နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၇/၉/၂၀၂၂)

စက်တင်ဘာ ၂၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ် ကွင်းလယ်လူကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ဟာ လစ်ဗာပူးလ် ကွင်းလယ်လူ နာဘီ ကေတာကို အနာဂတ်မှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဂီနီယာ ကွင်းလယ်လူဟာ လက်ရှိအချိန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး ကာလ အတွင်းကို ရောက်ရှိနေပါပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီကစားသမားကို စာချုပ်သစ်ချုပ်ဖြစ်၊ မချုပ်ဖြစ်က မသေချာသေးပါဘူး။ ကေတာဟာ လစ်ဗာပူးလ်မှာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ရုန်းကန်နေရတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့်လည်း သူ့ရဲ့ အနေအထားကို ဥရောပ ထိပ်တန်း အသင်းတွေက စောင့်ကြည့်နေကြပါတယ်။

ကေတာဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိ ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) မှာ လိုက်ပ်ဇစ် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာပါ။ ကေတာနဲ့ လစ်ဗာပူးလ် တို့အကြား စာချုပ်သစ် အတွက် ဆွေးနွေးနေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ကေတာကို ဒေါ့မန်က လာမယ့် နွေရာသီအတွက် ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ဂျာမန် သတင်းဌာနတွေက ဖော်ပြလာတာပါ။

ကေတာ အနေနဲ့ လက်ရှိအချိန်မှာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရပြီး ဒီရာသီမှာ လစ်ဗာပူးလ် အတွက် တပွဲမှ ပါဝင် ကစားနိုင်ခြင်း မရှိသေးပါဘူး။


မတူညီတဲ့ ဘေယန်မြူးနစ်ကို မျှော်လင့်ထားတယ်လို့ ဆိုလာတဲ့ ဆာလီဟာမစ်ဇစ်

ဘေယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က နိုင်ငံတကာ ရက်သတ္တပတ် အပြီး ကလပ် ပွဲစဥ်တွေ ပြန်လည် စတင်ချိန်မှာ မတူညီတဲ့ ဘေယန်မြူးနစ်ကို မြင်တွေ့ရဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အတွက်လည်း ဖိအားများနေပါတယ်။ နိုင်ငံတကာပွဲတွေ အပြီးမှာ ဘေယန်မြူးနစ်က လေဗာကူဆင်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အတွက်လည်း ဖိအားများနေပါတယ်။
ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားတဲ့ ဘေယန်မြူးနစ်

အသင်းရဲ့ အနေအထားနဲ့ ပတ်သက်လို့ ဆာလီဟာမစ်ဇစ်က “ကျနော်တို့ အသင်းက နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ မတူကွဲပြားတဲ့ အသင်း ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ပွဲတိုင်း အတွက် အောင်မြင်မှုတိုင်း အတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုပိုင်း၊ အနိုင်ရလိုစိတ်၊ ဆန္ဒ ပြင်းပြမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရမှာပါ”

“ပိုမို ကောင်းမွန်လာဖို့ ကိုလည်း မျှော်လင့်ထားပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ ပိုပြီး အာရုံစိုက်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


လာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီးက ထွက်ခွာဖွယ် ရှိတဲ့ လိုက်ပ်ဇစ်ပစ်မှတ်

ချဲလ်ဆီးနောက်ခံလူ ထရီဗိုတ် ချာလိုဘာ့ဂ်ဟာ အခုတိုင်းသာ ပုံမှန် ပွဲထွက်ခွင့် မရဘူး ဆိုရင် လာမယ့် ဆောင်းရာသီမှာ အသင်း ပြောင်းဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ချာလိုဘာ့ဂ်ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အပါအဝင် အင်တာမီလန်နဲ့ အေစီမီလန် တို့ကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ချဲလ်ဆီးက ချာလိုဘာ့ဂ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ပဲ ဆန္ဒရှိခဲ့ပါတယ်။

ဒီရာသီ အစောပိုင်းမှာတင် ချဲလ်ဆီးက နည်းပြ အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့ အပြင် ချာလိုဘာ့ဂ် အတွက်လည်း ကူလီဘလီ ရှိနေတာကြောင့် ပုံမှန် ပွဲထွက်ခွင့် မရနိုင်ဖြစ်နေတာပါ။

ဒီလိုမျိုး အခြေအနေအတိုင်းသာ ဆက်ဖြစ်နေမယ် ဆိုရင် ချာလိုဘာ့ဂ်က လာမယ့် ဆောင်းရာသီမှာတင် ချဲလ်ဆီးက ထွက်ခွာဖို့ ကြိုးစားလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး အနေနဲ့ ချာလိုဘာ့ဂ်ကို အပြီးသတ် မရောင်းချသည့်တိုင်အောင် အနည်းဆုံး ရာသီဝက် အငှားစာချုပ်နဲ့ လက်လွှတ်ပေးနိုင်ကြောင်းလည်း သတင်းတွေက ဖော်ပြနေကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်