နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း လိဂ်တွေမှာ လက်တလော ခြေစွမ်းပြနေတဲ့ ကစားသမား (၅) ဦး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပြီးဆုံးဖို့ ကလည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ပါတယ်။ လိဂ်အသီးသီးမှာ ရှိတဲ့ သက်ဆိုင်ရာ အသင်းတိုင်း ကလည်း သူတို့ ရည်ရွယ်ထားတဲ့ အတိုင်း၊ မျှော်လင့်ထားတဲ့ အတိုင်း ရာသီသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစား အားထုတ်နေချိန် ဆိုရင်လည်း မမှားပါဘူး။ ဒီအချိန်မှာ အသင်းရဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှု အတွက် အဓိက အရေးအကြီးဆုံး ကတော့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါ မှာတော့ လက်ရှိ ဘောလုံး ရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အတူ အသင်းကို အကျိုးပြုနေတဲ့ ကစားသမား ၇ ဦး ရွေးချယ် ဖော်ပြပေးချင်ပါတယ်။ အဓိက ကတော့ ပရီးမီးယားလိဂ် အပါအဝင် သက်ဆိုင်ရာ ပြိုင်ပွဲ အသီးသီးမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲကမှ လက်တလော စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမားတွေကို ရွေးချယ် ဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။


၅။ ကာဗစ်ချာ ကာဗရတ်စခီလီယာ (နာပိုလီ)

စီးရီးအေ
ခရီမိုနီစီ
အတ္တလန်တာ
1X2 သရေ (Draw) @ 3.45
ပထမပိုင်း ဂိုးအောက် 1.00 @ 1.99
ဂိုးပေါင်း 4-6 @ 3.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီရာသီမှ မမျှော်လင့်ပဲ ထွန်းတောက်လာတဲ့ ကြယ်ပွင့် ဖြစ်ပါတယ်။ ကာဗစ်ချာ ကာဗရတ်စခီလီယာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ကမှ လူမသိသူမသိ ဂျော်ဂျီယာ ကလပ် ကနေ ယူရို ၁၀ သန်းနဲ့ နာပိုလီကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် (၂၂) အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားက စီးရီးအေ ကလပ်မှာ ခပ်မြန်မြန် အသားကျခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနေပါတယ်။ လက်ရှိ အချိန်ထိ နေပဲလ် ကလပ် အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၀ သာ ကစားရသေးပေမယ့် (၁၄) ဂိုး သွင်းပြီး ဖန်တီးမှု (၁၄) ကြိမ် ပြုလုပ်ထားပါတယ်။ သူ့ရဲ့ အသင်း ကလည်း လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ထိပ်ကနေ ၁၉ မှတ်ထိ ဖြတ်ကာ ဦးဆောင်နေပြီး စကူဒက်တို ချန်ပီယံဆု ရဖို့ ၉၉ ရာခိုနှုန်း သေချာနေသလို ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် ရောက်ရှိနေပါတယ်။


၄။ မားကပ်စ် ရက်ရှ်ဖို့ဒ် (မန်ချက်စတာယူနိုက်တက်)

အားလုံး ရင်းနှီးပြီးသား ဖြစ်တဲ့ ဒီသရဲနီ ကစားသမား ကတော့ ကမ္ဘာ့ဖလား အပြီးမှ တောက်လျောက် ခြေစွမ်းကောင်းတွေ ပြန်ရခဲ့သူ ဖြစ်ပါတယ်။ အသက် (၂၅) နှစ် အရွယ် ဒီကစားသမားက အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ယူနိုက်တက် အတွက် ၂၇ ဂိုး သွင်းယူပေးထားပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ၆ ဂိုးသွင်းထားတဲ့ ဒေါက်တာလေးက နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ယုံကြည်မှုတွေ ပြန်ရနေပြီး ခရာဘောင်ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ အတွက်လည်း အဓိက နေရာက ကူညီပေးခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ယူနိုက်တက်က အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ချန်ပီယံ ပြေးလမ်းပေါ်မှာ ရှိနေဆဲ ဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ် တစ်ယောက် အသင်းကို ဘယ်လောက် အထိ ကူညီ စွမ်းဆောင်ပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


၃။ ဘူကာယို ဆာကာ (အာဆင်နယ်)

ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂၈) ပွဲ ကစားပြီး (၁၂) ဂိုးသွင်း၊ ဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်ထားတဲ့ ဆာကာက အမြင့်ပျံနေတဲ့ ဂန်းနားတွေ အတွက် အရေးကြီးဆုံး ကစားသမား ဆိုရင်လည်း မမှားပါဘူး။
အာဆင်နယ်ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ဘူကာယို ဆာကာ

ဟေးအန့် အကယ်ဒမီထွက် အာဆင်နယ် ပရိသတ် အချစ်တော် ငရုပ်သီးလေး (၂၁) နှစ်ပဲ ရှိသေးပေမယ့် အရွယ်နဲ့ မလိုက်အောင် စွမ်းဆောင်ရည်တွေ ပြသနေသူပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂၈) ပွဲ ကစားပြီး (၁၂) ဂိုးသွင်း၊ ဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်ထားတဲ့ ဆာကာက အမြင့်ပျံနေတဲ့ ဂန်းနားတွေ အတွက် အရေးကြီးဆုံး ကစားသမား ဆိုရင်လည်း မမှားပါဘူး။ မီခဲလ် အာတေတာ အားကိုးရတဲ့ ဘူကာယို ဆာကာက ပြိုင်ပွဲစုံ နောက်ဆုံး (၁၀) ပွဲမှာ (၅) ဂိုး သွင်းပြီး ဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားပါတယ်။ သူ့ အသင်းက ယူရိုပါလိဂ် အပြင် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့လို ပြည်တွင်း ပြိုင်ပွဲတွေ ကနေ စောစောစီးစီး ထွက်ခွာထားရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်တော့ အခြေအနေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။


၂။ ဗစ်တာ အိုဆင်ဟန် (နာပိုလီ)

အသက် (၂၄) အရွယ် နိုင်ဂျီးရီးယား တိုက်စစ်မှူးက ပြီးခဲ့တဲ့ ရာသီ စီးရီးအေမှာ (၁၄) ဂိုး သွင်းပြီး လူသိများလာခဲ့သူ ဖြစ်ပါတယ်။ အိုဆင်ဟန်က ဒီရာသီမှာလည်း သူ့ရဲ့ နောက်တစ်ဆင့် မြင့်တဲ့ ခြေစွမ်းကို ဆက်လက် ပြသနိုင်ခဲ့ပြီး လက်ရှိအထိ စီးရီးအေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ နှစ်ခုပေါင်းမှာ နာပိုလီ အတွက် (၂၅) ဂိုး အထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ နာပိုလီ ကလည်း ဒီရာသီ စီးရီးအေ ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ သေချာသလောက် ရှိနေပြီး ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် ရောက်နေတာကြောင့် အိုဆင်ဟန် တစ်ယောက် နေပဲလ် ကလပ်နဲ့ ဘယ်လောက်အထိ အောင်မြင်မှု ရနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ သူကတော့ ပြိုင်ပွဲစုံ နောက်ဆုံး (၁၀) ပွဲမှာ (၁၁) ဂိုး အထိ သွင်းထားပြီး ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားပါတယ်။


၁။ အာလင်း ဟာလန်း (မန်ချက်စတာစီးတီး)

အသက် (၂၂) နှစ် အရွယ် နော်ဝေ တိုက်စစ်မှူး ဟာလန်းရဲ့ ခြေစွမ်း ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂ်နဲ့ စတင် တောက်ပလာခဲ့တဲ့ အာလင်း ဟာလန်း ဒေါ့မန်မှာ (၈၉) ပွဲ ကစားပြီး (၈၆) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်း တစ်ယောက် ဒီနွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး အများစုက ဒီကစားသမားက ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်းက ပရီးမီးယားလိဂ်ကို လယ်သမားလိဂ် ဖြစ်သွားလောက်အောင် ဂိုးတွေ မြူးပြနေပြီး မန်စီးတီး အတွက် ပြိုင်ပွဲစုံ (၃၇) ပွဲ ကစားပြီးချိန်မှာ (၄၂) ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါပြီ။ ချန်ပီယံလိဂ်မှာ တစ်ပွဲတည်း (၅) ဂိုး သွင်းခဲ့သလို ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ် မှာလည်း ဘန်လေ ဘက်ကို ဟက်ထရစ် ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲမှာ (၁၀) ဂိုးအထိ သွင်းပြီး ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်