နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၀/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။



စပါးကို ပြိုင်ဘက်တိုင်းက စိုးရိမ်ရတဲ့ အသင်းမျိုး ဖြစ်အောင် တည်ဆောက်မယ့် ကွန်တီ


ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ ကတော့ သူ့ရဲ့ အသင်းကို ပြိုင်ဘက်တိုင်းက မကြောက်ခဲ့ရင်တောင် အနိမ့်ဆုံးတော့ စိုးရိမ်ကြရတဲ့ အသင်းမျိုး ဖြစ်လာအောင် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။


ကွန်တီက “ပြိုင်ဘက် အသင်းတွေ အနေနဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရတဲ့ အခါတိုင်း မကြောက်ရွံ့နေရင်တောင် အနည်းဆုံးတော့ စိုးရိမ်နေကြဖို့က ကျွန်တော့်တို့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ အခုအချိန်မှာ အဲ့ဒီရည်မှန်းချက်ကို အတူတကွ အကောင်အထည် ဖော်ပြီး နောက်တစ်ဆင့် တက်လှမ်းမယ့် ကစားသမား အစုအဖွဲ့လည်း ကျွန်တော့်မှာ ရှိနေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။


မြောက်လန်ဒန် ကလပ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ အားရစရာ ကောင်းတဲ့ ကစားသမား‌ ခေါ်ယူမှုတွေ ပြုလုပ်ထားနိုင်သလို နည်းပြ ကွန်တီ ကိုယ်တိုင်ကလည်း စပါးကို အရင်ကနဲ့ မတူတဲ့ အသင်း တစ်သင်း အဖြစ် ပြောင်းလဲပေးနေတာ ဖြစ်ပါတယ်။ အဓိက, ကတော့ စပါး ကစားသမားတွေ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားတတ်အောင်၊ ဆုဖလား အောင်မြင်မှုတွေ ဆာလောင်တတ်အောင် ပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်။


စပါးတို့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ပါရီဆစ်၊ ဖော်စတာ၊ ရစ်ချာလီဆင်၊ ဘစ်ဆူးမားနဲ့ ဂျက်စပန့်စ် တို့ကို အပြီးသတ် ခေါ်ယူထားနိုင်ခဲ့ပြီး ဘာစီလိုနာ နောက်ခံလူ လန်းဂ်လတ် ကိုတော့ အငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် စပါးတို့ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ များနေတဲ့ မန်းဖစ် ဒီပိုင်း ကို ပေါင် ၁၇ သန်း‌နဲ့ ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယား လိဂ်
ဖူဟမ်
လီဗာပူးလ်
1X2 ဖူဟမ် @ 8.50
လီဗာပူးလ် အာရှ အကျောပေး -1.75 @ 2.12
ဂိုး‌ပေါ်် 3.25 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။


ဘရိုဟာကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ တူချယ်


ချဲလ်ဆီး နည်းပြ သောမက်စ်တူချယ် ကတော့ အဲလ်ဘေးနီးယား လူငယ်တိုက်စစ်မှူး အာမန်ဒို ဘရိုဟာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးတို့ လက်ရှိ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီးက ရာဟင်းမ် စတာလင်နဲ့ နာပိုလီက ကူလီဘာလီ တို့ကို ခေါ်ယူထားပြီး ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ ရှိနေသလို ဘရိုဟာ ကိုလည်း အသင်း မပြောင်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။


အဲလ်ဘေးနီးယန်း တိုက်စစ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီက ဆောက်သမ်တန်မှာ အငှားနဲ့ သွားကစားခဲ့ရပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်နဲ့ နယူးကာဆယ် တို့ရဲ့ စောင့်ကြည့်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။


လန်ဒန် အခြေစိုက် ကလပ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ လူကာကူကို အင်တာမီလန် အသင်းထံ အငှားချထားရသလို နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ တီမိုဗာနာ ကလည်း အသင်းနဲ့ အနာဂတ် မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။ ကိုင်ဟာဗက်ဇ် ကလည်း False 9 ထားကစားတာ ပိုအဆင်ပြေသလို ကစားသမားသစ် ရာဟင်းမ် စတာလင် ကလည်း တောင်ပံ အားသန်တဲ့ ကစားသမား ဖြစ်တာကြောင့် တူချယ် အနေနဲ့ လာမယ့် ရာသီ အထောင် တိုက်စစ်နေရာမှာ ဘရိုဟာကို မဖြစ်မနေ အသုံးပြု့ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။


