နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး ကနေ မထွက်ခင် ပိုချက်တီနို ပြောခဲ့တဲ့ စကားကို ဖွင့်ဟခဲ့တဲ့ ကီပါ (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီး ကနေ မထွက်ခင် ပိုချက်တီနို ပြောခဲ့တဲ့ စကားကို ဖွင့်ဟခဲ့တဲ့ ကီပါ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကီပါ အရစ်ဇာဘလာဂါက စတမ်းဖို့ဒ်ဘရစ်ချ် ကနေ မထွက်ခွာခင်မှာ ပိုချက်တီနိုက အသင်းမှာ ဆက်နေစေချင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

စပိန် ဂိုးသမားဟာ အေဒူယာ မန်ဒီ ထွက်ခွာသွားပြီးနောက် ယခုရာသီအစမှာ ချဲလ်ဆီးရဲ့ ပထမဦးစားပေး ပွဲထွက် ဂိုးသမား ဖြစ်လာမယ့်ပုံ ပေါ်ခဲ့ပေမယ့်လည်း ရာသီမစတင်ခင် တစ်ပတ် အလိုမှာပဲ ဘရိုက်တန် ဂိုးသမား ရောဘတ် ဆန်းချက်ဇ်က စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း သီဘောက် ကော့တွိုက်စ်ရဲ့ ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်က အစားထိုး ခေါ်ယူမှု အလျင်အမြန် ပြုလုပ်ခဲ့ရတာ ဖြစ်ပြီး ကီပါက ယခုရာသီကို အငှားနဲ့ စပိန် ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၂၈ နှစ် အရွယ် ဂိုးသမားက ယခုနွေရာသီမှာ ချဲလ်ဆီးက ၎င်းရဲ့ နေရာနဲ့ ပတ်သက်ပြီး နည်းပြ ပိုချက်တီနို ဆီကနေ အားပေး ထောက်ခံမှု ရရှိခဲ့ပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာချင်တာကြောင့် ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ 


ဘယ်လင်ဟမ်ကို လစ်ဗာပူးလ်တို့ မခေါ်ယူခဲ့ရတဲ့ အကြောင်းအရင်း ထွက်ပေါ်လာ

ဂျော်ဒန် ဟန်ဒါဆန်က လစ်ဗာပူးလ်ဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ဘာကြောင့် မာဆေးဆိုဒ် ကလပ်က အင်္ဂလန် ကြယ်ပွင့်ကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့လဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေ ယူရို 2024
ဂျော်ဂျီယာ
စပိန်
1X2 သရေ (Draw) @ 4.80
ဂိုးပေါ် 2.75 @ 2.01
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ်ဟာ ယခု နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ဒေါ့မန် ကြယ်ပွင့်ကို ထပ်ဆောင်းပေးချေမှု ပါဝင်တဲ့ ပေါင် ၈၅ သန်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ယခုနွေရာသီမှာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့တဲ့ လစ်ဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်က ဘယ်လင်ဟမ်က အသင်း အတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့မှာပါ။ ဒါပေမယ့်လည်း အသင်းပိုင်ရှင်တွေက အသင်းရဲ့ လစာပေးချေမှုပုံစံကို ပျက်စီးသွားမှာစိုးတဲ့အတွက် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 


အဖားလွန်ပြီး ပြုတ်ခဲ့တဲ့ စပိန်အမျိုးသမီး အသင်း နည်းပြ 

ဂျော့ဂျ် ဗီလ်ဒါဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေနဲ့ ရက် ၉၀ ပါဝင်ပတ်သက်ခွင့် ပိတ်ဆို့မှု ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ စပိန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ္စ ရူဘီယာလက်စ်ကို ဖားမိခဲ့တာကြောင့် စပိန် အမျိုးသမီး အသင်း နည်းပြ ရာထူး ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ 

ဗီလ်ဒါဟာ ယခုနွေရာသီမှာ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ စပိန် အသင်းကို နည်းပြခဲ့သူ ဖြစ်ပေမယ့်လည်း ဂျန်နီ ဟာမိုဆိုကို ခွင့်ပြုချက် မတောင်းဘဲ နှုတ်ခမ်းကို အနမ်းပေးခဲ့တဲ့ စပိန် အက်ဖ်အေ ဥက္ကဌ ရူဘီယာလက်စ်ကို အားပေး ထောက်ခံခဲ့မှုကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ရူဘီယာလက်စ်ဟာ အငြင်းပွားဖွယ် အဖြစ်အပျက် အပြီးမှာ ရာထူး ကနေ နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို စပိန် အမျိုးသမီး အသင်း နည်းပြက ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်