နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – မနက်ခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် ကလပ်တွေထက် ရီးရဲလ်မက်ဒရစ် ကိုပဲ ပိုပြီး စိတ်ဝင်စားနေတဲ့ ဘယ်လင်ဂမ်

ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဂမ်ဟာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် အသင်း ပြောင်းရွှေ့မယ် ဆိုရင် ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘယ်လင်ဂမ်ကို လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်က ဒေါ့မန်နဲ့ စာချုပ်သက်တမ်း ၃ နှစ် အထိ ကျန်ရှိနေသေးပေမယ့်လည်း လာမယ့် ရာသီမှာလည်း သေချာပေါက် အသင်း ပြောင်းရွှေမယ်လို့ ယူဆရပြီး ဘယ်အသင်းက လက်ဦးမှု ရယူနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

သူတို့ ကစားသမား အတွက် ဒေါ့မန်က ပေါင် ၁၃၁ သန်းအထိ ပြောင်းရွှေ့ကြေး သတ်မှတ်ထားပြီး အဆိုပါ ပမာဏကို လာလီဂါ ကလပ် ဘက်က ပေးချေနိုင်သလို အင်္ဂလန် ကလပ်တွေ ကလည်း သုံးစွဲနိုင်ပါတယ်။ El Chiringuito ရဲ့ သတင်းထောက် Jose Alvarez Haya ကတော့ ကစားသမား ကိုယ်တိုင်က ရီးရဲလ်ကို ပြောင်းချင်နေပြီး မက်ဒရစ် ကွင်းလယ်ကို မျိုးဆက် တစ်ခုက ပြောင်းလဲတဲ့ နေရာမှာ တစိတ်တပိုင်း ပါဝင်ချင်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။


၂၃ မိနစ်ပဲ ကစားပြီး ဒဏ်ရာရသွားခဲ့တဲ့ ကွန်ဒေး

လာလီဂါ ကလပ် ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးဟာ ပြင်သစ် အတွက် ဝင်ရောက် ကစားပေးခဲ့ရင်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဩစတြီးယားနဲ့ ကစားခဲ့တဲ့ ပွဲမှာ ကွန်ဒေးက ပွဲထွက်ခွင့် ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲကစားချိန် ၂၃ မိနစ် မှာတင်ပဲ ကြွက်သား ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပြီးတော့ သူ့နေရာမှာ အာဆင်နယ် နောက်ခံလူ ဝီလီယံ ဆလီဘာက ဝင်ရောက် ကစားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အာမေးနီးယား
ယူကရိန်း
1X2 သရေ (Draw) @ 4.00
ဂိုးပေါ် 2.50 @ 2.04
ဂိုးပေါင်း 0-1 @ 2.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါက ဘာစီလိုနာ အတွက်တော့ စိတ်ပျက်စရာ သတင်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှ ဆီဗီလာ ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ ကွန်ဒေးက ဇာဗီ လက်အောက်မှာ ခြေစွမ်းပြနေသူ ဖြစ်ပြီး နိုင်ငံတကာ ပွဲတွေ ကစားရချိန်မှ အခုလို ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ကွန်ဒေးရဲ့ ဒဏ်ရာကို ၂၄ နာရီ အတွင်း scan ဖတ်ပြီးမှသာ သိရမယ်လို့ နည်းပြဒက်ရွှမ့်စ်က အတည်ပြုခဲ့ပြီး လက်ရှိအချိန် အထိတော့ အခြေအနေ အတိအကျ မသိရသေးဘဲ ရှိနေပါတယ်။ အဲ့ဒီပွဲမှာ ပြင်သစ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အမ်ဘာပေးနဲ့ ဂျရူး တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရတဲ့ အလာဘာရဲ့ သတင်း

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဒေးဗစ် အလာဘာဟာ ဩစတြီးယား အတွက် ပြင်သစ်နဲ့ ပွဲမှာ ဝင်ရောက် ကစားပေးခဲ့ရင်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတယ်လို့ သိရပါတယ်။ ဩစတြီးယား အတွက် မိနစ် ၇၀ အထိ အလာဘာက ကစားပေးခဲ့ပြီးနောက်မှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ကွင်းအတွင်း ကနေ ဖြည်းဖြည်းချင်း ထွက်ခွာခဲ့ရတာကြောင့် ဒဏ်ရာက အနည်းငယ် ပြင်းထန်ဖွယ်တော့ ရှိနေပါတယ်။ 

နိုင်ငံတကာပွဲတွေ ကစားချိန်မှာ ကလပ်အသင်းတွေက သူတို့ရဲ့ ကစားသမားတွေ ထိခိုက် ဒဏ်ရာ ရမှာကို စိုးရိမ်နေခဲ့ကြပြီး အခုတော့ ထင်ထားသလိုတွေ ဖြစ်လာခဲ့တာပါ။ ဘာစီလိုနာ နောက်ခံလူ ကွန်ဒေးလည်း အဲ့ဒီပွဲ မှာပဲ ဒဏ်ရာရခဲ့လို့ ပွဲကစားချိန် ၂၃ မိနစ် ကတည်းက လူစားလဲခဲ့ရပြီး လာလီဂါ ထိပ်သီး နှစ်သင်း အတွက်တော့ နိုင်ငံတကာပွဲတွေက စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီလို့ပဲ ဆိုရပါမယ်။အလာဘာက ပွဲကို ဆက်မကစားနိုင်တော့ဘူးလို့ အချက်ပြခဲ့ပြီးနောက် လူစားလဲခဲ့တာ ဖြစ်ပြီး ရီးရဲလ် ကတော့ သူတို့ကစားသမား အချိန်တိုအတွင်း ပြန်ကစားနိုင်ဖို့ကို မျှော်လင့်နေပါတယ်။ အလာဘာက ရီးရဲလ်မက်ဒရစ် အတွက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရရှိနေသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်