နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ဘရန့်ဖို့ဒ် ၀-၃ အာဆင်နယ် (ပရီးမီးယားလိဂ်)

ဘရန့်ဖို့ဒ် ၀-၃ အာဆင်နယ်

မနေ့ညနေ အစောပိုင်းက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ် တို့ရဲ့ ပွဲစဉ် မှာတော့ ဧည့်သည် ဂန်းနား တို့က ပျားတွေကို အဝေးကွင်းမှာ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မီခယ် အာတေးတားရဲ့ အသင်းက တစ်ပွဲလုံး အပြစ် ပြောစရာ မရှိအောင် အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ပွဲအပြီး မှာတော့ ထိုက်တန်တဲ့ အနိုင် ၃ မှတ်နဲ့ အတူ ဇယား ထိပ်ဆုံး နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ထုံးစံအတိုင်း ၃-၅-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့သလို အာဆင်နယ် ကလည်း ၄-၂-၃-၁ နဲ့ပဲ ရင်ဆိုင်လာခဲ့ပါတယ်။ အိုဒီဂတ် နေရာမှာ ဖေဘီယို ဗီအဲရာ ကစားပြီး ဇင်ချန်ကို နေရာမှာ တီယာနေး ပါဝင်လာတာက လွဲရင် အပြောင်းအလဲ မရှိခဲ့ပါဘူး။ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်ခဲ့ကြပေမယ့် အာဆင်နယ်တို့ ပွဲစကတည်းက တစ်ဦးချင်းရော၊ အသင်းလိုက် ကစားပုံမှာပါ အသာရခဲ့ပါတယ်။ ပါတေး ပြန်ပါလာတဲ့ ကွင်းလယ်က လုပ်အားနှုန်း သိသိသာသာ ကောင်းမွန်ခဲ့ပြီး ချာကာလည်း တိုက်စစ်ကို ထိထိရောက်ရောက် လိုက်ပါ ကစားနိုင်ခဲ့ပါတယ်။ ပွဲအစ ၁၇ မိနစ် မှာတင်ပဲ ဆယ်လီဘာက ခေါင်းတိုက်ပြီး အာဆင်နယ် အတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့သလို ၂၈ မိနစ် မှာလည်း ဂျေဆုစ်က ချာကာရဲ့ မတင်ပေးပို့မှု ကနေ ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အခုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဘရန့်ဖို့ဒ် ကတော့ ရမှတ် ၉ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဆက်လက် ဦးဆောင်နေတဲ့ အာဆင်နယ်

ဒုတိယပိုင်းမှာ ဘရန့်ဖို့ဒ်တို့ ကစားပုံ ကြမ်းလာခဲ့ပေမယ့် အာဆင်နယ် ကပဲ ပွဲကို လိုသလို ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ ဗီအဲရာက အဝေးကန်ချက်နဲ့ တတိယဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့ပါတယ်။ ဗီအဲရာ ရဲ့ သွင်းဂိုးဟာ တကယ်ကို အရည်အသွေး မြင့်မားလွန်းပြီး သူ့အနေနဲ့ အာဆင်နယ်နဲ့ ပွဲဦးထွက်မှာ အရည်အသွေးကောင်း တစ်ခုကို ထုတ်ပြလိုက်နိုင်တယ်လို့ ပြောလို့ ရပါတယ်။ လက်ကျန် မိနစ်တွေမှာ နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး အာတေးတား ကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာမယ့် အီသန်ဝန်နာရီ (၁၅ နှစ်၊ ၁၈၁ ရက်သား) ကို ပွဲပြီးခါနီးမှာ ထည့်သွင်း ကစားစေခဲ့ပါတယ်။ ဂန်းနားတို့ အပိုင်အခွင့်အရေး တချို့ ရခဲ့ပေမယ့် ဘရန့်ဖိုဒ့် ဂိုးသမား ရာယာ ကာကွယ်သွားနိုင်ခဲ့လို့ ၃-၀ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး အနိုင် ၃ မှတ်နဲ့အတူ ပရီးမီးယားလိဂ် အဆင့် ၁ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ဒီပွဲမှာ အဓိက ပြောစရာ ရှိတာက အာဆင်နယ်နဲ့ စိတ်ဓာတ်နဲ့ ကြိုးစား အားထုတ်မှု ဖြစ်ပါတယ်။ အရင်က အာဆင်နယ်ဟာ တစ်ပွဲ ရှုံးပြီးရင် နောက်ပွဲတွေပါ ရလဒ် ဆက်ပြီး ဆိုးလေ့ ရှိတဲ့ အသင်း ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ရလဒ် ဆိုးပြီးရင် လွယ်လွယ်နဲ့ ပြန်ပြီး ရုန်းမထနိုင်တဲ့ အသင်း အဖြစ် မြင်တွေ့ခဲ့ရပေမယ့် ဒီရာသီ မှာတော့ အာတေးတားရဲ့ လူငယ်လေးတွေ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။

