နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၁/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


ဘာဖြစ်နေမှန်း မသိပေမယ့် ရော်နယ်ဒိုကို အချိန်ပေးလိုက်ကြပါလို့ ဆိုလာတဲ့ ဖာနန်ဒက်စ်

ခရစ္စတီယာနို‌ ရော်နယ်ဒို ဘာတွေးနေသလဲ ဆိုတာ မသိပေမယ့် သူ့ကို အချိန်ပေးဖို့တော့ လိုအပ်တယ်လို့ မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီ အသင်းဖော် ဘရူနို ဖာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒို ဟာ ပရီးမီးယားလိဂ် ပြန်စဖို့ သိပ်မလိုတော့ပေမယ့် အခုအချိန်ထိ တန်ဟက်ဂ်ရဲ့ အသင်းနဲ့ လေ့ကျင့်ခန်း တစ်ခါမှ မဆင်းရသေးပါဘူး။ နောက်ပြီး မိသားစုကိစ္စ အကြောင်းပြချက်နဲ့ အာရှနဲ့ ဩစတြေးလျမှာ ကစားတဲ့ ရာသီကြို ခြေစမ်းပွဲတွေ ကိုလည်း လိုက်ပါဖို့ ပျက်ကွက်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားပြီး နည်းပြ တန်ဟက်ဂ် ကိုယ်တိုင်ကလည်း ရော်နယ်ဒိုဟာ ရောင်းဖို့ မဟုတ်ဘူး ဆိုပြီး တဖွဖွ ပြောနေဆဲ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် -1.00 @ 1.99
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘရူနို ဖာနန်ဒက်စ်က “ကျွန်တော် မသိပါဘူး။ ကျွန်တော် သိတာက ခရစ္စတီယာနိုဟာ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက် ဂိုးတွေ အများကြီး သွင်းပေးခဲ့ပါတယ်။ သေချာတာက ဒီကိစ္စမှာ ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး။ ခရစ္စတီယာနို ကိုယ်တိုင် ရေးချွယ်ရမှာ ဖြစ်ပြီး ကလပ် ဘက်ကတော့ သူရွေးချယ်တဲ့ အတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဆက်လက်ပြီး ဖာနန်ဒက်စ်က “အကယ်၍ သူအသင်း ကနေ ထွက်ချင်တယ်လို့ ပြောတယ် ဆိုရင် သူ့ခေါင်းထဲမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ ကျွန်တော် မသိတော့ပါဘူး။ မေးလည်း မမေးဖြစ်ခဲ့ပါဘူး။ ရာသီကြို လေ့ကျင်းရေး အစီအစဉ်ကို သူ မလာတုန်းက သူ့ကို မေးခဲ့တာ တစ်ခုပဲ ရှိပါတယ်။ သူ့ရဲ့ မိသားစုနဲ့ အဆင်ပြေရဲ့လား ဆိုတာပေါ့။ အဲ့ကျမှ သူက ဘာတွေ ဖြစ်နေတယ် ဆိုတာ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ အဲ့ဒီလောက်ပါပဲ။” လို့ ရော်နယ်ဒိုရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ပြောပြသွားခဲ့ပါတယ်။
နောက်ဆုံး မှာတော့ ဖာနန်ဒက်စ် သူတို့ သိထားရသလောက် ရော်နယ်ဒိုမှာ မိသားစု ပြဿနာ များစွာ ရှိနေတာကြောင့် ခဏလောက် လွှတ်ထားပေးကြဖို့ ထပ်မံတောင်းဆိုသွားခဲ့ပါတယ်။


ဒီယောင်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ ဖော်ပြလာတဲ့ Sport.es

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိကြောင်း စပိန် သတင်းစာ တစ်ခုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အဓိက အကြောင်းအရင်း ကတော့ နယ်သာလန် ကြယ်ပွင့်ဟာ မန်ချက်စတာမြို့ကို သဘောမကျသလို အသင်းရဲ့ တည်ငြိမ်မှု မရှိတဲ့ လည်ပတ်ပုံကြောင့် ဖြစ်တယ်လို့ Sport.es က ဖော်ပြခဲ့တာပါ။

