန်၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ ဆီမီကတ်စ်၊ အာနိုးလ်၊ အန်ဒို၊ ဆဘို့ဇ်လိုင်း၊ ဂက်ခ်ပို၊ နူနက်ဇ်၊ ဆာလာ၊ ဂျိုတာ

ပရီးမီးယားလိဂ်
နယူးကာဆယ် ယူနိုက်တက်
ချဲလ်ဆီး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား နောက်ဆုံး ၃၇ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၁၂ ကြိမ် နိုင်ပြီး လစ်ဗာပူးလ်က ၁၆ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၃ ကြိမ်နိုင်ကာ မန်စီးတီးက ၂ ကြိမ်နိုင်ခဲ့ပါတယ်။ ထူးခြားချက်က အဲ့ဒီ ၅ ပွဲမှာ ၁ ပွဲသာ ဂိုးအောက် ကစားခဲ့ကြပြီး ကျန် ၄ ပွဲစလုံး အပြန်အလှန် သွင်းဂိုးတွေနဲ့ ဂိုးပေါ်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ် ဆိုရင် ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပြီး လစ်ဗာပူးလ် က‌တော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၇၃ ဆ၊ လစ်ဗာပူးလ် နိုင်ရင်တော့ ၃.၈၅ ဆ၊ သရေ အတွက်လည်း ၃.၈၅ ဆ ပါပဲ။ Handicap မှာတော့ မန်စီးတီး က သရေ အရှုံး၊ ၁ လုံး တစ်ဝက်စား ဆိုတဲ့ ကြေးမျိုးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးလောက်က စဖွင့်ပေးထားပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရလေ့ ရှိပြီး ဂိုးလည်း ပေါ်တာ များပါတယ်။ ကစားသမား တော်တော်များများ နိုင်ငံတကာ ပွဲစဉ်တွေ ကစားပြီး ပွဲပန်းလာနိုင်လို့ မျှော်လင့်ထားသလောက် ကြည့်ကောင်းတဲ့ ပွဲဖြစ်ပါ့လား မသေချာပါဘူး။ ကြေးဖွင့်လှစ်မှု အရ မန်စီးတီးကို ပိုပြီး အကြိုက်တွေ့နေသလို အတ်တီဟတ်မှာ လစ်ဗာပူးလ်တို့ နောက်ဆုံး ၂ ကြိမ်ဆက် အသာမရခဲ့တာကြောင့် အိမ်ရှင် အသင်းဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ မန်စီးတီးနဲ့ ဂိုးပေါ် ကြိုက်ပါတယ်။


ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၁ လစ်ဗာပူးလ်


ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်