နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၆/၉/၂၀၂၂)

စက်တင်ဘာ ၂၆ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘက်စတိုနီကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်

သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ အင်တာမီလန် ခံစစ်မှူး အလက်ဆန်ဒရို ဘက်စတိုနီကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်လျက် ရှိတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ် အရွယ် ခံစစ်မှူး ဘက်စတိုနီဟာ အင်တာမီလန် အတွက်သာမက အီတလီ လက်ရွေးစင် အသင်း အတွက်လည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာလည်း ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပြီး အသက်နဲ့ မလိုက်အောင် တိုးတက် တည်ငြိမ်လာတဲ့ နောက်ခံလူ တစ်ဦးလည်း ဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့ ဖော်ပြချက် အရ ဘက်စတိုနီကို မန်ချက်စတာယူနိုက်တက် အပြင် မန်ချက်စတာစီးတီး ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီး မြို့ခံ ပြိုင်ဘက် နှစ်သင်း အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဘက်စတိုနီ ဟာ ၂၀၁၉ ခုနှစ်က ပါးမား ကနေ အင်တာမီလန် ကို ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။


အိုင်ယာလန်နဲ့ ပွဲမှာ ဒဏ်ရာရသွားတဲ့ အာဆင်နယ် ဘယ်နောက်ခံလူ

ပါတေး၊ တိုမီယာဆု တို့အပြင် နိုင်ငံတာပွဲစဉ်တွေ သွားရောက် ကစားခဲ့တဲ့ အာဆင်နယ် ဘယ်နောက်ခံလူ ကီရင် တီယာနေး ကလည်း ဒဏ်ရာပြဿနာကို ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

စကော့တလန် လက်ရွေးစင်ဟာ အိုင်ယာလန်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးခါနီးမှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး စကော့တလန် နည်းပြ စတိဗ် ကလာ့ခ်ရဲ့ ပွဲပြီး ပြောကြားချက်အရ အရမ်းကြီး မဆိုးရွားဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း တီယာနေး အနေနဲ့ စပါးနဲ့ မြောက်လန်ဒန် ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ခြင်း ရှိ၊ မရှိ ကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဂါနာ လက်ရွေးစင် သောမက်စ် ပါတေးနဲ့ ဂျပန်ကြီး တိုမီယာဆု တို့ ကတော့ ကြိုတင် ကာကွယ်နဲ့ အနေနဲ့ လက်ရွေးစင် အသင်းကနေ နုတ်ထွက်လာခဲ့ပြီး လန်ဒန်ကို ပြန်လာနေကြပြီလို့ သိရပါတယ်။ လက်တလော အာဆင်နယ်မှာ စီဒရစ် ဆွာရေးစ်၊ မိုဟာမက် အဲလ်နီနီ၊ မာတင် အိုဒီဂတ်နဲ့ ရီးစ် နဲလ်ဆင်တို့ ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပါတယ်။


ကိုယ်ပိုင် ကြံခိုင်ရေး အသင်း ငှားရမ်းလိုက်တဲ့ အာသာ

လစ်ဗာပူးလ် အသင်းရဲ့ ကွင်းလယ် ကစားသမား အာသာ မယ်လိုဟာ သူ့ရဲ့ ကစားအားကို မြှင့်တင်ဖို့ အတွက် ကြံခိုင်မှု ပြည့်ဝအောင် လေ့ကျင့်ပေးတဲ့ အသင်း တစ်သင်းကို ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အာဟာရဗေဒ ပညာရှင် ဂျိုအန်နာ ပက်ဆိုအာ ဒယ်လိုရို၊ အရိုးအကြောဗေဒ ပညာရှင် အက်ဒရီ မာတီနက်ဇ် ကတ်စ်ထရိုနဲ့ ကြံ့ခိုင်ရေး နည်းပြ ဒန်နီရဲလ် အက်စတီဘန် လာဘာကာ အန်စီနာ တို့ဟာ အာသာရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေဖို့ အတွက် မကြာခင် အချိန် အတွင်း အန်ဖီးလ်ကို လာရောက် ပူးပေါင်းဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ အန်ဖီးလ်ကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့် ပရီးမီးယားလိဂ် ကလပ် ဘက်က ပုံမှန် ပွဲထွက်ခွင့်ပေးဖို့ တော်တော်လေး စဉ်းစားနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဘရာဇီးလ်သားဟာ လောလောဆယ် မှာလည်း နာပိုလီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ၁၃ မိနစ်သာ ဝင်ရောက် ကစားခွင့်ရရှိထားခဲ့ပြီး သတင်းတွေ အရ ဆိုရင် အာသာကို လစ်ဗာပူးလ် ဘက်က စာချုပ် ဖျက်သိမ်းသွားဖို့ ပြင်ဆင်နေတယ်လို့တောင် သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်