အဲ့ဒီ စပိန် အခြေစိုက် သတင်းပေ့ချ်ရဲ့ ဆက်လက် ဖော်ပြချက် အရ ဒီဂျောင်ဟာ အခု နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းဖို့ လုံးဝ စိတ်ကူး မရှိသလို အကယ်၍ ဘာစီလိုနာရဲ့ တွန်းအားပေးမှုကြောင့် ထွက်ခွာ ဖြစ်ခဲ့ရင်တောင် ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့လည်း အပိုင် သုံးသပ်ထားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရထားသလို ပိုင်ရှင်သစ် တော့ဒ်ဘိုလေ လက်ထက် စီမံကိန်းနဲ့ ဖွဲ့စည်းပုံကို သဘောကျနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် အနေနဲ့ ပရီးမီယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိကြောင်း စပိန် သတင်းစာ တစ်ခုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
ဘာစီလိုနာ အသင်းနဲ့ ပျော်ပျော်ရွှင် လေ့ကျင့်ခန်းဆင်းနေတဲ့ ဒီယောင်

မန်ချက်စတာယူနိုက်တက်တို့ ဖရန်ကီ ဒီယောင်ကို ပေါင် ၇၁.၅ သန်းနဲ့ ခေါ်ယူဖို့ လာလီဂါ ကလပ်နဲ့ ပြီးခဲ့တဲ့ အပတ်ထဲက သဘောတူညီမှု ရရှိထားပေမယ့် ထင်ထားသလောက် မရိုးရှင်းတဲ့ အခြေအနေတွေကြောင့် လက်ရှိ အချိန်ထိတော့ အပြောင်းအရွှေ့က အထမမြောက်သေးတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီယောင် အနေနဲ့ ဘာစီလိုနာရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ကစားနေပြီး အမေရိကန် မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ၆ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ပွဲချိန် တစ်ဝက် ဝင်ရောက် ကစားသွားခဲ့ပါတယ်။


ချဲလ်ဆီး၊ ယူနိုက်တက် တို့နဲ့ သတင်းထွက်ပြီး မာဆေးလ်ကို ပြောင်းသွားတဲ့ ကလော့စ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ချိတ်ဆက်နေခဲ့တဲ့ လန်းစ် ညာနောက်ခံလူ ဂျိုနသန် ကလော့စ် ကိုတော့ လီဂူးဝမ်း အသင်းကြီး တစ်သင်း ဖြစ်တဲ့ မာဆေးလ်က ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ညာနောက်ခံလူ အတွက် မာဆေးလ်တို့ ပေါင် ၆.၃ သန်း ပေးချေရဖို့ ရှိပြီး ၃ နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ အစောပိုင်းက ပြင်သစ် အောက်တန်းလိဂ်တွေမှာ ကျင်လည်ခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာ ဂျာမန် ကလပ် အာမီးနီးယား ဘိုင်လီဖဲကို ပြောင်း‌ရွှေ့ခဲ့ပါတယ်။ ဂျာမန် မြေမှာ တဖြည်းဖြည်း ခြေစွမ်း တိုးတက်လာတဲ့ ကလော့စ်ဟာ ၂၀၂၀ ခုနှစ် မှာတော့ လီဂူးဝမ်း ကလပ် လန်းစ် ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကလော့စ်ဟာ လန်းစ်မှာ အကောင်းဆုံး ပုံစံ ထပ် ရခဲ့ပြီး ဥရောပ ထိပ်သီး အသင်း အများစုရဲ့ စောင့်ကြည့်ခြင်း ခံခဲ့ရသလို ပြင်သစ် လက်ရွေးစင် အသင်း အတွက်လည်း ပထမဦးဆုံး အကြိမ် ပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင် ကလော့စ်ဟာ အသင်းကြီး အများစုရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် မာဆေးလ် မှာပဲ ကစားဖို့ စိတ်အား ထက်သန်ခဲ့ခဲ့တာကြောင့် တခြား ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ လန်းစ် ကလည်း သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို အတိအကျရရင်၊ ကစားသမား အတွက်လည်း ကြီးမားတဲ့ စီမံကိန်း ရှိပြီး ဥရောပမှာသာ ကစားရမယ် ဆိုရင် အချိန်မရွေး ထွက်ခွာခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်