နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗင်နီးစီးယပ်စ်ကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်၊ ဇာဗီကို စာချုပ်သစ်ချုပ်ဖို့ စဉ်းစားနေတဲ့ လာပေါ်တာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဗင်နီးစီးယပ်စ်ကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်၊ ဇာဗီကို စာချုပ်သစ်ချုပ်ဖို့ စဉ်းစားနေတဲ့ လာပေါ်တာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၈ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗင်နီးစီးယပ်စ်ကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အနေနဲ့ လာမယ့် နှစ်မှာ သူတို့ရဲ့ အဓိက ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို အလွတ် ထွက်ခွာခွင့်ပေးရနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဗင်နီးစီးယပ်စ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ၂၀၂၄ မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး နောက်ထပ် တစ်နှစ်သာ လိုတော့တာ ဖြစ်ပါတယ်။ 

တကယ်လို့သာ ကစားသမား ဘက်က စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့မယ် ဆိုရင် ရီးရဲလ်တို့ အခက်တွေ့မှာ ဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာခွင့် ပေးရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စာချုပ် သက်တမ်း တိုးဖို့ကို အောင်မြင်အောင် လုပ်နိုင်ခြင်း မရှိသေးတာ ကလည်း ပိုပြီးတော့ စိုးရိမ်စရာ ကောင်းနေပါတယ်။ 

ဗင်နီးစီးယပ်စ်ကို အလိုရှိနေတဲ့ အသင်းတွေ အများအပြား ရှိနေကာ ရီးရဲလ် ကတော့ ဆက်ထိန်း သိမ်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကစားသမား ကလည်း အသင်းမှာသာ ဆက်လက် ကစားမယ်လို့ ယုံကြည်ရပေမယ့် အခုချိန်ထိ စာချုပ်သစ် ကိစ္စက တိုးတက် မလာသေးတာကြောင့် ကစားသမား ဘက်ကသာ ငြင်းဆန်ခဲ့မယ် ဆိုရင် ရီးရဲလ်တို့ အခက်တွေ့မှာ ဖြစ်ပါတယ်။ 


ဇာဗီကို စာချုပ်သစ်ချုပ်ဖို့ စဉ်းစားနေတဲ့ လာပေါ်တာ

"ကျနော်တို့ လာလီဂါ ဖလား မရခဲ့ဘူး ဆိုရင်တောင်မှာ သူ့ကို စာချုပ်သစ်ချုပ်ဖို့ စဉ်းစားနေတာပါ၊
ဇာဗီကို စာချုပ်သစ်ချုပ်ဖို့ စဉ်းစားနေတဲ့ လာပေါ်တာ

ဘာစီလိုနာ အသင်း ဥက္ကဌ ဂျိုအန် လာပေါ်တာက အသင်း နည်းပြ ဇာဗီကို စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားနေပါပြီ။ ဘာကာကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ကိုင်တွယ်ပေးပြီး စပိန် လာလီဂါမှာ ခေါင်းပြန်မော့လာနိုင်အောင် ဇာဗီက စွမ်းဆောင်ပေးခဲ့တဲ့နောက် လာပေါ်တာ ဘက်က နည်းပြကို လက်လွှတ်မခံဘဲ ဆက်ထိန်းသိမ်းထားချင်နေတာပါ။

ဘာဆာမှာ ကစားသမား အဖြစ်နဲ့လည်း လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ဇာဗီဟာ နည်းပြဘ၀ မှာလည်း အသင်းကို အကောင်းဆုံး ဖြစ်အောင် ကိုင်တွယ်ပေးနေခဲ့ပါတယ်။ ဒီရာသီမှာ ဆိုရင် စပိန် စူပါဖလားကို ရယူပေးထားပြီး လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်စေကာ ဆုဖလားရယူနိုင်ဖို့ အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။ 

“ ကျနော်တို့ လာလီဂါ ဖလား မရခဲ့ဘူး ဆိုရင်တောင်မှာ သူ့ကို စာချုပ်သစ်ချုပ်ဖို့ စဉ်းစားနေတာပါ၊ သူနဲ့လည်း စကားပြောပြီးပါပြီ၊ အသင်းရဲ့ အနေအထားကိုလည်း သူက နားလည်ထားပါတယ်’လို့ လာပေါ်တာက ပြောခဲ့ပါတယ်။ ဇာဗီဟာ ကာတာမှာ နည်းပြ အဖြစ် တာဝန်ယူနေရာ ကနေ ဘာဆာကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 


ရီးရဲလ်ကို ၃ ကြိမ်မြောက် အဖြစ် ပြန်လာနိုင်တဲ့ ဇီဒန်း

လာမယ့် နွေရာသီမှာ ကားလို့စ် အန်ဆယ်လော့တီကို နည်းပြ အဖြစ် ကနေ ရီးရဲလ်မက်ဒရစ်က ထုတ်ပယ်တာ၊ ဒါမှမဟုတ် နှစ်ဖက် သဘောတူ လမ်းခွဲမှုတွေ လုပ်ခဲ့မယ် ဆိုရင် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်းက တတိယ အကြိမ် အသင်းနည်းပြ ဖြစ်လာနိုင်တယ်လို့ စပိန် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ 

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်စ်ပန်ညို
1X2 အက်စ်ပန်ညို @ 9.00
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.75 @ 1.98
ဂိုးပေါ် 3.00 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီရာသီ ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်း အပေါ်မှာ အသင်း တာဝန်ရှိသူတွေက စိတ်ပျက်နေပြီး အန်ဆယ်လော့တီရဲ့ နည်းစနစ်တွေကို အပြစ်မြင်နေကြပါတယ်။ အထူးသဖြင့် ဘာစီလိုနာကို အရေးနိမ့်ခဲ့တာ၊ လာလီဂါမှာ အမှတ်ပြတ်နေတာတွေကြောင့် ရာသီကုန်မှာ အဓိက ဆုဖလား တစ်လုံးမှ မရရင် အန်ဆယ်လော့တီကို ထုတ်ပယ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။  

ဒိလိုဖြစ်လာခဲ့ရင် ရီးရဲလ်ကို ၂ ကြိမ် တိုင်တိုင် နည်းပြ အဖြစ် ကိုင်တွယ်ပေးပြီး အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ဇီဒန်းက တတိယအကြိမ်မြောက် အဖြစ် အသင်းကို ပြန်လာနိုင်တယ်လို့ သတင်းထွက်လာတာပါ။ ဇီဒန်းဟာ ရီးရဲလ်ကို ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကစားသမား အဖြစ်နဲ့ရော၊ နည်းပြ အဖြစ်နဲ့ပါ အောင်မြင်မှုတွေ ရယူပေးခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်