နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်စူပါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် အကယ်ဒမီနဲ့ ပူးပေါင်းမှာ မဟုတ်တဲ့ ရော်နယ်ဒို ဂျူနီယာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

စပိန်စူပါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် အကယ်ဒမီနဲ့ ပူးပေါင်းမှာ မဟုတ်တဲ့ ရော်နယ်ဒို ဂျူနီယာ အပါအဝင် ဇန်နဝါရီ ၁၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပိန်စူပါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘာစီလိုနာ

ဆော်ဒီမှာ ကျင်းပခဲ့တဲ့ စပိန်စူပါဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ မှာတော့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ၃-၁နဲ့ အနိုင်ယူပြီး ဆုဖလား ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ မဟာပြိုင်ဘက်ကြီးကို ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပီဒရီ၊ လီဝမ်ဒေါစကီးနဲ့ ဂါဗီတို့က ဂိုးတွေသွင်းယူခဲ့ကြကာ ရီးရဲလ် အတွက်တော့ ဘန်ဇီမာက ပွဲပြီးခါနီးမှာ နှစ်သိမ့်ဂိုး ပြန်လည် ရယူပေးခဲ့တာ ဖြစ်ပါတယ်။

ရောဘတ် လီဝမ်ဒေါစကီး ကတော့ သူ့အတွက် ပထမဆုံး အယ်လ်ကလက်စီကို သွင်းဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂါဗီ ကတော့ ကိုယ်တိုင် ၁ ဂိုး သွင်းယူနိုင်ခဲ့သလို ဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ကာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒီဆုဖလား ဟာမက်ဆီ အသင်း ကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာတို့ ပထမဦးဆုံး ရယူနိုင်ခဲ့တဲ့ ဖလားလည်း ဖြစ်ပါတယ်။

ဇာဗီရဲ့ အသင်းဟာ လာလီဂါ မှာလည်း ရီးရဲလ်မက်ဒရစ်ကို ၃ မှတ်ဖြတ်ကာ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဇာဗီ ကတော့ ဘာဆာ နည်းပြဘ၀ ပထမဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့ပြီ ဖြစ်သလို နောက်ထပ် ပစ်မှတ်အဖြစ် လာလီဂါ အမှတ်ပေးဖလားကို အာရုံစိုက်လာမှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ခြေစွမ်းပိုင်း တော်တော်လေး ယိမ်းယိုင်နေခဲ့သလို မဟာပြိုင်ဘက်ကြီးရဲ့ ဖိအားပေးနေမှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လာလီဂါ
ဗီလာရီးယဲလ်
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 2.27
ဂိုးအောက် 2.50 @ 1.70
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်ထပ်ဆု ဖလားတွေ ရယူဖို့ ကြိုးစားသွားမယ်လို့ ရာဖင်ညာ ပြောဆို

ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာ ကတော့ အသင်းနဲ့အတူ သူ့အတွက် ပထမဆုံး ဆုဖလား အဖြစ် စပိန် စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီမှာ လိဒ်စ်ယူနိုက်တက် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် ရာဖင်ညာက ပထမဦးဆုံး အကြိမ် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး နောက်ထပ် ဆုဖလားတွေ အတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ ကြီးကျယ် ခမ်းနားတဲ့ အသင်း တသင်းနဲ့အတူ ကျနော် ရရှိခဲ့တဲ့ ပထမဆုံး ဆုဖလားပါ၊ ဘာစီလိုနာ ဂျာစီက အရမ်းကြီးကျယ် ခန်းနားပါတယ်၊ မယုံကြည်နိုင်စရာပါပဲ၊ အခု ကျနော် တို့တွေ နောက်ထပ် ဆုဖလားတွေ အတွက် ရှေ့ဆက်သွားပါတော့မယ်” လို့ ဗိုလ်လုပွဲ အပြီးမှာ ရာဖင်ညာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ အသင်းရဲ့ ကစားသမားသစ်တွေ ဖြစ်တဲ့ လီဝမ်ဒေါစကီး၊ ကွန်ဒေး တို့ကလည်း ဘာစီလိုနာနဲ့ အတူ ပထမဆုံး ဆုဖလားတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ဘက်တစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ရပေမယ့် ဗိုလ်လုပွဲ မှာတော့ ရီးရဲလ်မက်ဒရစ်ကို ခြေစွမ်းအသာနဲ့ ကစားပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ် အကယ်ဒမီနဲ့ ပူးပေါင်းမှာ မဟုတ်တဲ့ ရော်နယ်ဒို ဂျူနီယာ

အစောပိုင်း သတင်းတွေအရ ဂျူနီယာဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အသင်းမှာ ကစားမယ်လို့ ဆိုခဲ့ပေမယ့် အခုအခါမှာ သူ့အဖေ လိုပဲ ဆော်ဒီမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
အယ်လ်နာဆာရဲ့ Mahd အားကစား အကယ်ဒမီနဲ့ ပူးပေါင်းလိုက်တဲ့ ရော်နယ်ဒို ဂျူနီယာ

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ ရော်နယ်ဒို ဂျူနီယာဟာ အယ်လ်နာဆာ အသင်းရဲ့ Mahd အားကစား အကယ်ဒမီနဲ့ ပူးပေါင်းလိုက်ပြီလို့ သိရပါတယ်။ အစောပိုင်း သတင်းတွေအရ ဂျူနီယာဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အသင်းမှာ ကစားမယ်လို့ ဆိုခဲ့ပေမယ့် အခုအခါမှာ သူ့အဖေ လိုပဲ ဆော်ဒီမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်း အကယ်ဒမီတွေမှာ ကစားခဲ့ဖူးတဲ့ ဂျူနီယာဟာ စပိန်ကို သွားကစားမယ် ဆိုရင် မိသားစုနဲ့ ခွဲခွာနေထိုင်ရမှာ ဖြစ်ပါတယ်။ ဒီအရေးကြောင့် သူ့ကို ဆော်ဒီ မှာပဲ ကစားစေဖို့ အတွက် ရော်နယ်ဒိုက စီစဉ်ပေးခဲ့ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လူငယ်အသင်းတွမှာ ခြေစွမ်းပြပြီး ဂိုးတွေ အများအပြား သွင်းယူနိုင်ခဲ့တဲ့ ဂျူနီယာဟာ သူ့ဖခင်လိုပဲ ကျော်ကြားလာလိမ့်မယ်လို့ ပရိသတ် အများအပြားက မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ ဆော်ဒီမှာပဲ သူ ကစားနေရင်းနဲ့မှ ဥရောပအသင်းကြီး တစ်သင်း ဆီကို အရောက်သွားမယ့် ပုံစံ ရှိပြီး သူ့ကို ခေါ်ယူနိုင်ဖို့ အတွက်တော့ အသင်းကြီးတွေ ဘက်က ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားဖွယ်လည်း ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်