နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဖလား ယူဖို့ ယုံကြည်ချက် အပြည့် ရှိနေတဲ့ အန်ဆယ်လော့တီ၊ အခွင့်အရေးကောင်းကို လက်လွှတ်ပြီး သဘောထားကြီးခဲ့တဲ့ အိုဆင်ဟန် (ချန်ပီယံလိဂ် နောက်ဆုံးရ သတင်းများ)

ချန်ပီယံလိဂ် ဖလား ယူဖို့ ယုံကြည်ချက် အပြည့် ရှိနေတဲ့ အန်ဆယ်လော့တီ၊ အခွင့်အရေးကောင်းကို လက်လွှတ်ပြီး သဘောထားကြီးခဲ့တဲ့ အိုဆင်ဟန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၇ ရက်နေ့ ညနေခင်းရဲ့ ချန်ပီယံလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် ဖလား ရယူဖို့ ယုံကြည်ချက် အပြည့် ရှိကြောင်း ပြောဆိုလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြ ကာလို အန်ဆယ်လော့တီက သူ့အသင်းဟာ ဖလားယူဖို့ ယုံကြည်မှု အပြည့် ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ် ကတော့ ချန်ပီယံလိဂ် ဖလားကို ၁၄ ကြိမ် အထိ စံချိန်တင် ဆွတ်ခူးထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ 

နောက်ဆုံး ၁၀ နှစ် အတွင်း ချန်ပီယံလိဂ် ဖလားကို ၆ ကြိမ် အထိ သိမ်းပိုက်ထားနိုင်တဲ့ အသင်းလည်း ဖြစ်လို့ အန်ဆယ်လော့တီက သူ့အသင်း အပေါ် ယုံကြည်မှု အပြည့် ရှိနေတာပါ။ လစ်ဗာပူးလ် ကိုလည်း နှစ်ကျော့ပေါင်း ရလဒ် ၆-၂ နဲ့ အနိုင်ယူခဲ့ကာ အခုဆိုရင် ဆုဖလား ဆွတ်ခူးဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ 

အန်ဆယ်လော့တီက “ ကျနော် တို့မှာ ယုံကြည်ချက်တွေ အများကြီး ရှိလာပါတယ်၊ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်က အနေအထားကြောင့်ပါ၊ အဲဒါက ကျနော် တို့ကို ယုံကြည်ချက်တွေ ပိုပေးပါတယ်၊ လစ်ဗာပူးလ်နဲ့ ပွဲမှာ ဒါကို တွေ့ရမှာပါ၊ သန်မာတဲ့ အသင်း တစ်သင်းကို ကျနော်တို့ နှစ်ကျော့စလုံး ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


ဟက်ထရစ် ရမယ့် အခွင့်အရေးကို စွန့်လွှတ်ပြီး အသင်းဖော်ကို ဦးစားပေးခဲ့တဲ့ အိုဆင်ဟန်

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ဟာ ဖရန့်ဖတ်နဲ့ ပွဲမှာ သူ ဟက်ထရစ် ရမယ့် အခွင့်အရေးကို လက်လွှတ်ခံသွားခဲ့ပါတယ်။ နာပိုလီတို့ ပင်နယ်တီ ရရှိခဲ့ချိန်မှာ အိုဆင်ဟန်က သူ မကန်သွင်းဘဲ အသင်းဖော် ဇီလင်းစကီကို ပေးကန်ခဲ့တာ ဖြစ်ပြီး သူ့အတွက် သွင်းဂိုးတွေက ရောက်လာဦးမယ် ဆိုတာကို သိနေတာကြောင့်လို့ ဖွင့်ဟခဲ့ပါတယ်။ 

တကယ်လို့သာ အဆိုပါ ပင်နယ်တီကို သူ ကန်သွင်းပြီး ဂိုးဝင်ခဲ့မယ် ဆိုရင် အိုဆင်ဟန်က ဟက်ထရစ် ရမှာပါ။ ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ ဟက်ထရစ်ရမယ့် အခွင့်အရေးက မက်မောစရာ ကောင်းခဲ့ပေမယ့် အိုဆင်ဟန် ကတော့ အသင်းဖော်ကို သဘောထားကြီးစွာနဲ့ ကန်ခွင့်ပေးခဲ့ပါတယ်။ 

“ ပင်နယ်တီ ရချိန်မှာ ဇီလင်းစကီးက သူ ကန်လို့ ရမလားလို့ ကျနော့်ကို လာမေးခဲ့တယ်၊ သူ့ကို ကျနော် ခွင့်ပြုခဲ့ပါတယ်၊ ဘာလို့လဲ ဆိုတော့ ကျနော်က team player တစ်ဦး မို့ပါ၊ ပင်နယ်တီ ကနေ ဂိုးရရ၊ မရရ ကျနော့် အတွက် သွင်းဂိုးတွေက ရောက်လာဦးမယ် ဆိုတာကို ကျနော် သိပါတယ်” လို့ အိုဆင်ဟန်က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 


ယူရို ၂၀၂၄ ခြေစစ်ပွဲ အတွက် ပေါ်တူဂီလူ စာရင်းမှာ ရော်နယ်ဒိုကို ထည့်သွင်းမယ့် မာတီနတ်ဇ်

ပေါ်တူဂီ နည်းပြသစ် မာတီးနတ်ဇ်ဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အတွက် အသင်း လူစာရင်းမှာ ခရစ္စတီယာနို ရော်နယ်ဒိုကို ထည့်သွင်းသွားဖို့ ရှိနေပါတယ်။ မာတီနတ်ဇ်ဟာ ရော်နယ်ဒိုကို လက်ရွေးစင် လူစာရင်းထဲ ရွေးချယ်ခြင်း မပြုလုပ်ခင် အခု တစ်ပတ် အတွင်းမှာ ဝါရင့် တိုက်စစ်မှူးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ The Athletic က ဖော်ပြထားတာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ပွဲထွက်လူ စာရင်းမှာ မပါဝင်ခဲ့တာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်က ဥရောပ ကနေ ထွက်ခွာခဲ့ပြီး ဆော်ဒီ ကလပ် အယ်လ်နာဆာ အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

ရော်နယ်ဒို အနေနဲ့ ပေါ်တူဂီ လူစာရင်းမှာ ရွေးချယ်ခံရမယ် ဆိုရင် နည်းပြသစ် မာတီးနတ်ဇ်ဟာ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘ၀ နှစ်ပေါင်း ၂၀ နီးပါး အတွင်းမှာ ၅ ဦးမြောက် နည်းပြ အဖြစ် လက်တွဲ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖီဖာ အကောင်းဆုံး ဆုပေးပွဲမှာ ပေါ်တူဂီ အသင်းခေါင်းဆောင် အဖြစ် မဲပေးခဲ့ခြင်း မရှိဘဲ ပီပီ ကသာ အသင်းခေါင်းဆောင် တာဝန်ယူကာ မဲပေးခဲ့တာပါ။ ပေါ်တူဂီဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖြစ် ဘော့စနီးယား၊ အိုက်စလန်၊ လူဇင်ဘတ်၊ ဆလိုဗားကီးယား၊ လက်ချင်စတိန်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်