နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၁၈/၉/၂၀၂၂)

စက်တင်ဘာ ၁၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အားလုံးရဲ့ အားပေးမှု အတွက် အံ့အားသင့်ခဲ့ရတယ်လို့ ဆွန်ဟောင်မင် ဝန်ခံ

ဒီရာသီ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဂိုးပေါက် ပျောက်နေတဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင် ကတော့ မနေ့က ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ပွဲမှာ လူစားဝင်လာပြီးနောက် ခြေစွမ်းပြကာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဆွန်က ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တာ ဖြစ်ပြီး လှပတဲ့ ကန်သွင်းချက်တွေနဲ့ အတူ ဂိုးတွေ ရယူခဲ့တာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သလို အသင်း ကိုလည်း ဂိုးပြတ် နိုင်ပွဲ ရစေခဲ့ပါတယ်။

ဆွန် ကတော့ ၂၀၁၅ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ လူစားဝင်လာပြီးနောက် ဟက်ထရစ် ရခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပြီး လိဂ်သမိုင်းမှာလည်း ဒီလို စွမ်းဆောင်နိုင်တဲ့ ၇ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှား၊ ဟယ်ဆယ်ဘိန့်၊ အဒီဘာယော၊ အန်းရှော၊ လူကာကူနဲ့ နေးစမစ်တို့ ပြီးရင် သူက လူစားဝင်လာပြီး ဟက်ထရစ်ရတဲ့ မှတ်တမ်းကို ယူနိုင်ခဲ့တာပါ။

“ ပြီးခဲ့တဲ့ ပွဲတွေမှာ ကျနော့် ခြေစွမ်းက အသင်းဖော်တွေ၊ ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်၊ ကိုယ့်ကိုကိုယ်လည်း မကျေနပ်ခဲ့ဘူး၊ ဒါပေမယ့် သူတို့ရဲ့ အားပေးမှု အတွက် ကျနော် အံ့အားသင့်ခဲ့ရပါတယ်၊ ကျနော့်ရဲ့ အကောင်းဆုံး ပုံစံကို အသင်း အတွက် ပြသချင်ခဲ့ပါတယ်။ ကျနော် ကစားခွင့်ရတိုင်းလည်း အမြဲတမ်း ကြိုးစားပါတယ်။ ကျနော်တို့ နိုင်ပွဲ ရရှိခဲ့တဲ့ အတွက်လည်း ဝမ်းသာပါတယ်၊

အရန်ခုံ ကနေ ထလာတဲ့အချိန်မှာ အသင်းကို ကျနော် ကူညီချင်တဲ့ စိတ်ပဲ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီပွဲက ခက်ခဲ ကြမ်းတမ်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာကြောင့်ပါ” လို့ ဆွန်က ပြောဆိုခဲ့ပါတယ်။


အခုလို ဂိုးသွင်းနှုန်း အတိုင်း ဆိုရင် ရာသီကုန်မှာ လိဂ်ဂိုး ၅၇ ဂိုး အထိ ရမယ့် ဟာလန်း

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဟာလန်းက ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား ဦးဆောင်ထားပြီး လိဂ်အသစ်မှာ အသင်းသစ်နဲ့ အတူ ခြေစွမ်းပြနေတာတွေက တကယ်ကို ချီးကျူးစရာ ကောင်းနေတာတော့ အမှန်ပါပဲ။
ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့တဲ့ အာလင်း ဟာလန်း

၀ုလ်ဗာဟမ်တန်န်နဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး ရယူခဲ့ပြီးနောက် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ ဒီရာသီ လိဂ် သွင်းဂိုးက ၁၁ ဂိုး အထိ ရှိလာခဲ့ပါပြီ။ ပရီးမီးယာလိဂ် ရွှေဖိနပ်ဆု အတွက် ဟာလန်းက ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား ဦးဆောင်ထားပြီး လိဂ်အသစ်မှာ အသင်းသစ်နဲ့ အတူ ခြေစွမ်းပြနေတာတွေက တကယ်ကို ချီးကျူးစရာ ကောင်းနေတာတော့ အမှန်ပါပဲ။

