နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေကြေးတချို့ကို လှူဒါန်းခဲ့တဲ့ ရှက်တာဒိုးနတ်၊ အမှတ်ပေးဖလားကို ပစ်မှတ်ထားလာတဲ့ ရာဖေးလ် ဗာရန်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေကြေးတချို့ကို လှူဒါန်းမယ့် ရှက်တာဒိုးနတ်၊ အမှတ်ပေးဖလားကို ပစ်မှတ်ထားလာတဲ့ ရာဖေးလ် ဗာရန်း စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေကြေးတချို့ကို လှူဒါန်းမယ့် ရှက်တာဒိုးနတ်

ယူကရိန်း ကလပ် ရှက်တာဒိုးနတ် အသင်းရဲ့ ဥက္ကဌ အက်ခ်မီတော့ဗ်က သူတို့ရဲ့ ကစားသမား မူဒရစ်ကို ချဲလ်ဆီးကို ရောင်းချလိုက်ရာက ရရှိတဲ့ ပြောင်းရွှေ့ကြေးထဲက တချို့တဝက်ကို လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မူဒရစ် ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး သမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာတာပါ။

“ မူဒရစ်ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေကြေးထဲက ပေါင် ၂၅ သန်းကို ကျနော်တို့ စစ်သားတွေ၊ ကာကွယ်ရေးသမားတွေနဲ့ မိသားစု အတွက် လှူဒါန်းသွားမှာပါ၊ ဒီပိုက်ဆံတွေက လိုအပ်တဲ့ နေရာတွေ၊ မတူညီတဲ့ လိုအပ်ချက်တွေ အတွက် အသုံးပြုသွားဖို့ပါပဲ” လို့ ရှက်တာဒိုးနတ် ဥက္ကဌ အက်ခ်မီတော့ဗ်က ပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ အတွက်လည်း ပါဝင်ပြီး ယူကရိန်း ကလပ်ရဲ့ လုပ်ရပ် ကိုတော့ အားလုံးက ချီးကျူးနေကြပါတယ်။ မူဒရစ်ဟာ ချဲလ်ဆီးကို ၈ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ကျောနံပါတ် ၁၅ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဘရန့်ဖို့ဒ် FC
1X2 သရေ (Draw) @ 3.35
ဂိုးပေါင်း 2-3 @ 1.97
ဂိုးပေါ် 2.75 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂယ်ရီနဗီးလ်ကို ဒဲ့စိန်ခေါ်လိုက်တဲ့ ပီယာ့စ် မော်ဂန်

ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို အာဆင်နယ် မရရှိနိုင်ဘူးလို့ ပြောဆိုခဲ့တဲ့ ဂယ်ရီနဗီးလ်ကို ပေါင် ၅၀၀၀ ကြေး လောင်းကြေး ထပ်မလားလို့ နာမည်ကျော် ရုပ်သံတင်ဆက်သူလည်း ဖြစ်၊ အာဆင်နယ် ပရိသတ်လည်း ဖြစ်တဲ့ ပီယာ့စ် မော်ဂန်က စိန်ခေါ်လိုက်ပါတယ်။ နဗီးလ်က သူ့ရဲ့ podcast ကနေ သုံးသပ် ပြောဆိုခဲ့တဲ့ အပေါ် မော်ဂန်က အမြင်မကြည်လင်ခဲ့တာ ဖြစ်ပါတယ်။

နဗီးလ်က “ ဒီရာသီ အာဆင်နယ်က အမှတ်ပေးဖလား မရပါဘူး၊ မန်ချက်စတာစီးတီးက ရရှိသွားမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ဒုတိယနေရာ ရမယ် ထင်ပါတယ်၊ ဒီလိုပြောတာက အာဆင်နယ် ပရိသတ်တွေကို စိတ်ပျက်စေလိမ့်မယ် ဆိုတာ ကိုလည်း ကျနော် နားလည်ပါတယ်” လို့ ပြောဆိုခဲ့ပြီး အမှန်တကယ်လည်း အာဆင်နယ် ပရိသတ်တွေက သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီနောက်မှာ မော်ဂန်က တွစ်တာ ကနေ တဆင့် “ ဒါဆိုရင် မင်းနဲ့ငါ ပေါင် ၅၀၀၀ ကြေး လောင်းကြေး ထပ်မလား၊ နိုင်တဲ့ ငွေကြေးကို ပရဟိတ အတွက် လှူဒါန်းသွားမယ်” လို့ ရေးသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဂယ်ရီ နဗီးလ် ဘက်က တုံ့ပြန်မှု မရှိသေးဘဲ မော်ဂန်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တော့ ဆိုပြီး တိုက်တွန်းနေတဲ့ ပရိသတ် တချို့လည်း ရှိနေပါတယ်။


အမှတ်ပေးဖလားကို ပစ်မှတ်ထားလာတဲ့ ရာဖေးလ် ဗာရန်း

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ခံလူ ရာဖေးလ် ဗာရန်း ကတော့ သူတို့ အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်လာမှုနဲ့အတူ ပရီးမီးယားလိဂ် ဖလား အတွက် မျှော်လင့်ချက်တွေ ထားရှိနေပါပြီ။ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးကို အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဒုတိယနေရာက မန်စီးတီးနဲ့ ၁ မှတ်တည်းသာ ကွာဟတော့ပြီး အာဆင်နယ်နဲ့တော့ ၉ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ကျန် ပွဲစဉ်တွေ အများအပြား ကစားရဦးမှာ ဖြစ်လို့ ယူနိုက်တက်က ချန်ပီယံ ပြေးလမ်းကြောင်း ပေါ်မှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး ဗာရန်းကို မေးမြန်းခဲ့ရာ မှာတော့ “ အားလုံးက ဖြစ်နိုင်ပါတယ်၊ ကျနော်တို့ တစ်ပွဲချင်းစီကို အားထုတ်သွားမယ်၊ ဒီခရီးက ရှည်လျားပါသေးတယ်၊ အရမ်းလည်း ခက်ခဲပါတယ်” “ ပွဲတိုင်းကို တည်ငြိမ်အောင် ကစားဖို့က တကယ့် အံ့မခန်း အရာပါ၊ ဘယ်လောက်အထိ ခက်ခဲမယ် ဆိုတာလည်း ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် ကျနော် တို့က အခုဆိုရင် ကျစ်လစ်နေတယ်၊ တောင့်တင်းနေတယ်၊ ဘောလုံးကို အရည်အသွေးမြင့် ကစားသမားတွေနဲ့ ကောင်းကောင်း ကစားနိုင်ဖို့ပဲ လိုအပ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်