နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – မနက်ခင်း သတင်းများ (၂၆/၉/၂၀၂၂)

စက်တင်ဘာ ၂၆ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်နိုင်ဖို့ ရှိနေတဲ့ တိုနီ ခရူးစ်

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်ဟာ သူ့ရဲ့ ခြေစွမ်း ပြသနေမှုတွေကြောင့် အသင်းနဲ့ ၁ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဂျာမနီ ကွင်းလယ်လူကို ရာသီအစမှာကတည်းက စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေချင်သေးပြီး ခြေစွမ်းမပြနိုင်ပါက အသင်း အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်းငံ့ထားခဲ့ပါတယ်။

အခုအခါမှာ ခရူးစ်က မိုဒရစ်နဲ့ တွဲဖက်ပြီး အသင်း ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်က ဂျာမနီသားကို စာချုပ်သစ် ချုပ်ဆိုဖို့ ထပ်မံ ပြင်ဆင်လာနေပြီး ခရူးစ်ကလည်း လက်ခံသွားဖွယ်ရာ ရှိနေပါတယ်။ အသက် ၃၂ နှစ် အရွယ် ခရူးစ်က ရီးရဲလ်မက်ဒရစ်ကို ၂၀၁၄ မှာ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၃၇၃ ပွဲ ကစားပေးခဲ့ကာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦး အဖြစ် ခရူးစ်က ရပ်တည်နိုင်ခဲ့ပြီး ဒီရာသီမှာလည်း ခြေစွမ်း မကျသေးဘဲ တည်ငြိမ်မှု အပြည့်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား ၅ လုံးအထိ အောင်မြင်မှု ရခဲ့ရာမှာ အဓိက အကျဆုံး ကစားသမားလည်း ဖြစ်ခဲ့ပြီး ပရိသတ်တွေ ကတော့ သူ့ကို ဘာနေဗျူးမှာ ထပ်မံ မြင်တွေ့ရဖို့ကို လိုလားနေတယ်လို့ သိရပါတယ်။


အာရူဂျိုရဲ့ ဒဏ်ရာရရှိမှု အတွက် ဘာစီလိုနာကို လျော်ကြေးပေးမယ့် ဖီဖာ

ဘာစီလိုနာ အသင်းဟာ ဥရုဂွေး အတွက် သွားရောက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ရော်နယ် အာရူဂျို အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဆီကနေ လျော်ကြေးရရှိဖွယ် ရှိနေပါတယ်။ အာရူဂျိုဟာ စက်တင်ဘာလ ၂၃ ရက်နေ့က ကစားခဲ့တဲ့အီရန်နဲ့ ခြေစမ်းပွဲမှာ ပွဲချိန် အစောပိုင်းမှာပဲ ဒဏ်ရာရရှိခဲ့လို့ လူစား လဲလှယ်ကာ အနားယူခဲ့ရပါတယ်။

ဒဏ်ရာကြောင့် အနည်းဆုံး ၁ လအထိ အနားယူရတော့မယ်လို့ သိရပြီး ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ကစားသမား အတွက်ရော၊ သူ့ကို အားကိုးအားထားပြုနေတဲ့ ကလပ် အတွက်ပါ နစ်နာခဲ့ရပါတယ်။ ဒါကြောင့်လည်း ဖီဖာက အာရူဂျိုရဲ့ ဒဏ်ရာကြောင့် အနားယူရမယ့် ရက်ပေါင်း ၂၈ ရက် အတွက်ကို လျော်ကြေးငွေ ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လျော်ကြေး အနေနဲ့ ယူရိုငွေ ၂ သောင်းကျော် ရရှိမယ်လို့ သိရပြီး ဘာစီလိုနာ အတွက် အဆိုပါ ပမာဏက မက်လောက်စရာတော့ မဟုတ်ပါဘူး။ ကစားသမားကို လက်လွှတ်ရမှာက ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု ဖြစ်ပြီး နည်းပြ ဇာဗီအတွက်လည်း အာရူဂျိုရဲ့ နေရာ အတွက် ခေါင်းခဲရတော့မှာ ဖြစ်ပါတယ်။ အာရူဂျိုက ဗဟိုခံစစ်နဲ့ ညာအစွန် ခံစစ် နေရာတွေမှာ ကစားနိုင်သူ ဖြစ်ပါတယ်။


နေးရှင်းလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူဖြစ်လာတဲ့ လူကာမိုဒရစ်

ဩစတြီးယားနဲ့ ပွဲမှာ ခရိုအေးရှား အတွက် အနိုင်ဂိုး တစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့နောက် လာလီဂါ ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ နေးရှင်းလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ အသက် ၃၇ နှစ် အရွယ်မှာ မိုဒရစ်က သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီကစားသမားရဲ့ ခြေစွမ်းပြနေမှု ကတော့ တကယ်ကို အံ့အားသင့်စရာ ကောင်းနေခဲ့ပါတယ်။

ဩစတြီးယားနဲ့ ပွဲမှာ ခရိုအေးရှား အတွက် အနိုင်ဂိုး တစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့နောက် လာလီဂါ ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ နေးရှင်းလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။
နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ မိုဒရစ်

ကစားသမား တစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ်နဲ့ အချိန်တွေ ကုန်လွန်နေပြီ ဖြစ်ပေမယ့် မိုဒရစ် ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားတို့မှာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ခရိုအေးရှားက ၁-၃ ရလဒ်နဲ့ ဩစတြီးယားကို အနိုင်ရရှိခဲ့ပြီး နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ကာ ဒါက အသင်းရဲ့ သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုဒရစ်က ရီးရဲလ်မှာလည်း အဓိက ကစားသမား အဖြစ်နဲ့ အန်ဆယ်လော့တီရဲ့ အသုံးတော်ခံနေပြီး လာလီဂါ ကလပ်ကို အကောင်းဆုံး ထိန်းကျောင်းပေးနေခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှား အသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလား မှာလည်း နိုင်ငံအသင်းကို ဦးဆောင်ရဖို့ ရှိပြီး ၂၀၁၈ တုန်းကလို ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်