နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ညနေခင်း သတင်းများ (၂၇/၇/၂၀၂၂)

ဇူလိုင် ၂၇ ရက်နေ့ ညနေခင်းအထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တန်ဟက်ဂ်ရဲ့ ဘောလုံး အယူအဆတွေကြောင့် ယူနိုက်တက်ကို ရွေးချယ်ဖြစ်ခဲ့တဲ့ အဲရစ်ခ်ဆင်

အဲရစ်ခ်တန်ဟက်ဂ်ရဲ့ ဘောလုံး အယူအဆနဲ့ အတွေးအခေါ်ကြောင့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

နှလုံး အမောဖောက်တဲ့ ဝေဒနာ ကနေ ပြန်လည် သက်သာလာခဲ့တဲ့ အဲရစ်ခ်ဆင်ဟာ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်မှာ ၆ လ စာချုပ်နဲ့ ကစားခဲ့ပြီး အချိန်တိုတွင်း ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် အပါအဝင် ဥရောပ ထိပ်သီး ကလပ် အများစုက စိတ်ဝင်စားခဲ့ကြပေမယ့် နောက်ဆုံး မှာတော့ ဒိန်းမတ် ကွင်းလယ်လူ အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တဲ့ အဲရစ်ခ်ဆင်က “မန်နေဂျာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဘောလုံးရဲ့ သတ်မှတ်ချက် အပေါ်မှာ သူ တွေးခေါ်တဲ့ ပုံစံတွေကို နားထောင် ဖြစ်ခဲ့သလို ဆွေးနွေးလည်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အဲ့ဒါတွေက ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို လာဖို့ ဆုံးဖြတ်တဲ့ အခါမှာ အရမ်း အကျိုးရှိခဲ့ပါတယ်။ ကျွန်တော် ထင်တယ်။ မန်နေဂျာရဲ့ အတွေးအခေါ်နဲ့ သူရဲ့ စိတ်ကူးတွေက စကားပြောနေရင်းကို ကျွန်တော် မန်ချက်စတာမှာ ဘောလုံး ကစားနေသလို မြင်ယောင်ခဲ့ပါတယ်။” လို့ ပြန်လည် ပြောကြားသွားခဲ့ပါတယ်။

အဲ့နောက် “ကျွန်တော်ရဲ့ ကစားဟန်က သူ့ရဲ့ စိတ်ကူးနဲ့ အံဝင်ခွင်ကျ ဖြစ်မယ်လို့ မျှော်လင့်သလို ကောင်းမွန်တဲ့ ချိတ်ဆက်မှု ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒီလို ဘောလုံး ကစားတဲ့ ပုံစံက ကျွန်တော်နဲ့ လိုက်ဖက်လိမ့်မယ်လို့လည်း ထင်ပါတယ်” လို့ အဲရစ်ခ်ဆင် က ဆက်လက် ပြောကြားခဲ့ပါတယ်။


ပေါ့ဘာကြောင့် စပါးကို ပြောင်းဖို့ ခက်သွားတဲ့ မက်ကင်နီ

လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ၆ ဦး အထိ ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ဝက်စ်တန်း မက်ကင်နီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Daily Mail က ဖော်ပြလာပါတယ်။

လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ၆ ဦး အထိ ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ဝက်စ်တန်း မက်ကင်နီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Daily Mail က ဖော်ပြလာပါတယ်။
ဝက်စ်တန်း မက်ကင်နီကို ယူရို သန်း ၄၀ ရရင် ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် ကလည်း ယူရို သန်း ၄၀ (ပေါင် ၃၄ သန်း) ရရင် ရောင်းထုတ်သွားဖို့ ရှိပေမယ့် ပြီးခဲ့တဲ့ ရက်က ပေါလ်ပေါ့ဘာ ဒူးဒဏ်ရာ ပြန်ရသွားတာကြောင့် မက်ကင်နီကို အသင်းမှာ ဆက်ထိန်းထားဖို့ ပြန်စဉ်းနေတယ်လို့ သိရပါတယ်။ စပါး ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ဖေဘီယို ပက်ထရီစီဟာ ဂျူဗင်တပ်စ်မှာ ရှိခဲ့စဉ်က မက်ကင်နီကို ရှော်ကေး ကနေ ခေါ်ယူခဲ့သူ ဖြစ်ပြီး သူ့ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်နေတာကြောင့် မြောက်လန်ဒန် ကလပ်ဆီ အရောက် ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတဲ့ စပါး အနေနဲ့ ကူလူဆက်ဗ်စကီး၊ ဘန်တန်ကာ တို့တုန်းကလိုမျိုး မက်ကင်နီက အလွယ်တကူ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပေမယ့် အပြောင်းအရွှေ့ အထမြောက်၊ မမြောက် ဆိုတာ ကတော့ ပေါ့ဘာရဲ့ ဒဏ်ရာ အခြေအနေပေါ်မှာ မူတည်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။


ဖိုဖာနာကို စိတ်ဝင်စားနေပြန်တဲ့ ချဲလ်ဆီး

နောက်ခံလူ ရှာပုံတော်ဖွင့်နေတဲ့ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် လက်စတာစီးတီးရဲ့ နောက်ခံလူ ဝက်စ်လေ ဖိုဖာနာကို စိတ်ဝင်စားနေပြန်တယ်လို့ Sky Sports က ဖော်ပြလာပါတယ်။

အသက် ၂၁ နှစ် အရွယ် ပြင်သစ် ခံစစ် ကြယ်ပွင့် ဖိုဖာနာဟာ ပြီးခဲ့တဲ့ မတ်လ ကမှ အသင်းနဲ့ ၂ နှစ် သက်တမ်း တိုးထားခဲ့ပြီး ၂၀၂၇ ခုနှစ် အထိ လက်စတာစီးတီးမှာ ရှိနေမယ့် ကစားသမားလည်း ဖြစ်ပါတယ်။ ဖိုဖာနာ ဟာ ၂၀၂၀ ခုနှစ် ပြင်သစ် ကလပ် စိန့်အက်တီယန် ကနေ လက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက် ရာသီမှာတင် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံးနီးပါး နားနေခဲ့ရပြီး ပရီးမီးယားလိဂ် မှာလည်း ၇ ပွဲသာ ပွဲထွက် ကစားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ အပြောင်းအရွှေ့ကာလ အစောပိုင်းမှာ အန်တိုနီ ရူဒီဂါနဲ့ ခရစ္စတန်ဆန် တို့ကို လက်လွှတ်ထားရတာကြောင့် ခံစစ်မှူး ၂ ဦး ပြန်လည် ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ နာပိုလီက ကူလီဘာလီကို အရ ခေါ်ယူထားခဲ့ပေမယ့် မန်စီးတီးက နေသန် အေခီနဲ့ ဆီဗီလာက ဂျူးလ်စ် ကွန်ဒေး တို့ကိုတော့ လွဲချော်ထားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ အသင်းရဲ့ အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ဆီဇာ အက်ဇ်ပီလီ ကွယ်တာနဲ့ မားကို့စ် အလွန်ဆို တို့ကလည်း စတန်းဖို့ဒ်ဘရစ်ချ်ကို စွန်ခွာဖို့ စိတ်အားထက်သန်နေလို့ တူချယ် တစ်ယောက် အကြီးအကျယ် စိတ်ပျက် ခေါင်းကိုက်နေရတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်