နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့က ၅၀% သာ ရှိတယ်လို့ ဆိုလိုက်တဲ့ အဂွဲရိုး၊ ယူရို ခြေစစ်ပွဲ ကစားရင်း ဒဏ်ရာရသွားတဲ့ ခရစ္စတီယန်ဆန် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့က ၅၀% သာ ရှိတယ်လို့ ဆိုလိုက်တဲ့ အဂွဲရိုး၊ ယူရို ခြေစစ်ပွဲ ကစားရင်း ဒဏ်ရာရသွားတဲ့ ခရစ္စတီယန်ဆန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၄ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့က ၅၀% သာ ရှိတယ်လို့ ဆိုလိုက်တဲ့ အဂွဲရိုး

အာဂျင်တီးနားနဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးက သူ့အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ အနေနဲ့ ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆိုတာက ၅၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မက်ဆီက ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီနဲ့ ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

လာလီဂါ
အယ်လ်ချီ
ဘာစီလိုနာ
1X2 ဘာစီလိုနာ 1.31
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -0.50 @ 1.78
ဂိုးပေါ် 3.50 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပီအက်စ်ဂျီက သူ့ကို စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးတာကြောင့် လာလီဂါ ကလပ်က သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မက်ဆီ ကိုယ်တိုင် ကတော့ သူ့ အနာဂတ် အတွက် ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း မရှိသေးလို့လည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အဂွဲရိုးက “ ကျနော့် ခံစားချက် ကတော့ သူ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က ၅၀% ပဲ ရှိပါတယ်၊ ဘာစီလိုနာမှာ ပြန်ကစားပြီး သူ အနားယူသင့်ပါတယ်၊ ဘာဆာက သူ့ရဲ့ အိမ်ပဲလေ၊ သူ့ရဲ့ ကစားသမားဘဝကို အဲဒီမှာ အဆုံးသတ်သင့်ပြီးတော့ လာပေါ်တာ အနေနဲ့ လီယိုကို ပြန်ခေါ်ဖို့ အားထုတ်သင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


ယူရို ခြေစစ်ပွဲ ကစားရင်း ဒဏ်ရာရသွားတဲ့ ခရစ္စတီယန်ဆန်

ဘာစီလိုနာ အတွက် ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ အန်ဒရီယာ ခရစ္စတီယန်ဆန်ဟာ ဒိန်းမတ် အတွက် ကစားပေးခဲ့တဲ့ မနေ့ညက ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။ အသက် ၂၆ နှစ် အရွယ် နောက်ခံလူဟာ ဖင်လန်နဲ့ ပွဲမှာ ပွဲကစားချိန် ၁၈ မိနစ်မှာပဲ ဒဏ်ရာရခဲ့လို့ ဗစ်တာ နယ်လ်ဆင်နဲ့ လူစားလဲခဲ့ရတာပါ။

လာလီဂါနဲ့ အခြားသော ပြိုင်ပွဲတွေမှာ ဘာဆာရဲ့ အဓိက ကစားသမား အဖြစ် ပွဲထွက်ခွင့်ရနေတဲ့ ဒိန်းမတ်သားက ဒီရာသီ ဘာစီလိုနာရဲ့ ခံစစ်မှာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
ဖင်လန်နဲ့ ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲမှာ ဒဏ်ရာရသွားတဲ့ ခရစ္စတီယန်ဆန်

ဒီအတွက်ကြောင့် သူဟာ လာမယ့် ပွဲကို လွဲချော်ဖို့ များနေပြီး ဘာဆာ အတွက်လည်း ဒါက စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။ လာလီဂါနဲ့ အခြားသော ပြိုင်ပွဲတွေမှာ ဘာဆာရဲ့ အဓိက ကစားသမား အဖြစ် ပွဲထွက်ခွင့်ရနေတဲ့ ဒိန်းမတ်သားက ဒီရာသီ ဘာစီလိုနာရဲ့ ခံစစ်မှာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး နောက်ခံလူဟောင်းဟာ ဇာဗီရဲ့ အားထားရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နိုင်ငံတကာပွဲတွေ အပြီးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ကိုပါဒယ်ရေဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပြီး အားထားရတဲ့ ကစားသမား တစ်ဦးကို လက်လွှတ်ရဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။


နောက်ထပ် စံချိန် မှတ်တမ်းကောင်းတွေ ရခဲ့ပြန်တဲ့ ရော်နယ်ဒို

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာ ရော်နယ်ဒို ကတော့ လက်ချင်စတိန်းနဲ့ ပွဲမှာ အသင်း အတွက် ၂ဂိုး သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ပေါ်တူဂီက ယူရို ခြေစစ်ပွဲ အဖွင့် ပွဲမှာပဲ လက်ချင်စတိန်းကို ၄-၀နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ အတွက် ဂိုးတွေ ကိုတော့ ယာအို ကန်ဆယ်လို၊ ဘာနာဒို ဆေးလ်ဗား တို့က တစ်ဂိုးစီနဲ့ ရော်နယ်ဒိုက ပင်နယ်တီက တစ်ဂိုး၊ အလွတ်တည်ကန်ဘောက တဆင့် တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒီသွင်းဂိုးတွေဟာ ရော်နယ်ဒိုကို ခြေစမ်းပွဲ မပါဝင်ဘဲ နိုင်ငံတကာ သွင်းဂိုး ၁၀၀ ပြည့်စေခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ သွင်းဂိုး အများဆုံး သွင်းယူထားသူ အဖြစ် စံချိန်တင်ထားတဲ့ ရော်နယ်ဒိုက သူ့ရဲ့ စံချိန်မှာ နောက်ထပ် ဂိုးတွေ ထပ်မံ ပေါင်းထည့်နိုင်ခဲ့ပြီး သူ့ကို လိုက်မီဖို့ အတွက် ပိုမို ခက်ခဲအောင်ကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက ကန်ချက် ခပ်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပြီး လက်ချင်စတိန်း ဂိုးသမား ပုတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက် ပြင်းလွန်းတာကြောင့် မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအသင်းမှာ ၂ပွဲဆက်တိုက် အလွတ်တည်ကန်ဘောကနေ သွင်းဂိုးတွေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်