ကစားသမား ကိုယ်တိုင် ကတော့ ပြီးခဲ့တဲ့ ရာသီကလို အငှားထွက် ကစားဖို့ ဆန္ဒ မရှိတော့သလို ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် မရမှာကိုလည်း စိုးရိမ်နေတယ်လို့ သိရပါတယ်။ အခုလောလောဆယ် မှာတော့ ဘရိုဟာ အနေနဲ့ လေ့ကျင့်ရေး ကွင်းမှာ ရခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် ချဲလ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်ကို လွဲချော်ခဲ့သလို တစ်လနီးပါးလောက် အနားယူရဖို့ ရှိနေပါတယ်။



စတာလင်ဟာ ဂန္တဝင် မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဇာဘလက်တာ

စတာလင် ဟာ လက်ရှိ နွေရာသီ မှာတော့ မန်စီးတီးရဲ့ အဓိက ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း တစ်သင်း ဖြစ်တဲ့ ချဲလ်ဆီးကို ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ထားခဲ့ပါတယ်။
မန်ချက်စတာစီးတီးမှာ ၇ ရာသီကြာ ကစားပြီး ပြည်တွင်းဆုဖလား အားလုံး ရရှိခဲ့ဖူးတဲ့ ရာဟင်းမ် စတာလင်


ရာဟင်းမ် စတာလင်ဟာ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပေမယ့် မန်စီးတီးရဲ့ ဂန္တဝင်တော့ မဖြစ်ခဲ့ဘူးလို့ ကစားသမားဟောင်း ပါဘလို ဇာဘလက်တာက ဝေဖန် သုံးသပ်လိုက်ပါတယ်။


ဇာဘလက်တာက “ဘောလုံးမှာ ဂန္တဝင် ဆိုတဲ့ စကားလုံးက တော်တော်လေး သုံးကြတယ်လို့ ထင်ပါတယ်။ စတာလင်ဟာ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ သူဟာ ငယ်ရွယ်တဲ့ အချိန်မှာ ရောက်လာပြီး တကယ့်ကို ထက်ထက်မြတ်မြတ်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဂန္တဝင် ဆိုတဲ့ စကားလုံးကို ဆာဂျီယို(အဂွဲရိုး)၊ (ဒါးဗစ်) ဆေးလ်ဗား၊ (ဗင်းဆင့်) ကွန်ပနီ တို့ အတွက်ပဲ သုံးနှုန်းချင်ပါတယ်။ သူတို့ဟာ မတူညီတဲ့ အဆင့် တစ်ခုမှာ ရှိနေသူတွေပါ။ ဒါကြောင့်လည်း ကွင်းအပြင်မှာ သူတို့ရဲ့ ရုပ်ထုတွေ ရှိနေတာပေါ့။” လို့ ဆိုပါတယ်။


စတာလင်ဟာ မန်ချက်စတာစီးတီး အသင်းမှာ ၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၃၃၉ ပွဲကစားပြီး ၁၃၁ ဂိုး သွင်းခဲ့ပါတယ်။ မန်စီးတီးကို ပြောင်းမှ ဆုဖလား အောင်မြင်မှု ရရှိခဲ့တဲ့ စတာလင်ဟာ ဂွာဒီယိုလာ လက်အောက်မှာ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကွန်မြူနတီဒီုင်း ၂ ကြိမ် ရရှိခဲ့ပါတယ်။ စတာလင် ဟာ လက်ရှိ နွေရာသီ မှာတော့ မန်စီးတီးရဲ့ အဓိက ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း တစ်သင်း ဖြစ်တဲ့ ချဲလ်ဆီးကို ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ထားခဲ့ပါတယ်။


ဆက်လက်ပြီး အသင်းဟောင်း မန်စီးတီး အပေါ် စတာလင်ရဲ့ ပြုမူပုံ တချို့ကိုလည်း ဇာဘလက်တာက “အသင်းကို စရောက်တဲ့ အချိန် ကနေ ထွက်ခွာသွားတဲ့ အချိန်ထိ ၁၀၀ ရာခိုင်နှုန်းပြည့် လေးစားမှု ရှိရပါမယ်။ နောက်ပြီး ကိုယ်ကစားခဲ့ဖူးတဲ့ အသင်းတိုင်းနဲ့လည်း စကား ကောင်းကောင်း ပြောဖို့ လိုအပ်တယ်။ သူ့အနေနဲ့ အဲ့လို ပုံစံမျိုး ပြုမူဖိုလည်း မျှော်လင့်ပါတယ်။” လို့ ဝေဖန်ခဲ့ပါသေးတယ်။ အဓိက, ကတော့ စတာလင် အနေနဲ့ ချဲလ်ဆီးရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် အတွင်း မန်စီးတီး ဂျာဆီပေါ်မှာ ပရိသတ်တစ်ဦးက လက်မှတ်ထိုးပေးဖို့ တောင်းဆိုတာကို ငြင်းဆန်မိခဲ့လို့ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်