နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်သူမှ မလုပ်နိုင်တာကို လုပ်ပြခဲ့တဲ့ ဟာလန်း၊ အကဲ ပိုပြနေတဲ့ ဂက်ခ်ပို (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်း ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ အမြန်ဆုံး သွင်းယူနိုင်ခဲ့သူ ဖြစ်လာတဲ့ ဟာလန်း

နော်ဝေ တိုက်စစ် ကြယ်ပွင့် အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးက လိဒ်စ်ယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီးနောက် ဒီရာသီ အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ မန်စီးတီး အတွက် ဒုတိယပိုင်း ရောက်မှ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် အခုလို မှတ်တမ်းကောင်း တစ်ခုကို ရရှိ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၂၀ ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ ကို အမြန်ဆုံး သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။ ဟာလန်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားတွေတောင် မလုပ်နိုင်တာကို လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကမှ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် ကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ မန်စီးတီး အတွက် ပွဲပေါင်း ၂၀ ကစား အပြီးမှာ ၂၆ ဂိုးအထိ သွင်းယူနိုင်တာကြောင့် စံချိန်တင် သွင်းဂိုးတွေကို ထပ်မံ ရယူနိုင်မယ့် အလားအလာ ရှိနေတာ ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်ကို ၅ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေခဲ့ပါတယ်။


အံသြစရာ ကောင်းတဲ့ လစ်ဗာပူးလ်နဲ့ စတင်ချင်ပြီ ဆိုတဲ့ ဂတ်ခ်ပို

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်က ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ခ်ပိုကို ယူရို သန်း ၅၀ နဲ့ ၂၀၂၈ အထိ စာချုပ်ချုပ်ဆိုကာ တရားဝင် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်မှာ ဒီယတ်ဇ်၊ ဂျိူတာတို့ ဒဏ်ရာရနေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် ဂတ်ခ်ပိုကို ခေါ်ယူလိုက်တာ ဖြစ်ပြီး နယ်သာလန် ကစားသမားဟာ ကျောနံပတ် ၁၈ ဂျာစီကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်က ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ခ်ပိုကို ယူရို သန်း ၅၀ နဲ့ ၂၀၂၈ အထိ စာချုပ်ချုပ်ဆိုကာ တရားဝင် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ကို လက်ဦးမှု ရယူနိုင်ခဲ့တဲ့ လစ်ဗာပူးလ်

ဂတ်ခ်ပိုက “ကျွန်တော် တကယ် ကောင်းမွန်သလို ခံစားနေရပြီး ဒီမှာရှိနေရတာကို တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ လေ့ကျင့်မှုတွေနဲ့အတူ အံသြဖွယ်ကောင်းတဲ့ အသင်းနဲ့ ပွဲကို စတင်ချင်နေပါပြီ။ ဒီအသင်းဟာ ကျွန်တော့် အတွက်တော့ အလွန်ကောင်းတဲ့ အသင်းလို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဂက်ခ်ပိုက “ကျွန်တော် လုပ်နိုင်တဲ့ အရာကို ပြသဖို့ ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ နှစ်က သူတို့ ပြုလုပ်ခဲ့တဲ့ လှပတဲ့ အချိန်တွေ ရဖို့ အသင်းကို ကူညီနိုင်အောင် ကြိုးစားသွားမှာပါ။ အန်ဖီးလ်မှာ အမြန်ဆုံး ကစားချင်နေပါပြီ။ သူတို့ရဲ့ ကွင်းအကြောင်းတွေနဲ့ ပရိသတ်တွေ အကြောင်းကို ကြားခဲ့ရပါတယ်။ ကျွန်တော် စတင်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂတ်ခ်ပိုဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်မယ့် ဇန်နဝါရီ ၁ ရက်မှ လစ်ဗာပူးလ် အသင်းနဲ့ တရားဝင် ပူးပေါင်းလို့ ရမှာ ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်မှာ ကစားမယ့် ဘရန်ဖိုဒ့်နဲ့ ပွဲကျမှ စတင် ပါဝင်နိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
အဲဗာတန်
1X2 သရေ @ 9.25
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -2.50 @ 2.07
ဂိုးပေါ် 3.25 @ 1.83
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဟန်ဆောင် ဒိုင်ဗင်ထိုးလို့ အနီထိခဲ့တဲ့ နေမာ

ပြင်သစ် ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ကမ္ဘာ့ဖလား အပြီး ပြန်ကစားတဲ့ ပထမဆုံး လိဂ်ပွဲစဉ်မှာပဲ အနီကတ် ပြခံလိုက်ရပါတယ်။ စထရက်ဘော့ဂ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒါကလည်း ဘတ်ပီရဲ့ နောက်ကျ ပင်နယ်တီကြောင့်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ ပြင်သစ် ထိပ်သီးတို့ ခဲရာခဲဆစ် ကစားခဲ့ရပြီး ကံကောင်းလို့ အနိုင်ရခဲ့တာပါ။

နေမာ ကတော့ ဒုတိယပိုင်းမှာ အဝါကတ် နှစ်ကတ် ဆက်တိုက် ပြခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမ တစ်ကြိမ်မှာ နေမာက ပြိုင်ဘက်ကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့လို့ အနီထိခဲ့တာ ဖြစ်ပြီး နောက်တစ်ကြိမ် ကတော့ ဘောလုံးဆွဲပြေးလာပြီးနောက် ဧရိယာထဲမှာ ဘောလုံးဆွဲထုတ်တာ များသွားခဲ့ပါတယ်။ အဲ့ဒီနောက် နေမာက ဘယ်သူနဲ့မှ မထိဘဲ လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ မပေးတဲ့ အပြင် အဝါကတ် ထပ်ပြကာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်နဲ့ အတူ ကမ္ဘာ့ဖလားမှာ မအောင်မြင်ခဲ့လို့ စိတ်ဒဏ်ရာရနေခဲ့တဲ့ နေမာဟာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ အပြင် ဝေဖန်ခံရမယ့် လုပ်ရပ်ကိုပါ လုပ်သွားခဲ့တာပါ။ ကွင်းလယ်ဒိုင်ကို စောဒက တက်ခဲ့သေးပေမယ့်လည်း သူ့ရဲ့ ဖြစ်ရပ်မှာ တမင်သက်သက် လှဲချခဲ့တာက ရှင်းလင်း ပြတ်သားနေခဲ့လို့ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်