နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဘစ်ဇာ ကိုပဲ ဖရီးကစ် ကန်သွင်းစေချင်ကြတဲ့ ယူနိုက်တက် ပရိသတ်များ၊ ပွဲပြန်ကစားနိုင်ခဲ့တဲ့ ကန်တေကို အားပေးခဲ့တဲ့ မောင့်နဲ့ ဆေးလ်ဗား (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဆဘစ်ဇာ ကိုပဲ ဖရီးကစ် ကန်သွင်းစေချင်ကြတဲ့ ယူနိုက်တက် ပရိသတ်များ၊ ပွဲပြန်ကစားနိုင်ခဲ့တဲ့ ကန်တေကို အားပေးခဲ့တဲ့ မောင့်နဲ့ ဆေးလ်ဗား စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆဘစ်ဇာကို ဦးစားပေး ဖရီးကစ် ကန်သွင်းသူ ဖြစ်စေချင်နေတဲ့ ယူနိုက်တက် ပရိသတ်များ

မာဆယ် ဆဘစ်ဇာဟာ သြစတြီးယား အသင်းက အဇာဘိုင်ဂျန် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ လှပတဲ့ ပြစ်ဒဏ်ဘော ကန်သွင်းချက် အပါအဝင် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေတွေကို ကာမိစေဖို့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က ဆဘစ်ဇာကို ဘေယန်မြူးနစ် အသင်း ကနေ ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာပါ။

ဆဘစ်ဇာဟာ အဲရစ်ခ်ဆန်ရဲ့ ဒဏ်ရာ၊ ကတ်စမဲရိုးရဲ့ ပွဲပယ်တွေကြောင့် ယူနိုက်တက်မှာ ပွဲထွက်ခွင့် ရနေတာ ဖြစ်ပါတယ်။ ဆဘစ်ဇာဟာ ဖူလ်ဟမ် အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဆိုရင် ယူနိုက်တက် ကစားသမား ဘ၀ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အခုလည်း ဆဘစ်ဇာဟာ နိုင်ငံ အသင်း ဖြစ်တဲ့ သြစတြီးယားရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပြီး အဇာဘိုင်ဂျန်ကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆဘစ်ဇာဟာ ပြစ်ဒဏ်ဘော ကန်ချက် ကနေ လှပတဲ့ ဂိုးသွင်းယူပြီးနောက် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့တာပါ။ ပရိသတ် တစ်ဦးက “ အဲရစ်ခ် တန်ဟတ်ဂ်နဲ့ ယူနိုက်တက်ကို မန်းရှင်း ခေါ်ခဲ့ပြီး ဒီပြစ်ဒဏ်ဘော ကန်သွင်းချက်မှာ ဆဘစ်ဇာ လုပ်ခဲ့တာကို ခင်ဗျားတို့ မြင်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီးတော့ လတ်မှတ်ထိုး ခေါ်ယူပြီး သူ့ကို ပြစ်ဒဏ်ဘော ပိုပြီး ကန်သွင်းနိုင်အောင် လေ့ကျင့်ဖို့ ကူညီပေးပါ” လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ် တစ်ဦး ကလည်း “ သူ့ကို ယူနိုက်တက် အသင်းမှာ ပြစ်ဒဏ်ဘော ကန်သွင်းခိုင်းသင့်ပါတယ်။ သူက အကုန် လုပ်နိုင်တဲ့လူပါ” လို့ ရေးသားခဲ့ပါတယ်။ ယူနိုက်တက် ဟာ ရာသီအကုန်မှာ ဆဘစ်ဇာကို အပြီးသတ် ဝယ်ယူဖွယ်ရှိ၊ မရှိ မသိရသေးပေမယ့် ကစားသမား ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ ဆက်ပြီး နေချင်တယ်လို့ ဆိုထားပါတယ်။


ပွဲပြန်ကစားနိုင်ခဲ့တဲ့ ကန်တေကို အားပေးခဲ့တဲ့ မောင့်နဲ့ ဆေးလ်ဗား

ကန်တေဟာ ချဲလ်ဆီးရဲ့ ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ စပါးနဲ့ ပွဲမှာ ပြင်းထန်တဲ့ တံကောက်ကြော ဒဏ်ရာရပြီး ကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာက ပြန်လည် သက်သာလာပြီး ပွဲပြန်ကစားနိုင်ခဲ့တဲ့ ကန်တေကို အားပေးခဲ့တဲ့ မောင့်နဲ့ ဆေးလ်ဗား

