နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၂၆/၉/၂၁၂၂)

စက်တင်ဘာ ၂၆ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒိန်းမတ်အတွက် ခြေစွမ်းပြနေခဲ့တဲ့ အဲရစ်ခ်ဆင်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ လက်ရွေးစင် အသင်း ဖြစ်တဲ့ ဒိန်းမတ် မှာလည်း ခြေစွမ်းပြခဲ့ပါတယ်။ မနေ့ညက ပြင်သစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း ထိပ်တန်း ကွင်းလယ်လူ တစ်ဦးရဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတွေကို ထပ်မံ ရယူနိုင်ခဲ့ကာ ရင့်ကျက် တည်ငြိမ်တဲ့ ကွင်းလယ်လူ တစ်ဦးရဲ့ အသွင်သဏ္ဍာန် အပြည့်အ၀ ရှိနေခဲ့ပါတယ်။

ပွဲချိန်တွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ – Dribbles ၃ ကြိမ်စလုံး အောင်မြင်ခဲ့၊ ပေးပို့ပုံ ၈၄% တိကျခဲ့၊ ဘောလုံး ထိချက် ၈၀ ကြိမ်၊ ဖြတ်တင်ဘော ၉ ကြိမ်၊ အရေးပါတဲ့ ပေးပို့မှု ၈ ကြိမ်၊ ဘောလုံး ရယူနိုင်မှု ၄ ကြိမ်၊ Long Balls ၂ ကြိမ် အထိ ရှိခဲ့ပါတယ်။

အခွင့်အရေး ဖန်တီးနိုင်မှု ၈ ကြိမ်ဟာ အသင်းဖော်တွေ စုစုပေါင်း လုပ်ဆောင်နိုင်တာထက် ပိုများခဲ့ပြီး အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ ခရိုအေးရှားကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာလည်း အသင်း ရလဒ် မကောင်းခဲ့ပေမယ့် အဲရစ်ခ်ဆင်က ခြေစွမ်းပြခဲ့ပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးပါ ရယူနိုင်ခဲ့ပါသေးတယ်။


အလကားနဲ့ ရဖို့ ရှိနေတဲ့ ယူနိုက်တက်ကစားသမားကို ပစ်မှတ်ထားနေပြန်တဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ လာမယ့်ရာသီ အတွက် ဘယ်ကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူလို့ ရနိုင်မလဲ ဆိုတာ လိုက်လံ စုံစမ်းနေပါပြီ။ သတင်းတွေ အရ ဆိုရင် ဂျူဗင်တပ်စ်က ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် ဒါးဗစ် ဒက်ဟဲယားကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဂျူဗီတို့ ပေါ့ဘာ အပြီးမှာ နောက်ထပ် ယူနိုက်တက် ကစားသမား တစ်ယောက်ကို ခေါ်ယူနိုင်မလား စောင့်ကြည့်ရပါတော့မယ်။
ဒက်ဟဲယားက ထိပ်တန်းအဆင့် လက်စွမ်းမျိုးကို ပြသနေတုန်း ဖြစ်ပေမယ့်လည်း မော်ဒန် ဘောလုံး လောကမှာ ဂိုးသမား တစ်ဦး အတွက် လိုအပ်လာတဲ့ keeper sweeper ကစားဟန် မှာတော့ အားနည်းနေခဲ့သူပါ။ ယူနိုက်တက် နည်းပြ တန်ဟက်ဂျ်ရဲ့ ကစားကွက်မှာ ဒက်ဟဲယားကို ပါဝင်ဖို့ အတွက် ညွှန်ကြားထားပေမယ့် အဆင်မပြေဖြစ်နေဆဲ ဖြစ်ပြီး ဘောလုံး ကန်တင်ခွင့် ကိုပါ ခွင့်ပြုပေးထားရပါတယ်။

သတင်းတွေ အရ ဆိုရင် ဂျူဗင်တပ်စ်က ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် ဒါးဗစ် ဒက်ဟဲယားကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒက်ဟဲယားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ဂျူဗင်တပ်စ်

လက်ရှိမှာ ယူနိုက်တက်နဲ့ ဒက်ဟဲယားကြား စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။ စာချုပ်သစ် ကိစ္စ အတွက်တော့ သတင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးလို့ ဒီအခြေအနေကို ဂျူဗီက စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ ဒက်ဟဲယား ကတော့ ယူနိုက်တက် ဂိုးပေါက်ကို ဆယ်စုနှစ် တစ်ခုစာ စောင့်ကြပ်ခဲ့သူ ဖြစ်ပြီး ကမ္ဘာ့အဆင့် ဂိုးသမား တစ်ဦး အဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။


နယ်သာလန်ကို နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပို့ပေးခဲ့တဲ့ ဗန်ဒိုက်ခ်

လစ်ဗာပူးလ် နောက်ခံလူနဲ့ နယ်သာလန် အသင်းခေါင်းဆောင် ဗာဂယ် ဗန်ဒိုက်ခ်ဟာ ဘယ်လ်ဂျီယံကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ တလုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဟော်လန်တို့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး နည်းပြ လူးဝစ် ဗန်ဟားလ်ရဲ့ တကျော့ပြန် တာဝန်ယူမှု အောက်မှာ အကောင်းဆုံး ပုံစံတွေကို ဆက်တိုက် ပြသနေခဲ့ပါတယ်။

ဒီရာသီမှာ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတဲ့ ဗန်ဒိုက်ခ်က အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ လစ်ဗာပူးလ်မှာ ခံစစ်ပိုင်း ကစားပုံ အားနည်းနေခဲ့ပြီး သွင်းဂိုးတွေ အလွယ်တကူ ခွင့်ပြုပေးခဲ့ရလို့ ဗန်ဒိုက်က လှောင်ပြောင်ခံနေရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နယ်သာလန် မှာတော့ သူက ပုံမှန် ခြေစွမ်း ပြသနေပြီး အဆုံးအဖြတ်ဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။

လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဟော်လန်ကို ဗန်ဒိုက်ခ်က ဦးဆောင်ရမှာ ဖြစ်ပြီး လိမ္မော်ရောင်တွေ အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်မလား ဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဟော်လန်က ကမ္ဘာ့အဆင့် အမြင့်ဆုံး ဖြစ်တဲ့ ဘယ်လ်ဂျီယံကို အနိုင်ရခဲ့လို့လည်း သူတို့ကို ပိုပြီး မျှော်လင့်ချင်စရာ ကောင်းနေကာ ကာတာ ကမ္ဘာ့ဖလား ကတော့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာခဲ့ပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်