နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒက်ဟဲယားကြောင့် သူ ဒုက္ခရောက်နေတာလို့ မက်ဂွိုင်းယား ယူဆနေ

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက သူ ပုံမှန် ခြေစွမ်း ပျောက်ဆုံးပြီး အရန်ခုံမှာပဲ အချိန်ကုန်နေရတာက အသင်းဖော် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကြောင့်လို့ ယူဆနေပါတယ်။ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်နဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ အသင်း အတွက် ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ပြီး လူစားဝင် ကစားခွင့်သာ ရရှိနေခဲ့သူဖြစ်ပါတယ်။

ယူရိုပါလိဂ်ပွဲ ဖြစ်တဲ့ ဆိုစီဒက်နဲ့ ပွဲမှာတော့ ပွဲထွက်ခွင့် ပြန်ရခဲ့ပေမယ့် အသင်းက အရေးနိမ့်ခဲ့လို့ နောက်တစ်ပွဲမှာ ထပ်မံ ချန်လှပ်ခံခဲ့ရပါတယ်။ ဒီလိုတွေ ဖြစ်နေတာဟာ ဒက်ဟဲယားကြောင့်လို့ မက်ဂွိုင်းယားက ခံစားနေရပြီး စပိန် ဂိုးသမားနဲ့ သူ့ကြားမှာ နားလည်မှုပိုင်း အားနည်းနေတာ၊ ဒက်ဟဲယားက ball paying ပိုင်းမှာ မကျွမ်းကျင်တာကြောင့် သူပါ ပုံမှန် ပုံစံ ပျောက်ဆုံးနေတာလို့ မက်ဂွိုင်းယားက ယုံကြည်နေတယ်လို့ သိရပါတယ်။

 Keeper Sweeper ပိုင်းကို အားမသန်တဲ့ ဒက်ဟဲယားကို တန်ဟက်ဂ်က ဘောလုံး ကန်တင်ခွင့် ပေးထားရပြီး ဒီလိုတွေ ဖြစ်လာတာက သူ့ကိုပါ ထိခိုက်တယ်လို့ မက်ဂွိုင်းယားက ယုံကြည်နေပါတယ်။ ဒါပေမယ့် ဒက်ဟဲယား ဟာ ဗာရန်း၊ မာတီနက်ဇ်တို့နဲ့ တွဲဖက်ချိန်မှာတော့ တောင့်တင်းတဲ့ ခံစစ်ပိုင်းကို ပုံဖော်နိုင်ခဲ့ပြီး မက်ဂွိုင်းယားနဲ့ ဆိုရင်တော့ စပိန်ဂိုးသမား တစ်ယောက် အမြဲတမ်း ပျာယာခတ်နေရတာ ကိုလည်း မြင်တွေ့နေခဲ့ရပါတယ်။


ဆွာရက်ဇ်ကို ပြန်ခေါ်ပေးဖို့ လစ်ဗာပူးလ် ပရိသတ်တွေ ဆန္ဒ ရှိနေ

လစ်ဗာပူးလ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ဆွာရက်ဇ်ကို အသင်းဟောင်း ပရိသတ်တွေက အားပေးနေဆဲဖြစ်ပါတယ်။
လစ်ဗာပူးလ်မှာ ၄ နှစ်ကြာ ကစားခဲ့ဖူးတဲ့ လူးဝစ္စ ဆွာရက်ဇ်

ဥရုဂွေး ကလပ် နေစီယွန်နယ် ကနေ မကြာခင်မှာ ပြန်လည် ထွက်ခွာတော့ လူး၀စ္စ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အတွက် လစ်ဗာပူးလ် ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။ ဥရုဂွေး တိုက်စစ်မှူးဟာ ငယ်ဘ၀ ကလပ် နေစီယွန်နယ်ကို ပြောင်းရွှေ့ခဲ့ရာမှာ ကာလတို စာချုပ်နဲ့သာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မကြာခင်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်သလို အသင်းက ပြန်ထွက်ခွာမယ်လို့ နေစီယွန်နယ် ဘက်က အတည်ပြုထားခဲ့ပါတယ်။

အသက် ၃၅ နှစ် အရွယ် ဆွာရက်ဇ်က နေစီယွန်နယ် အတွက် လိပ်ပွဲ ၈ ပွဲ ကစားပေးပြီး ၄ ဂိုး အထိ သွင်းယူပေးထားပါတယ်။ စပိန် လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အက်သလက်တီကို တို့မှာ ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ်က ဒီရာသီ ဥရောပအသင်း တစ်သင်းမှာ ဆက်လက် ကစားချင်နေခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ဥရုဂွေးကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ကာတာ ကမ္ဘာ့ဖလား မှာလည်း သူက အကောင်းဆုံး ကစားပြနိုင်ဖို့ ပစ်မှတ်ထားနေပြီး အသင်းသစ် တစ်သင်းကို ရှာဖွေရတော့မှာပါ။

လစ်ဗာပူးလ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ဆွာရက်ဇ်ကို အသင်းဟောင်း ပရိသတ်တွေက အားပေးနေဆဲဖြစ်ပါတယ်။


ပေါ်တူဂီ ရောက်တာနဲ့ ဆုလက်ခံ ရရှိခဲ့တဲ့ ရော်နယ်ဒို

လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းဖို့ အတွက် ပေါ်တူဂီကို ပြန်ရောက်နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ရောက်ရောက်ချင်းပဲ Quinas De Ouro ဆိုတဲ့ ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုက ပေါ်တူဂီ အတွက် နိုင်ငံတကာ သွင်းဂိုး အများဆုံး သွင်းယူပေးနိုင်တဲ့ သူကို ပေးအပ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ၁၁၇ ဂိုး အထိ သွင်းယူပေးထားကာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ်နဲ့ စံချိန်တင်ထားပါတယ်။

ပေါ်တူဂီ အတွက် သမိုင်းဝင် အောင်မြင်မှုဖြစ်တဲ့ ယူရိုဖလားကို အသင်းခေါင်းဆောင် အဖြစ်နဲ့ ရော်နယ်ဒိုက ရရှိအောင် ကူညီပေးနိုင်ခဲ့သလို နေးရှင်းလိဂ် ဖလားကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အသင်းကို ဦးဆောင်ဖို့ ရှိနေတဲ့ ရော်နယ်ဒိုက သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုး အရေအတွက်ကို ထပ်မံ မြှင့်တင်ဖို့လည်း ဆန္ဒ ပြင်းပြနေပြီး စံချိန်တွေလည်း ချိုးဖျက်ချင်သေးတယ်လို့ ဆိုခဲ့ပါတယ်။

“ ကျနော် ချစ်တဲ့ နိုင်ငံအသင်းနဲ့အတူ ဒီဆုကို ရယူနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်၊ အသင်းဖော်တွေ၊ နည်းပြတွေ၊ မိသားစုနဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်၊ အားလုံးနဲ့ အတူ ဖြစ်နိုင်သမျှ စံချိန်တွေကို ချိုးဖျက်ဖို့လည်း ကျနော့်မှာ ဆန္ဒရှိနေပါသေးတယ်” လို့ ရော်နယ်ဒိုက ဆုလက်ခံရယူ အပြီးမှာ ပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီ ကတော့ လာမယ့်ရက်ပိုင်း အတွင်း ချက်၊ စပိန် တို့နဲ့ နေးရှင်းလိဂ် ပွဲစဉ် တွေကို ကစားသွားရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်