နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ် အသင်း ကနေ ဘန်ဇီမာ အနားယူသွားခဲ့လို့ စိတ်မကောင်း ဖြစ်နေတဲ့ ဂျရူး၊ မော်ရင်ဟိုကို ပီအက်စ်ဂျီ နည်းပြ ဖြစ်စေချင်နေတဲ့ ကစားသမားဟောင်း (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ပြင်သစ် အသင်း ကနေ ဘန်ဇီမာ အနားယူသွားခဲ့လို့ စိတ်မကောင်း ဖြစ်နေတဲ့ ဂျရူး၊ မော်ရင်ဟိုကို ပီအက်စ်ဂျီ နည်းပြ ဖြစ်စေချင်နေတဲ့ ကစားသမားဟောင်း စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ ညနေခင်းရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘန်ဇီမာ အနားယူသွားခဲ့လို့ စိတ်မကောင်း ဖြစ်နေတဲ့ ဂျရူး

အေစီမီလန်နဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကတော့ လက်ရွေးစင် အသင်းဖော် ကာရင်မ် ဘန်ဇီမာ ပြင်သစ် လက်ရွေးစင် အသင်း ကနေ အနားယူသွားခဲ့တာကြောင့် စိတ်မကောင်း ဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ ပြင်သစ် နည်းပြ အဖွဲ့က ဘန်ဇီမာကို ဒဏ်ရာ အကြောင်းပြချက်နဲ့ အိမ်ပြန်ပို့ခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ သူနဲ့ နည်းပြ အဖွဲ့ အကြား တင်းမာမှုတွေ ရှိခဲ့ပြီး ကမ္ဘာ့ဖလား အပြီး မှာတော့ ဘန်ဇီမာက လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ 

စီးရီးအေ တိုက်စစ်မှူးကြီး ဂျရူး ကတော့ ဒီလိုမျိုး အဆုံးသတ်သွားခဲ့တာက ရှက်စရာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ဘန်ဇီမာရဲ့ ရွေးချယ်မှု ဖြစ်ပြီး ကျွန်တော် တို့က သူ့နေရာကို အစားမထိုးနိုင်ကြောင်း၊ သူ စွမ်းဆောင်ပေးခဲ့သမျှကို လေးစားပြီး သူ့ရဲ့ ဆုံးဖြတ်ချက် ကိုလည်း လေးစားကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


မော်ရင်ဟိုကို ပီအက်စ်ဂျီ နည်းပြ ဖြစ်စေချင်နေတဲ့ ကစားသမားဟောင်း

မော်ရင်ဟိုဟာ စီးရီးအေမှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပြီး ရိုးမားရဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် စိတ်ပျက်နေတယ်လို့လည်း သိရပါတယ်။
မော်ရင်ဟိုကို ပီအက်စ်ဂျီ နည်းပြ ဖြစ်စေချင်နေတဲ့ ဂျရုန်းမ် ရိုသန်

ပီအက်စ်ဂျီ ကြယ်ပွင့်ဟောင်း ဂျရုန်းမ် ရိုသန်က လက်ရှိ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကို ပီအက်စ်ဂျီ နည်းပြ အဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ စီးရီးအေမှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပြီး ရိုးမားရဲ့ ဘဏ္ဍာရေး အခြေအနေ အပေါ် စိတ်ပျက်နေတယ် လို့လည်း သိရပါတယ်။ ပီအက်စ်ဂျီ ကလည်း ဒီရာသီမှာ သူတို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူးနိုင်တော့တာကြောင့် လာမယ့် နွေရာသီမှာ ခရစ္စတိုဖီ ဂဲလ်တီယာရဲ့ နေရာကို အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။ 

ရိုသန် ကတော့ ဂဲလ်တီယာကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုတာ မဟုတ်ကြောင်း၊ ဒါပေမယ့် ထုတ်ပယ်မယ် ဆိုရင်တော့ တစ်ခုတည်းသော စဥ်းစားစရာက မော်ရင်ဟို ဖြစ်ကြောင်း၊ သူက အဝတ်လဲခန်း အတွင်းမှာ ကစားသမား အားလုံးရဲ့ လေးစားမှုကို ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် မော်ရင်ဟိုက အတွေ့အကြုံ ပြည့်ဝပြီး တော့တင်ဟမ်ဟော့စပါးက လွဲရင် ရောက်လေရာ အသင်းတိုင်းမှာ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ အခုချိန်မှာ အိပ်ပျော်နေတဲ့ ပီအက်စ်ဂျီ ပရိသတ် အများစုကို သူက လှုပ်နှိုးပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 


လစ်ဗာပူးလ် ပရိသတ်ပါလို့ ဝန်ခံလိုက်တဲ့ ရာဘီယော့တ်

ပရီးမီးယား လိဂ်
အာဆင်နယ်
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 5.00
ဂိုးပေါ် 3.00 @ 1.96
ဂိုးပေါင်း 2-3 @ 2.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ နွေရာသီမှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အတွက် နီးစပ်ခဲ့သေးတဲ့ ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်က လစ်ဗာပူးလ် ပရိသတ် တစ်ယောက် ဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ 

ပီအက်စ်ဂျီ ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်တဲ့ ရာဘီယော့တ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရာဘီယော့တ်ဟာ လာမယ့် ဇွန်လမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အသင်း ပြောင်းရွှေ့ရဖွယ် ရှိနေပါတယ်။ 

ရာဘီယော့တ်က လက်ရှိ အခိုက်အတန့်မှာ ဘာမှ ပြောစရာ မရှိပေမယ့် မကြာခင် ဆွေးနွေးမှာ ဖြစ်ကြောင်း၊ ရာသီကုန်ဖို့ (၂) လသာ လိုတော့ပေမယ့် အေးအေးဆေး‌ဆေးပဲ ရှိနေကြောင်း၊ လစ်ဗာပူးလ်ကို ငယ်ဘဝ ကတည်းက အားပေးခဲ့ပြီး ဂျရတ်ရဲ့ ပရိသတ် တစ်ယောက် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်