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ ၇ လ အကြာမှ အတွက် သူ့ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် တံခါးပိတ် ခြေစမ်းပွဲမှာ ပါဝင် ကစားသွားခဲ့ပါတယ်။

ကန်တေဟာ ပွဲချိန် မိနစ် ၆၀ လောက် အထိ ပါဝင် ကစားသွားခဲ့ပြီး ချဲလ်ဆီးက ဒီပွဲမှာ ချာလ်တန်ကို ၃ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့တာပါ။ ကန်တေဟာ ချဲလ်ဆီးရဲ့ ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ စပါးနဲ့ ပွဲမှာ ပြင်းထန်တဲ့ တံကောက်ကြော ဒဏ်ရာရပြီး ကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ကန်တီဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲလည်း မပါဝင်နိုင်ခဲ့သလို အခုလ အစောပိုင်းမှ ချဲလ်ဆီးနဲ့ လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်ခဲ့တာပါ။ ကန်တေဟာ အဲဗာတန်နဲ့ ပွဲမှာတော့ အသင်း လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ပွဲတော့ မကစားခဲ့ရပါဘူး။ အခု ကန်တေ ဝင်ရောက် ကစားတဲ့ ခြေစမ်းပွဲ မှာတော့ အသင်းဖော်တွေ ဖြစ်တဲ့ မေဆန်မောင့်နဲ့ သီယာဂို ဆေးလ်ဗား တို့က အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

မေဆန်မောင့် ဆိုရင် ကန်တီရဲ့ ကျောနံပတ် ၇ ပါဂျာစီကို ဝတ်ဆင်ပြီး အားပေးခဲ့တာပါ။ ကန်တီဟာ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးရဲ့ အောင်မြင်မှုတွေမှာ အဓိကကျတဲ့သူ ဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေ အပြီး ကစားမယ့် ပွဲတွေ မှာတော့ ကလပ် အသင်း အတွက် ပါဝင် ကစားနိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ကစားသမားတွေ အများအပြား ခေါ်ယူထားပေမယ့် ရလဒ်တွေ မကောင်းဖြစ်နေတဲ့ ဂရေဟမ် ပေါ်တာ အတွက်တော့ ကန်တီ ပြန်ကစားနိုင်ခဲ့တာက သတင်းကောင်းပဲ ဖြစ်ပါတယ်။


ဆွီဒင် ဘက်ကို ဟက်ထရစ် သွင်းပြီး ချဲလ်ဆီးကို အချက်ပေးလိုက်တဲ့ လူကာကူ

ဘယ်လ်ဂျီယံက ဆွီဒင်ကို အဝေးကွင်းမှာ ၃-၀နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လူကာကူက ဟက်ထရစ် သွင်းပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ လူကာကူဟာ လက်ရွေးစင် အသင်း အတွက် ၂၀၂၁ အောက်တိုဘာလ ကတည်းက ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ယူရို ခြေစစ်ပွဲတွေ ပြန်လည် စတင်ချိန်မှာတော့ ဂိုးတွေ ပြန်ရခဲ့ပြီး သူ့အပေါ် ဝေဖန်မှုတွေ အားလုံးကို တိတ်ဆိတ်စေခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ဆွီဒင် အတွက် ဇလာတန်က လူစားဝင် ကစားပေးခဲ့ပြီး ယူရို ခြေစစ်ပွဲ သမိုင်းတလျှောက် အသက်အကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သတင်းတွေ အားလုံးကို လူကာကူက သွင်းဂိုးတွေနဲ့ လွှမ်းမိုးပစ်နိုင်ခဲ့ပါတယ်။အင်တာမီလန်မှာ အငှား ကစားသမား ဘ၀နဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ လူကာကူဟာ ရာသီကုန်ရင် ချဲလ်ဆီးကို ပြန်သွားရတော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကလည်း သူ့ကို အလိုမရှိတော့ဘဲ လူကာကူ အတွက် ခက်ခဲတဲ့ အချိန်ကာလတွေကို ကျော်ဖြတ်နေရတာ ဖြစ်ပြီး ဒီလိုအချိန်မှာ လက်ရွေးစင် အသင်း အတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်