ဆလီဘာနဲ့ ဂါဘရီရယ်တို့ ဦးဆောင်တဲ့ ဗဟိုခံစစ်က ပြောစရာ မရှိခဲ့သလို ဆလီဘာ ဆိုရင် အဖွင့်ဂိုးတောင် သွင်းနိုင်ခဲ့ပါသေးတယ်။ ဇင်ချန်ကို နေရာမှာ ဝင်ကစားတဲ့ တီယာနေးရဲ့ ခြေစွမ်း တစ်ပွဲထက် တစ်ပွဲ တိုးတက်လာနေပြီး လာမယ့် ပွဲတွေမှာလည်း ဆက်လက် မြင်တွေ့ရဦးမယ့် သဘော ရှိပါတယ်။ ဒီနေ့ပွဲမှာ အထူးတလည် ချီးကျူးရမှာက ပါတေး၊ ချာကာနဲ့ ဗီအဲရာ တို့ရဲ့ တည်ငြိမ်လွန်းတဲ့ ကွင်းလယ် ဖြစ်ပါတယ်။ ရာသီ အစမှာ ဒဏ်ရာကြောင့် အထနှေးခဲ့တဲ့ ဗီအဲရာ တစ်ယောက် အိုဒီဂတ် လောက် အတွေ့အကြုံ မရှိသေးပေမယ့် လူငယ်ပီပီ ဆုံးဖြတ်ချက်ရဲတယ်။ ကန်ချက်တွေ တိကျတယ်။ အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်လို့လည်း ယုံကြည်ချက် ပိုရှိသွားစေမှာ သေချာပါတယ်။ ဘန်ဝှိုက် ကတော့ ပုံမှန် ခြေစွမ်းပဲ ရှိခဲ့ပေမယ့် အမှားကင်းခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ဘာစီလိုနာ
1X2 အင်တာမီလန် @ 3.90
ဂိုးပေါ် 3.00 @ 2.09
ဂိုးပေါင်း 0-1 @ 4.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆာကာနဲ့ မာတင်နယ်လီ တို့ရဲ့ တောင်ပံ နှစ်ဖက်ကိုတော့ ဒီနေ့ပွဲမှာ သိပ်ပြီး အားမရပါဘူး။ အရင် ပွဲတွေထဲက အားမရတာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အာဆင်နယ် ယိုင်နဲ့ နေစဉ် တလျောက်လုံး ကယ်တင်ပေးခဲ့တဲ့ ဆာကာ လေးကို အားလုံး ကောင်းနေတဲ့ အချိန်မှာ လိုက်ကောင်းဖို့ မျှော်လင့်မိတာတော့ အမှန်ပါပဲ။ တစ်ခုတော့ ရှိတယ်။ ဆာကာ ဂိုးပေါက် ပျောက်နေပေမယ့် မနေ့ကပွဲမှာ သွင်းဂိုး ၂ ဂိုးက သူ့ရဲ့ ဖန်တီး ပေးပို့မှုတွေ ကနေ ရခဲ့တာပါ။ ဂျေဆုစ်ရဲ့ စွမ်းဆောင်ရည် ကတော့ သိပ်ပြီး ထွေထွေထူးထူး ပြောဖို့တောင် မလိုတော့ပါဘူး။ မြင့်မားတဲ့ လုပ်အားနှုန်း၊ ပါးနပ်တဲ့ အတိုးအလှုပ်တွေနဲ့ အဆုံးသတ် သေချာမှုတွေက အာဆင်နယ် အတွက် အရေးပါဆုံး ကစားသမား ဖြစ်နေကြောင်းကို သက်သေပြထားနိုင်ဆဲ ဖြစ်ပါတယ်။

အခုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဘရန့်ဖို့ဒ် ကတော့ ရမှတ် ၉ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးမှာ ယူနိုက်တက် တစ်သင်းထဲကို ရှုံးနိမ့်ထားခဲ့ပြီး ကျန် ၆ ပွဲစလုံး အနိုင်ရထားတာကြောင့် ၁၈ မှတ်နဲ့ ဇယား ထိပ်ဆုံး ကနေ ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်မျာ

ဘရန့်ဖို့ဒ်တို့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ဘုန်းမောက်ရဲ့ ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး အာဆင်နယ် ကလည်း မြို့ခံ ပြိုင်ဘက် စပါးကို အန်းမရိတ်စ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်