အသက် ၂၂ နှစ် အရွယ် နော်ဝေသားက တပွဲတည်းသာ ဂိုးပေါက် ပျောက်ခဲ့ပြီး ကျန်ပွဲတိုင်းကို ဂိုးသွင်းထားသလို ဟက်ထရစ် ၂ ကြိမ် အထိ ရရှိထားပြီးလည်း ဖြစ်ပါတယ်။ မန်စီးတီး အတွက်တော့ သူတို့အသင်း လူစာရင်းမှာ ဟာလန်း ပါဝင်နေပြီ ဆိုရင်ကို သေချာပေါက် ဂိုးရပြီလို့ ပြောလို့ရတဲ့ အနေအထားမျိုး ဖြစ်နေပြီး ဂွါဒီယိုလာ ကတော့ သူ့အသင်း တိုက်စစ်ပိုင်း အတွက် လုံး၀ စိတ်ပူစရာမလိုတော့အောင် ဖြစ်နေပါတယ်။

ဟာလန်း အနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကို ထိန်းထားနိုင်မယ်ဆိုရင် ရာသီကုန်မှာ လိဂ်ဂိုး ၅၇ ဂိုးအထိ ရမယ်လို့လည်း တွက်ချက်နေကြပါတယ်။ ပရီးမီးယားလိဂ်မှာ တရာသီ အတွင်း ဂိုးအများဆုံးသွင်းထားသူက လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ဖြစ်ပြီး ၃၂ ဂိုးအထိ ရရှိထားခဲ့တာပါ။ ဟာလန်း ကသာ အခု တွက်ချက်ထားတဲ့ အတိုင်း လုပ်နိုင်ခဲ့မယ် ဆိုရင်တော့ စံချိန် မှတ်တမ်းသစ် တင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။


အနားမယူဘဲ အလုပ်တွေ ဆက်တိုက် လုပ်နေတဲ့ ယူနိုက်တက် နည်းပြ တန်ဟက်ချ်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဘယ်လ်ဂျီယံ
‌ဝေးလ်စ်
1X2 သရေ @ 4.30
ဂိုးပေါ် 2.75 @ 2.07
ပထမပိုင်း ဂိုးအောက် 1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ မော်လ်ဒိုဗာမှာ ယူရိုပါလိဂ်ပွဲ အဖြစ် ရှာရစ်ဖ်နဲ့ သွားကစားခဲ့တဲ့ ပွဲအပြီးမှာ အနားမယူနိုင်သေးဘဲ ဖြစ်နေပါတယ်။ ယူနိုက်တက်က ၂-၀ နဲ့အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး ဒီတပတ်မှာ အမှတ်ပေးပွဲတွေ ကစားရဖို့ မရှိတာကြောင့် ယူနိုက်တက်က အောက်တိုဘာလ ၂ ရက်နေ့မှသာ ပွဲစဉ် ဆက်လက် ကစားသွားရဖို့ ရှိနေခဲ့ပါတယ်။

ကစားသမားတွေ အားလုံးကို တန်ဟက်ဂျ်က နားရက် ပေးထားခဲ့ပေမယ့် သူကတော့ မော်လ်ဒိုဗာက ရောက်ရောက်ချင်း နာရီပိုင်း အတွင်း မှာပဲ ယူနိုက်တက် ယူ-၂၁ အသင်းရဲ့ ပွဲစဉ်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ လူငယ်ကစားသမားတွေ ခြေစွမ်းကို အကဲခတ်ခဲ့တာ ဖြစ်ပြီး အသင်းကြီး အတွက် လိုအပ်ရင် ခေါ်ယူဖို့ရာ တန်ဟက်ဂ်က ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက် ယူ-၂၁ နဲ့ ကစားခဲ့တာ ဖြစ်ပြီး တစ်ဖက် တစ်ဂိုးစီ သရေပွဲနဲ့ ပြီးဆုံးခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ လူငယ်စီမံကိန်းတွေကို ဆိုရင် မျက်ချေမပြတ် အာရုံစိုက်တတ်သူ ဖြစ်ပြီး လူငယ်တွေကို မွေးထုတ်ရာမှာ ထူးချွန်သူလို့လည်း နာမည်ကျော်သူ ဖြစ်ပါတယ်။ အေဂျက်ဇ် နည်းပြ ဘ၀မှာ လူငယ်ကစားသမားတွေကို ထင်ပေါ်လာအောင် သူက စွမ်းဆောင် ပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်