နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၅/၉/၂၀၂၂)

စက်တင်ဘာ ၂၅ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်လာတဲ့ ဒေါ့မန် တိုက်စစ်မှူး

ဥရောပထိပ်တန်း အသင်းကြီးတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ တို့ဟာ ဒေါ့မန်ရဲ့ တိုက်စစ် ကြယ်ပွင့် ယူဆိုဖာ မူကိုကို,ကို သူတို့ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲမှာ ထည့်သွင်း စောင့်ကြည့်နေကြပါတယ်။

အသက် (၁၇) နှစ်အရွယ် ဒီကစားသမားလေးဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီကစားသမားလေးဟာ အဆိုပါ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ လူငယ်အသင်းမှာ ပွဲပေါင်း (၉၀) ကစား၊ (၁၄၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၂၇) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကင်မရွန်း နွယ်ဖွား ဂျာမနီလူငယ် ကစားသမားလေးဟာ အသက် (၁၆) နှစ်မှာ ကတည်းက ဘွန်ဒက်စ်လီဂါ ပထမဆုံးပွဲကို ကစားခွင့် ရရှိခဲ့ပြီး သူ့ရဲ့အလားအလာနဲ့ ပတ်သက်လို့ ထိပ်တန်း အသင်းတွေက အာရုံစိုက် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မူကိုကိုဟာ ဒေါ့မန် အသင်းကြီးကို ရောက်ရှိလာချိန်မှာတော့ ရုန်းကန်နေရပြီး အသင်း အတွက် (၄၆) ပွဲ ကစားပြီးချိန်မှာ (၇) ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။


ကိုဗစ်ကြောင့် လေဗာကူဆင်နဲ့ ပွဲကိုပါ လွဲချော်ဖွယ် ရှိတဲ့ ဘေယန် ကြယ်ပွင့် နှစ်ဦး

ကိုဗစ် ကူးစက်ခံရတာကြောင့် ဂျာမနီ လက်ရွေးစင် လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဘေယန်မြူးနစ် ဂိုးသမား မန်ဝဲလ် နော်အာနဲ့ ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာ တို့ဟာ လာမယ့် သောကြာနေ့မှာ ကစားမယ့် လေဗာကူဆင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်ကိုပါ လွဲချော်ဖွယ် ရှိနေပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဟန်ဂေရီ
အီတလီ
1X2 ဟန်ဂေရီ @ 3.80
ဂိုးပေါ် 2.50 @ 2.19
ဂိုးပေါင် 0-1 @ 2.69
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီကစားသမား နှစ်ယောက်ဟာ ကိုဗစ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် ဟန်ဂေရီကို ရှုံးခဲ့တဲ့ပွဲ၊ တနင်္လာနေ့မှာ ကစားမယ့် အင်္ဂလန်နဲ့ ပွဲတွေကို လွဲချော်သွားမှာပါ။ ဒါ့အပြင် လာမယ့် အင်္ဂါနေ့ အထိ သီးသန့်နေထိုင်ရမှာ ဖြစ်ပြီး ကိုဗစ် ကူးစက်ခံရပြီးနောက် (၉) ရက်ကြာမှ ပွဲပြန် ကစားခွင့်ပေးမယ့် သတ်မှတ်ချက်ကြောင့် ဒီကစားသမား နှစ်ယောက်လုံး လေဗာကူဆင်နဲ့ ပွဲကို လွဲချော်ဖို့ ရာခိုင်နှုန်းများနေတာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါမှာ ရလဒ်ဆိုးနေတာကြောင့် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အတွက်လည်း ဖိအားများနေပြီး နော်အာနဲ့ ဂိုရက်ဇ်ကာ တို့ရဲ့သတင်းက အသင်း အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။


ရာမို့စ်ကို ဘေယန်မြူးနစ်တို့ စိတ်ဝင်စားခြင်း မရှိ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း ဂျာမန် သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

ရာမို့စ်ဟာ လက်ရှိ ရာသီမှာ ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံ (၁၂) ပွဲမှာ (၈) ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဥရောပရဲ့ နာမည်ကြီး အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ နယူးကာဆယ်နဲ့ ယူနိုက်တက် တို့က အဆိုပါ တိုက်စစ်မှူးကို လာမယ့် ဇန်နဝါရီ အတွက် စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဘေယန်မြူးနစ် ကလည်း ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရော်ဘတ် လီဝမ်ဒေါစကီးကို လက်လွှတ်ခဲ့ရပြီးနောက် တိုက်စစ်မှူးသစ် တစ်ဦး အားဖြည့်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ် အနေနဲ့ ရာမို့စ် အတွက် အခြားသော ဥရောပအသင်းတွေနဲ့ အပြိုင် ကမ်းလှမ်းသွားမယ် ဆိုတဲ့ သတင်းတွေ ကတော့ မှန်ကန်မှု မရှိကြောင်း ဂျာမန် အခြေစိုက် Bild က အတည်ပြုခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ လတ်တလောမှာ အထောင် တိုက်စစ် နေရာ အတွက် တော့တင်ဟမ်ဟော့စပါးက ဟယ်ရီကိန်းနဲ့ လိုက်ပ်ဇစ်က ခရစ္စတိုဖာ အန်ကွန်ကူ တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်