နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၆/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းအထိ နောက်ဆုံးရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်ချက်စတာကို ရောက်ရှိလာပြီ ဖြစ်တဲ့ ရော်နယ်ဒို

ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့လိုက်ပါခြင်းမရှိသလို ပူးပေါင်းလေ့ကျင့်မှုလည်း မလုပ်ရသေးတဲ့ ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက် သူ့အနာဂတ်ကို ဆွေးနွေးဖို့ အတွက် မန်ချက်စတာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်မှူးဟာ နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ အနာဂတ်ကို ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ်မှူး တီမိုဗာနာဟာ ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ တီမိုဗာနာ

အသင်းက ထွက်ခွာမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်ထိ အသင်းသစ် ရှာမတွေ့သေးတဲ့ ရော်နယ်ဒိုက တန်ဟက်ဂ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ စကားပြောမှာ ဖြစ်ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမှာလား၊ မဆင်းဘူးလားဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အဓိကအားဖြင့်တော့ သူ့ရဲ့ လက်ရှိ အခြေအနေကို နည်းပြနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ပေါ်တူဂီ တိုက်စစ်မှူးကို ရောင်းချမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောဆိုထားပါတယ်။ ကစားသမား ဘက်က ထွက်ခွာချင်တယ် ဆိုရင်လည်း ခွင့်ပြုပေးဖို့ ရှိနေပေမယ့် အပြီးသတ် ရောင်းချမှာ မဟုတ်ဘဲ အငှားနဲ့သာ ထွက်ခွင့်ပေးဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။


ချယ်လ်ဆီးက ထွက်ဖို့ ကြိုးစားနေတဲ့ တီမို ဗာနာ

ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ်မှူး တီမိုဗာနာဟာ ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်မှာ ပုံမှန် ပွဲထွက်ခွင့်မရခဲ့သလို ခြေစွမ်းလည်း မပြနိုင်တဲ့ ဗာနာကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပြီး အသင်းက ထွက်ခွာသွားခဲ့တဲ့ စပိန်တိုက်စစ်မှူး မိုရာတာ နေရာမှာ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး ကတော့ လိုက်ဇစ် ကစားသမား မူကီလီကိုခေါ်ယူဖို့ ကြိုးစားနေရာမှာ ဗာနာကို ထည့်သွင်း ကမ်းလှမ်းဖို့ အားထုတ်နေပါတယ်။ လိုက်ပ်ဇစ် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဗာနာဟာ ဘွန်ဒက်လီဂါမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ချယ်လ်ဆီးက ပေါင်သန်း ၅၀ ကျော် ပေးချေကာ ခေါ်ယူခဲ့ခြင်း ဖြစ်ပေမယ့် အင်္ဂလန်မြေမှာတော့ ရုန်းကန်နေခဲ့ရပါတယ်။

ချယ်လ်ဆီး နည်းပြ တူချယ်လ် ကလည်း ဗာနာက အသင်းက ထွက်ခွာချင်နေတယ်လို့ အတည်ပြုထားပြီး သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိမယ် ဆိုရင် ရောင်းချသွားဖွယ် ရှိပါတယ်။ ချယ်လ်ဆီးဟာ လူကာကူ ကိုလည်း အင်တာမီလန်ဆီ အငှားပြန်ချထားခဲ့ပြီး ဗာနာ ကိုလည်း လက်လွှတ်ရမယ် ဆိုရင် တိုက်စစ်မှူး ရှားပါးတဲ့ ပြသနာကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


မာနေးက အသက် ၄၀ အရွယ်ထိ ကစားနိုင်တယ်လို့ ကလော့ပ်ချီးကျူး

ဘွန်ဒက်လီဂါကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ သူ့ရဲ့ တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေးက အသက် ၃၈၊ ၃၉ အရွယ်အထိ ကောင်းကောင်းကစားနိုင်တယ်လို့ လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်က ချီးကျူးလိုက်ပါတယ်။ အသက် ၃၀ အရွယ် မာနေးဟာ ဘေယန်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းသစ်မှာ ခြေစွမ်းပြနိုင်မယ်လို့ ယူဆခံထားရသူ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 အဲဗာတန် @ 4.10
ဂိုးပေါ် 2.50 @ 2.03
ဂိုးပေါင်း 0-1 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာနေးရဲ့ ခန္ဓာကိုယ် အနေအထားနဲ့ ကြံ့ခိုင်မှု အကြောင်းကို ကောင်းကောင်းသိထားတဲ့ ကလော့ပ်က “ သူ အသက်ကြီးတဲ့ အထိကို ကစားနိုင်မှာပါ၊ ၃၈၊ ၃၉ လောက်ထိ သူ ကစားနိုင်လိမ့်မယ်၊ သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ကို ရူးသွပ်ချင်စရာ ကောင်းပြီး ဘေယန်က အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးကို ရလိုက်တာပါ၊ သူ့ကို ကျနော်တို့ သတိရနေပေမယ့်လည်း အဆင်ပြေပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့မှာ အကောင်းဆုံး ဖြစ်အောင် ကျနော်တို့ လုပ်ခဲ့ပါတယ်” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

မာနေးဟာ လစ်ဗာပူးလ်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီနှစ်အတွင်းမှာ အာဖရိကဖလား၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်