နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်လိုက်တဲ့ ဟာလန်း၊ ချန်ပီယံ ဖြစ်ရေး လက်မလျှော့သေးတဲ့ အာတေတာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်လိုက်တဲ့ ဟာလန်း၊ ချန်ပီယံ ဖြစ်ရေး လက်မလျှော့သေးတဲ့ အာတေတာ အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်လိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ အာဆင်နယ်နဲ့ ပွဲမှာ ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ညက သွင်းဂိုးက သူ့ကို ဒီရာသီ အမှတ်ပေးပြိုင်ပွဲ သွင်းဂိုး ၃၃ ဂိုး အထိ ရရှိစေခဲ့ပြီး တရာသီ အတွင်း လိဂ်ဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမား အဖြစ် စံချိန်သစ် တင်စေခဲ့ကာ လက်ကျန် ၇ ပွဲ အထိ ကစားရဖို့ ရှိနေသေးတာကြောင့် နောက်ထပ်လည်း ဂိုးတွေ ရဦးမယ်လို့ ယူဆရပါတယ်။ 

ဒီမတိုင်ခင် ပရီးမီးယားလိဂ်မှာ တရာသီအတွင်း ဂိုးအများဆုံး သွင်းယူထားတားသူ အဖြစ် လစ်ဗာပူးလ် တိုက်စစ်မှူး မိုဆာလာက ၃၂ ဂိုးနဲ့ စံချိန်တင်ထားခဲ့တာပါ။ အခုတော့ ဟာလန်းက ရာသီမကုန်ခင် ၇ ပွဲ ကစားဖို့ ကျန်နေသေးချိန်မှာ ဒီစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကာ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်က အံ့မခန်း ထက်မြက်နေတယ် ဆိုတာကို သက်သေပြလိုက်ပါတယ်။ 

နော်ဝေ တိုက်စစ်မှူးဟာ ဒီရာသီကမှ မန်စီးတီးကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် တစ်ရာသီ အတွင်းမှာပဲ ဂိုးသွင်း စံချိန်သစ်တွေကို ရယူပြခဲ့၊ ရိုက်ချိုးပြခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမား ကမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ရာသီ အတွင်း သွင်းဂိုး အရေအတွက် ကိုလည်း ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ချန်ပီယံ ဖြစ်ရေး လက်မလျှော့သေးတဲ့ အာတေတာ

မန်ချက်စတာစီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မသေချာတော့တဲ့ အနေအထားကို ရောက်ခဲ့ပေမယ့် လက်မလျှော့သေးဘူးလို့ မီခဲလ် အာတေတာက ပြောဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး လက်မလျှော့သေးတဲ့ အာတေတာ

မန်ချက်စတာစီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မသေချာတော့တဲ့ အနေအထားကို ရောက်ခဲ့ပေမယ့် လက်မလျှော့သေးဘူးလို့ မီခဲလ် အာတေတာက ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးထက် ၂ ပွဲ ပိုကစားထားပြီး ၂ မှတ် အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်ရှိနေတာပါ။ 

မန်စီးတီးက လက်ကျန် ၂ ပွဲထဲက တစ်ပွဲ နိုင်တာနဲ့ အာဆင်နယ်ကို ၁ မှတ် အသာစီးရမှာ ဖြစ်လို့ အာဆင်နယ် အတွက် မျှော်လင့်ချက်က နည်းပါးသထက် နည်းပါးသွားမှာပါ။ ဒါပေမယ့် အာတေတာ ကတော့ ဘာမဆို ဖြစ်သွားနိုင်သေးတဲ့ အခြေအနေကို မျှော်လင့်ထားပြီး အရှုံးမပေးသေးဘူးလို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

“ နောက်ထပ် ၅ ပွဲ ကစားရဖို့ ရှိနေဆဲပါ၊ ကျနော်တို့ အရှုံးမပေးပါဘူး၊ ဘာမဆို ဖြစ်သွားနိုင်ပါသေးတယ်၊ နှစ်ပေါင်း ၂၀ ကျော်လောက် ကျနော် ဒီနိုင်ငံမှာ နေလာခဲ့ပြီးတော့ အပြောင်းအလဲတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်၊ ကျနော့် ကောင်လေးတွေက အသိအမှတ်ပြုခံရဖို့ ထိုက်တန်သူတွေပါ၊ ရာသီအစတုန်းက သူတို့ကို ဒီလိုလုပ်နိုင်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပါဘူး” လို့ သူက ပြောဆိုသွားခဲ့ပါတယ်။ 


အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဖလား အတွက် အခြေအနေ ကောင်းသွားတဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ အီတီဟတ်မှာ အာဆင်နယ်ကို ၄-၁ နဲ့ ဂိုးပြတ် ချေမှုန်းပြိး အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အကောင်းဆုံး လမ်းကြောင်းကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ အာဆင်နယ် ကတော့ အဝေးကွင်းမှာ ဂွာဒီယိုလာရဲ့ အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဂိုးသမား ရမ့်စ်ဒေးလ်သာ ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ရင် ပထမပိုင်း ကန်ပြီးကတည်းက ပွဲပြီးပြီလို့တောင် ယူဆရမယ့် အထိ ဖြစ်ခဲ့ပါတယ်။ 

ဒီပွဲက နှစ်သင်းစလုံး အတွက် အရေးကြီးနေတာကြောင့် အဓိက ကစားသမားတွေ အားလုံးကို ထည့်သွင်းထားခဲ့ပေမယ့် မန်စီးတီး ကစားသမားတွေရဲ့ တွဲလုံးတွေနဲ့ တဦးချင်း ထိုးဖောက်မှုတွေက အာဆင်နယ် ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဆလီဘာ မပါတဲ့ အာဆင်နယ် ခံစစ်က တော်တော်လေးကို အားနည်းနေခဲ့ပြီး မန်စီးတီးသာ ဂိုးသွင်း သေချာရင် ဒီထက် ဂိုးပြတ်ခဲ့မှာပါ။   

မန်စီးတီး အတွက် နောက်ထပ် ဂိုးတွေ ကိုတော့ ဒုတိယပိုင်းမှာ ဂျွန်စတုန်းစ်၊ ကီဗင် ဒီဘရိုင်းနားနဲ ဟာလန်း တို့က သွင်းယူပေးခဲ့ပြီး အာဆင်နယ် အတွက် နှစ်သိမ့် ချေပဂိုးကို ဟိုးလ်ဒင်းက သွင်းယူပေးခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးက အာဆင်နယ်ထက် ၂ ပွဲ လျော့ ကစားထားပြီး ရမှတ်အားဖြင့် ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ လက်ကျန် ၂ ပွဲ ကိုသာ မန်စီးတီးတို့ အနိုင်ရရှိခဲ့မယ် ဆိုရင် အာဆင်နယ်ကို ၄ မှတ် အထိ ဖြတ်တောက်နိုင်တော့မှာ ဖြစ်ပြီး အမှတ်ပေးဖလားက အီတီဟတ် ဆီမှာပဲ ခိုနားဖို့ အတွက် ဖြစ်လာခဲ့ပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်